Sunday, November 23, 2008

Matched filter for single impulse

သူကတော့ matched filter တွေထဲကအခြေခံလည်းကျ အသုံးလည်းအများဆုံးတစ်ခုပါ။ matched filter ရဲ့ impulse response နဲ့ frequency response တွေပေါ်မူတည်ပြီး developed လုပ်ထားခြင်းဖြင့် ယနေ့ခောတ်အသုံးများနေတဲ့ matched filter မူခွဲလေးတွေကို ရရှိပါတယ်။ ကိုအံ့မင်းညိုလည်း အခြေခံတည်ဆောက်ပုံနဲ့ matched filter အကြောင်းလေးကို တင်ပြခဲ့ပြီးပါပြီ။ အဲဒီ့လို မူခွဲလေးတွေ တည်ဆောက်တဲ့ အခါမှာ integrator တွေ ၊ summator တွေ ၊ delay circuit တွေ အစရှိသဖြင့် အမျိုးမျိုးပါဝင်ကြပါတယ်။ တစ်ခုနဲ့တစ်ခု ကတော့ ပါဝင်တဲ့ element အစိတ်အပိုင်းလေးတွေ ကွဲပြားကြပါတယ်။ များသောအားဖြင့် ကတော့ matched filter တည်ဆောက်တဲ့ နေရာမှာ stub လေးတွေပါတဲ့ delay circuit ကိုသုံးကိုသုံးရပါတယ်။
ပုံ(၁-က)မှာ stub လေးတွေပါတဲ့ delay circuit ကိုသုံးပြီး matched filter ကို တည်ဆောက်ထားပါတယ်။ stub လေးတွေက ∆t နဲ့ကိုက်ညီအောင်ပြုလုပ်ထားပါတယ်။အဲဒီ stub လေတွေမှာ transmission coefficient g1,g2,…,gn (weighting coefficient) ရှိတဲ့ amplifier (သို့မဟုတ်) divisor တွေကို ချိတ်ဆက်ထားပါတယ်။ input 1 မှာ pulse duration ∆t နဲ့ unit amplitude ရှိတဲ့ rectangular impulse ၀င်လာတယ်ဆိုကြပါစို့။ဒါဆို output မှာ step function နဲ့ ထွက်လာပါတယ်။


အကယ်၍ ∆t ဟာ သုံညကိုသာချည်းကပ်သွားမယ်ဆိုရင် step curve ဟာ ချောမွေ့လာပါ လိမ့်မယ်။ ဆိုလိုချင်တာကတော့ဗျာ… အခု ∆t လေးဟာတန်ဖိုးတစ်ခုရှိနေတဲ့အတွက် output မှာ လှေကားထစ်လေးလိုဖြစ်နေတယ်မဟုတ်လား။ ∆t သာ သုံညကိုချည်းကပ်သွားရင် အဲဒိ အထစ်လေးတွေပြေပြစ်သွားမယ်ဆိုတာကိုပြောတာပါ။ပြီးတော့ u1 (t)/∆t ဟာ delta-function ဖြစ်သွားပါတယ်။အဲဒါတွေကြောင့် u(t) ဟာ ဒီ filter ရဲ့ impulse response g(t) ဖြစ်လာပါတယ်။ သူ့ရဲ့ discrete value တွေကတော့ g1 , g2 , … ဖြစ်ကြပါတယ်။ဒီလိုမျိုး filter ကို transversal filter လို့လည်းခေါ်လေ့ရှိပါတယ်။ဒီလို filter တွေအားလုံးကို ကျွန်တော်တို့လိုချင်တဲ့ signal ၊ တစ်နည်းအားဖြင့် ဖမ်းမိတဲ့ noise ရောနေတဲ့ signal ထဲကနေ အသုံးဝင်တဲ့ signal ရဲ့ ပုံသဏ္ဍာန် ကိုပြန်ဖော်တဲ့နေရာမှာ အသုံးပါတယ်။ အဲဒီ အတွက် weighting coefficient နဲ့ delay circuit ရဲ့အ၀င် input ကိုပြောင်းပြန် ပြောင်းပေးလိုက်ရုံနဲ့ပြီးပါတယ်။ ပုံ(၁)မှာ input 1 ကိုအသုံးပြုတဲ့အချိန် (weighting coefficient gk ဟာ g1 ကနေ gn ကိုတက်သွားတဲ့အချိန်) output မှာထွက်မဲ့ signal ကိုဖော်ပြထားပါတယ်။ အကယ်၍ rectangular impulse u1(t) ပဲဝင်လာတယ်ဆိုကြပါစို့။ ဒါပေမဲ့ input 1 ကနေ input 2 ကိုပြောင်းလိုက်မယ်ဆိုရင် ပုံ (၁-ခ) မှာဖော်ပြထားသလို ပထမထွက်နေတာနဲ့ ပြောင်းပြန်ထွက်လာတာကိုတွေ့ရပါတယ်။ output မှာကျွန်တော်တို့ ရရှိထားတဲ့ signal ရဲ့ duration (To=n∆t) ဟာ delay circuit ရဲ့ duration (Td=(n-1)∆t) နဲ့အနီးစပ်ဆုံးတူနေတာကိုသတိထားမိပါလိမ့်မယ်။



ပုံ(၁) matched filter with delay circults


Saturday, November 8, 2008

အီဂျစ်ပိရမစ်တွေဟာ Antenna တွေများလား ?

“အီဂျစ်ရှေးဟောင်းပိရမစ်တွေရဲ့လျှို့ဝှက်ချက်တွေထပ်မရှိနိုင်တော့ပါဘူး”လို့ antenna system ပိုင်းနဲ့ပတ်သတ်ပြီး discover လုပ်နေတဲ့ ရုရှသိပ္ပံပညာရှင် အန်ဒရယ်ယိ ဘယ်ဘီးစ်ကီ က အခိုင်အမာအတည်ပြုပြောဆိုလိုက်ပါတယ်။
http://www.pois.ru/tayna.htm


သိပ်ကြီးကျယ်ခမ်းနားပြီး ရှေးကျလှတဲ့အီဂျစ်ပိရမစ်တွေဟာ အလွန်ဝေးလံလှတဲ့ အာကာသ ဆက်သွယ်ရေးများအတွက် ရည်ရွယ်ထားပါတယ်လို့ အန်ဒရယ်ယိဘယ်ဘီးစ်ကီ က သက်သေပြသွားပါတယ်။ ဒီအမြင် ဒီရှူထောင့်ဟာ အသစ်မဟုတ်ပါဘူး။အရင့် အရင် တွေတုန်းကလည်း ဒီလိုစဉ်းစားတွေးခေါ်သွားကြတာတွေရှိခဲ့ပေမယ့် အန်ဒရယ်ယိ ကတော့ သိပ္ပံရှူထောင့်ကနေ အောင်အောင်မြင်မြင် ရှင်းလင်းပြနိုင်ခဲ့ပါတယ်။

အဆိုကြမ်းတွေကနေယေဘူယျလက်ခံထားတဲ့အတိုင်း၊ဒါမှမဟုတ် guide တွေရဲ့ ပြောကြားချက်တွေအတိုင်း၊ ဒါမှမဟုတ်အီဂျစ်မိရိုးဖလာကြားဖူးနားဝပြောကြဆိုကြတာ လေးတွေအတိုင်း အီဂျစ်ကိုသွားရောက်လည်ပတ်ဖူးသူတွေသာမကပဲ သွားရောက် မလည်ပတ်ဖူးသူပါ ဘာကြောင့်ဒီပိရမစ်တွေကို ဆောက်လုပ်ခဲ့ကြသလဲ ဆိုတာသိပြီး ဖြစ်ပါတယ်။ အီဂျစ်ဖာရိုဘုရင်တွေရဲ့အုပ်ဂူ သင်္ချိုင်းတွေဆိုတာ ဘယ်သူ့ မေးမေးသိပါ တယ်။ ဒါပေမယ့်အတွင်း တည်ဆောက်ပုံ တွေရဲ့လျှို့ဝှက်ချက်တွေကို ဘယ်သူကများ ဘယ်လို ဘာနဲ့ ဘာကြောင့် ဆိုတာမျိုးရှင်းပြခဲ့ကြလို့လား။သမိုင်းပညာ ရှင်တွေကော အတွေးခေါ်ပညာရှင်များပါ မသိချင်ယောင်ဆောင်နေရတဲ့လျို့ဝှက်ချက်တွေ အများ ကြီးပါ။ဥပမာ-ပိရမစ်အထဲက သစ်ကိုင်းများလိုခွဲဖြာသွားတဲ့ တစ်ချို့လှိုင်ဂူတွေရဲ့အဆုံး မှာဘာကြောင့်ဘာမှမရှိဘဲ အပိတ်တွေဖြစ်ပြီး အဓိပ္ပါယ်မရှိဖြစ်နေရတာလဲ။ အခေါင်းတွေကို ဖွင့်လိုက်တဲ့အခါဘာကြောင့်ဘာမှမရှိပဲဖြစ်ဖြစ်နေရတာလဲ။အစရှိတဲ့မေးခွန်း ပေါင်းမြောက်များစွာ နဲ့ရှူပ်ထွေးနေခဲ့ရပါတယ်။ဒါကို ရုရှနိုင်ငံ Research institute ( НИИ ) ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အန်ဒရယ်ယိ ဘယ်ဘီးစ်ကီ က အဖြေရှာ ခဲ့ပါတယ်။

သူက ဒီပိရမစ်တွေကို pyramidal antenna တွေရယ်လို့ခေါ်ဝေါ်သမုတ်ပါတယ်။ သူက pyramidal antenna တွေဟာ ရှိနေရုံသက်သက်တင်မဟုတ်ပဲ ယနေ့ခောတ် ခောတ်မှီတဲ့ parabolic antenna တွေရဲ့ transmitter , receiver တွေထဲမှာရှိတဲ့ parameter တွေတော်တော်များများနဲ့ ဆင်တူနေတာကိုတွေ့ရှိခဲ့ပါတယ်။ ဒီအပြင် အီဂျစ်ပိရမစ်တွေရဲ့အတွင်းတည်ဆောက်မှူ system တွေ ပစ္စည်းတွေကို သာမန် satellite တည်ဆောက်ပုံ နဲ့နှိုင်းယှဉ်ပြခဲ့ပါတယ်။သမိုင်းပညာရှင်များနားမလည်နိုင်ဖြစ် နေတဲ့ ပိရမစ်အတွင်းမှာရှိတဲ့ အခန်းဖွဲ့စည်းပုံတွေ ၊ ရုပ်အလောင်းများထည့်သော အခေါင်းတွေ ဘုရားကျောင်းဆောင်တွေနဲ့ တခြားဈာပနနှင့်ဆိုင်တဲ့ပစ္စည်းတွေဟာ တကယ်ပဲ waveguide တွေ၊ antenna stub တွေ ၊cavity resonator တွေ ၊ filter တွေ ၊ microwave frequency အတွက်အသုံးပြုတဲ့ element တွေ ရဲ့အရွယ်အစား သဘောတရားနဲ့ကွက်တိကျနေတာကို သက်သေပြခဲ့ပါတယ်။ဒီနေရာမှာ အီဂျစ် ရှေးဟောင်းပိရမစ် တွေနဲ့ ရှိသမျှ parabolic antenna တွေဟာ principal အရဘာမျှကွာခြားချက်မရှိ တော့တာကိုတွေ့ရပါတယ်။ဒီရှေးဟောင်း ပိရမစ်တွေမှာ electric power ၊ cable ၊ wier စတာတွေမပါရှိပဲ အာကာသမှာရွေ့လျားနေတဲ့ object တွေကိုရှာဖွေနိုင်ခဲ့လိမ့်မယ် ၊ radioelement တစ်ခုမှမပါပဲ electromagnetic wave လျှပ်စစ်သံလိုက်လှိုင်းတွေကို အသံအဖြစ် ပြောင်းလဲပေးနိုင်ခဲ့လိမ့်မယ်လို့ ရုရှ သိပ္ပံပညာရှင် အန်ဒရယ်ယိဘယ်ဘီးစ်ကီက ယုံကြည်ပါတယ်။


ဒီပိရမစ်တွေ ဟာ interplanetary communication တွေရဲ့အစိတ်အပိုင်းဖြစ်တယ်လို့ သူယုံကြည် ထားပါတယ်။ တခြားဂြိုလ်တစ်ခုခုပေါ်မှာလည်း ဒီပိရမစ်တွေနဲ့ အပြန်အလှန်ဆက်သွယ်နိုင် တဲ့ ခုလိုမျိုးအစိတ်အပိုင်းတွေရှိလိမ့်မယ်။ မားစ်ဂြိုလ်ထက်မနီးတဲ့အာကာသထဲကတစ် နေရာရာနဲ့ချိတ်ဆက်လို့ရတဲ့ antenna တစ်ခုကို ထူးချွန်ထက်မြက်လှတဲ့အင်ဂျင်နီယာ တစ်ယောက်က တိတိကျကျတွက်ချက်တည်ဆောက်ထားတာမျိုးပဲတဲ့။သူကတော့ ခုလိုတွေ့ရှိချက်ကိုတိတိကျကျတွက်ချက် ထုတ်ဖော်သက်သေပြသွားပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ကျွန်တော်ဖတ်ဖြစ်တဲ့ ရုရှဆောင်းပါးလေးတစ်ခုကို စိတ်ဝင်စား စရာလေးမို့ ဖော်ပြယုံသက်သက်ပါ။ စာဖတ်သူများ လွတ်လပ်စွာသဘော ထားကွဲလွဲခွင့်ရှိပါတယ်ခင်ဗျာ။ :P

Tuesday, October 21, 2008

Simple signal နှင့် complex signal တို့အားနှိုင်းယှဉ်ခြင်း

Probing signal (သို့) detecting signal တွေကို ဘယ်လိုရွေးချယ်သလဲဆိုတာပြောပြီးမှ simple signal နဲ့ complex signal တွေကိုနှိုင်းယှဉ်ရအောင်ဗျာ။ Probing signal တွေကိုရွေးချယ်တဲ့ နေရာမှာ ပေးထားသော coordinate ဖော်ပြချက်တွေရဲ့တိကျမှူ၊ range ,speed,angle အစရှိတဲ့ coordinateတွေရဲ့resolution ၊ ရရှိတဲ့ given measurement accuracy၊ hardware ပိုင်း တည်ဆောက်ရာမှာ နည်းပညာလွယ်ကူမှူ ၊ noise-immunity၊ရရှိတဲ့ operating zone of radar၊ နှင့် generation of signal လွယ်ကူမှူတို့ကိုကြည့်ရှူရွေးချယ်ပါတယ်။Probing signal (သို့) detecting signal တွေမှာ simple signal နှင့် complex signal ရယ်လို့နှစ်မျိုးရှိပါတယ်။

Simple signal


Simple signal ဆိုတာ radio signal ပါ။ဘယ်လို radio signal လဲဆိုတော့ base (B=1)ဖြစ်တဲ့ signal မျိုးကို ခေါ်တာပါ။ B=∆fc . τ =1 ပေါ့ ။ τ ဆိုတာက pulse duration ပါ။ ∆fc ကတော့ bandwidth ဖြစ်ပါတယ်။ ဥပမာ-τ= 100 µs, ∆fc=10 kHz မှာဘေ့စ် B=1.အောက်မှာ simple signal နဲ့သူ့ရဲ့ spectrum ကိုဖော်ပြထားပါတယ်ခင်ဗျာ။

သူ့မှာအပြစ်အနာအဆာတွေ ၊ limitation တွေရှိနေပါတယ်။သူ့ရဲ့ range resolution ဟာ အရမ်းသေးငယ် ယုံတင်မကပဲ သူ့ကို pulse duration တစ်ခုတည်းနဲ့ပဲအဓိပ္ပါယ်သတ်မှတ်တယ် မဟုတ်လား။သူ့ရဲ့ range resolution ကိုကောင်းမွန်အောင်လုပ်ဖို့အတွက်ကလည်း narrow pulse တွေထုတ်ဖို့က limitation တွေရှိပြန်ရော။နောက်တစ်ချက်က operating zone of radar နဲ့အဓိပ္ပါယ်ဖော်တဲ့ mean power ဟာ pulse power ရဲ့တန်ဖိုးကိုကန့်သတ်ထားပါတယ်။



P(mean)=P(pulse)max/Q

Q - time ratio

ဒါတင်လားဆိုတော့လည်းမဟုတ်သေးပြန်ဘူး။simple signal ကိုသုံးရင် range resolution နဲ့ velocity resolution နှစ်ခုလုံးကောင်းအောင်ညှိဖို့ဆိုတာဘယ်လိုမှကိုမဖြစ်နိုင်တာ။ range resolution ကိုကောင်းအောင်လုပ်ရင် velocity resolution ကကျ ၊ velocity resolution ကိုကောင်းအောင်လုပ်ရင် range resolution ကကျဖြစ်ရော။ဒီအပြစ်အနာအဆာတွေ မပါချင် တဲ့အတွက် ၊ limitation တွေမရှိစေချင်တဲ့အတွက် complex signal ဆိုတာကိုတီထွင်အသုံးပြု လာကြတာပဲဖြစ်ပါတယ်။

Complex signal

Complex signal ဆိုတာ radio signal ပါ။ဘယ်လို radio signal လဲဆိုတော့ base (B) ဟာတစ်ထက်ကြီးတဲ့ signal မျိုးကို ခေါ်တာပါ။ B=∆fc . τ ≤1 ။ သူ့မှာတော့ pulse duration ဘယ်လောက်ပဲကြီးကြီး range resolution ဟာမြင့်မားပါတယ်။ပြီးတော့ဘာမှဆက်သွယ်ချက် မရှိတဲ့ ကောင်းမွန်တဲ့ range resolution နဲ့ velocity resolution ကိုရရှိပါတယ်။ Complex signal ထဲကကျွန်တော်ဥပမာလေးနှစ်ခုလောက်ထုတ်ပြပါမယ်။
ပထမတစ် ခုက linear frequency modulation signal ပါ။ τ= 100 µs, ∆fc=10 mHz မှာဘေ့စ် B=1000 အောက်မှာ linear frequency modulation signal နဲ့သူ့ရဲ့ spectrum ကိုဖော်ပြထားပါတယ်ခင်ဗျာ။


နောက်တစ်ခုက phase manipulation signal ပါ။သူ့ရဲ့ phase က discretely ဖြစ်ပြီး သုံည နဲ့ π ပဲဖြစ်ပါတယ်။ အောက်မှာ phase manipulation signal နဲ့သူ့ရဲ့ spectrum ကိုဖော်ပြ ထားပါတယ်ခင်ဗျာ။သူ့ရဲ့ ဘေ့စ်ကိုတော့ဒီလိုဖော်ပြပါတယ်။

B=N=τ/τ0

τ0 – sampling duration , τ – pulse duration ,N – sample အရေအတွက်

Saturday, October 11, 2008

Tactical-technical characteristics of radar(3)

ကဲ…..ဒီကနေ့တော့ကျန်နေတဲ့ အကြွေးလေးဆပ်ချင်လို့… :P ။Tactical-technical characteristics တွေဘာအတွက်လိုအပ်သလဲဆိုတာနဲ့ Tactical characteristics အကြောင်းတွေရေးခဲ့ပြီးဖြစ်လေတော့ ကျန်နေသေးတဲ့ technical characteristics ရဲ့ အကြောင်းမရေးရင် အင်တာနက်ချိတ်မထားတဲ့ computer လို ပြည့်စုံမှူနဲ့ကင်းမဲ့နေမှာ ဆိုးတာနဲ့ ဒီပို့စ်ကို ကျွန်တော်ရေးပါတယ်။ technical characteristics မှာ အရေးကြီးတဲ့ characteristics (၇) ခု (ကျွန်တော်သိသလောက် :D ) ရှိပါတယ်။
၁။ detecting လုပ်မဲ့ရေဒါအမျိုးအစား

ရေဒါအမျိုးအစား။ဘာလုပ်ချင်တာလဲဆိုတဲ့မေးခွန်းကိုဖြေပြီး ကျွန်တော်တို့ system မှာ ဘယ်လိုရေဒါအမျိုးအစားကိုသုံးမလဲဆိုတာ ရွေးချယ်ရမှာပါ။ ယေဘူယျအားဖြင့်တော့ ရေဒါအမျိုးအစားဘာသိပ်မရှိလှပါဘူး။အမျိုးအစား (၃) မျိုးပဲရှိပါတယ်။
(၁) active ရေဒါ
(၂) active with active object ရေဒါ
(၃) passive ရေဒါ

အသေးစိတ်ဖတ်ရှူလိုရင်တော့ ကျွန်တော်တင်ပြခဲ့တဲ့ ရေဒါအမျိုးအစားဆိုတဲ့ပို့စ်မှာ ဖတ်လို့ ရပါတယ်ခင်ဗျာ။
၂။ radiated signal ရဲ့အမျိုးအစား
လွှင့်ထုတ်မယ့် ၊ ဖမ်းယူမဲ့ radiated signal ရဲ့အမျိုးအစားကိုရွေးချယ်ခြင်းပဲဖြစ်ပါတယ်။ ဥပမာအားဖြင့် continuous signal ကိုသုံးမလား၊ impulse signal ကိုသုံးမလား ဆိုတာ မျိုး ပေါ့။
၃။ wavelength (λ)
အသုံးပြုမဲ့ signal ရဲ့လှိုင်းအလျားကိုရွေးချယ်ခြင်းဖြစ်ပါတယ်။ bandwith ရွေးချယ်ခြင်း လို့ပြောရင်လည်းတူတူပါပဲ။ λ=c/f ကိုး။ c ကတော့အားလုံးသိထားတဲ့အလင်းရဲ့အလျင် ပါပဲ။များသောအားဖြင့်တော့ လှိုင်းအလျားကို ၈ မီလီမီတာကနေ ၃၀ စင်တီမီတာအတွင်း မှာသုံးလေ့ရှိပါတယ်။ frequency ကိုတော့ ၁ ဂစ်ဂါဟာ့စ် ကနေ ၃၀ ဂစ်ဂါဟာ့စ် အတွင်းမှာ သုံးလေ့ရှိကြပါတယ်။

Tuesday, September 30, 2008

Tactical-technical characteristics of radar(2)

Tactical-technical characteristics of radar(1) မှာပြောခဲ့တဲ့ characteristics တွေအကြောင်းကိုဆက်မှာပါ။ Tactical characteristics အကြောင်းနဲ့အရင်စလိုက်ကြရ အောင်ဗျာ။ဒီမှာ characteristics ခုနှစ်ခုရှိပါတယ်။



၁။ operating zone of radar
ဒါကတော့လေထုထဲကဧရိယာတစ်ခုပါ။ဘယ်လိုဧရိယာလဲဆိုရင် ကျွန်တော်တို့ရေဒါက အချိန်မလပ်စောင့်ကြည့်နေသော (သို့မဟုတ်) ရေဒါကလက်လှန်းမှီသော (သို့မဟုတ်) object ကိုဖမ်းယူနိုင်သော ဧရိယာဖြစ်ပါတယ်။ ဒီဧရိယာရဲ့အဝေးဆုံးအနားစွန်းကို maximum distance (Rmax) နဲ့ပြပါတယ်။အနီးဆုံးအနားစွန်းကိုတော့minimum distance (Rmin) နဲ့ပြပါတယ်။အနီးဆုံးဘယ်လောက်ကီလိုမီတာကနေ အဝေးဆုံးဘယ်လောက် ကီလိုမီတာအတွင်းမှာဒီရေဒါကဖမ်းနိုင်တယ်ဆိုတာမျိုးပေါ့။ဒီဧရိယာကိုပြောဖို့က ဒီလောက် နဲ့တင်မလုံလောက်သေးပါဘူး။ဘာလို့လဲဆိုတော့ ကျွန်တော်တို့ကလေထု space ထဲက ဧရိယာကိုပြောမှာဆိုတော့ နောက်ထက် parameters တွေလိုပါသေးတယ်။အဲဒါတွေက တော့ azimuth (ရေပြင်ညီအတိုင်း မြောက်အရပ်မှစတင်၍ နာရီလက်တံအတိုင်း တိုင်းတာ သောထောင့် ) နဲ့ angle of elevation (အမြင့်အားဖြင့် မိမိတည်နေရာမှတိုင်းတာလို သည့်အရာဝတ္ထုသို့ ဒေါင်လိုက်တိုင်းတာသောထောင့်) ပဲဖြစ်ပါတယ်။

၂။ resolution
ဒီအပိုင်းမှာ range resolution , velocity resolution , angular resolution ဆိုပြီးသုံးပိုင်းခွဲခြားထားပါတယ်။အကယ်၍ အရာဝတ္ထုနှစ်ခုဟာ angular position တူမယ်၊ တူညီတဲ့အလျင်နဲ့ ရွေ့လျားပျံသန်းလာမယ် ဆိုရင် radar မှာနှစ်ခု အနေနဲ့မြင်ဖို့အတွက် အဲဒီ့အရာဝတ္ထုနှစ်ခု အနည်းဆုံးကွာဝေးရမယ့် အကွာအဝေးကို range resolution လို့ ခေါ်ပါတယ်။ΔR နဲ့ဖော်ပြလေ့ရှိပါတယ်။ အဲဒီ့အကွားအဝေးထက်ပို၍နီးကပ်စွာရွေ့လျား ပျံသန်းလာမယ်ဆိုရင်တော့ radar မှာနှစ်ခုအနေနဲ့မမြင်တော့ပဲ တစ်ခုထဲပဲလို့မြင်ရမှာဖြစ်ပါ တယ်။အလားတူစွာပဲ အကယ်၍ အရာဝတ္ထုနှစ်ခုဟာ angular position တူမယ်၊ တူညီတဲ့အကွာအဝေးကနေရွေ့လျားပျံသန်းလာမယ်ဆိုရင် radar မှာနှစ်ခု အနေနဲ့ register လုပ်နိုင်ဖို့အတွက် အဲဒီ့အရာဝတ္ထုနှစ်ခုရဲ့အလျင်ဟာ အနည်းဆုံးခြားနားရမယ့် တန်ဖိုးကို velocity resolution လို့ခေါ်ပါတယ်။ ΔV နဲ့ဖော်ပြလေ့ရှိပါတယ်။ အလားတူစွာ အကယ်၍သာ အရာဝတ္ထုနှစ်ခုဟာအကွားအဝေးတူမယ်၊ တူညီတဲ့အလျင်နဲ့ ရွေ့လျား ပျံသန်းလာမယ် ဆိုရင် radar မှာနှစ်ခု အနေနဲ့ register လုပ်နိုင်ဖို့အတွက် အဲဒီ့အရာဝတ္ထု နှစ်ခုရဲ့ angular position ဟာအနည်းဆုံးခြားနားရမယ့် တန်ဖိုးကို angular resolution လို့ခေါ်ပါတယ်။

Saturday, September 27, 2008

Tactical-technical characteristics of radar(1)

ရေဒါ station တစ်ခုကို ကိုယ်တိုင်ဒီဇိုင်းဆွဲ၊ကိုယ်တိုင်တွက်ချက် တည်ဆောက်တော့မယ် ဆိုရင်ပဲဖြစ်ဖြစ်၊ သူများနိုင်ငံက၀ယ်တော့ မယ်ဆိုရင်ပဲဖြစ်ဖြစ် အရင်ဦးဆုံးသိဖို့လိုတာ ကတော့ Tactical-technical characteristics of radar ပဲဖြစ်ပါတယ်။ဘာလို့လဲဆိုရင် ရေဒါတစ်ခုရဲ့အရည်အချင်း စွမ်းပကားကိုသိချင်ရင်Tactical နဲ့ technical characteristics တွေကိုကြည့်ရလိုပါပဲ။ ဒီရေဒါက ဘယ်အပိုင်းအခြားအကွာဝေး(ဇုံ)အထိဖမ်းယူနိုင်တာလဲ၊ ဘယ်လောက်အလျင်မျိုးနဲ့လာတဲ့ အရာဝတ္တုမျိုးအထိဖမ်းနိုင်မလဲ အစရှိတာတွေကို အခု ကျွန်တော်ပြောမဲ့ characteristics တွေကဖော်ပြမှာဖြစ်ပါတယ်။ဒီမှာမှ Tactical character –istics နဲ့ technical characteristics ဆိုပြီးနှစ်မျိုးဖြစ်နေပါတယ်။အဲဒါကိုကျွန်တော်အရင် ရှင်းပါမယ်။ အဲဒါလေးကဘာမှမဟုတ်ပေမယ့် ဒီမှာအရေးကြီးတဲ့အပိုင်းဖြစ်နေလို့ပါ။ ကျွန်တော်တို့ကို ရေဒါ station တစ်ခုရဲ့ဒီဇိုင်းဆွဲဖို့တာဝန်ပေးပြီဆိုကြပါစို့။တာဝန်ပေးမယ့် သူက engineer ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ဖြစ်ခဲ့ရင်လည်းသူပေးမယ့် အချက်အလက်တွေက တွက်ချက်မှူအပိုင်းမှာထည့်တွက်ရမယ့် data တွေကိုပေးမှာမဟုတ်ပါဘူး။ တာဝန်ပေး မယ့်သူက ဘယ်လိုရေဒါမျိုးတည်ဆောက်ရမယ်ဆိုတာကိုသိမှာမဟုတ်ပါဘူး။အဲဒီတော့ သူဘာလုပ် ချင်တယ်ဆိုတာပဲပြောမှာပါ။
နားလည်လွယ်အောင် ကျွန်တော်ဥပမာလေးနဲ့ပြောပါမယ်။ computer တစ်လုံးဝယ်မယ် ဆိုကြပါစို့။ ၀ယ်မယ့်သူက computer အကြောင်းနားမလည်ဘူးဆိုရင် သူကိုကျွန်တော်တို့ မေးဖို့လိုတာက ကွန်ပြူတာကိုသူဘာအတွက်အသုံးချမလဲဆိုတာမဟုတ်ဘူးလား။ အဲဒီ ရည်ရွယ်ချက်တော့သူမှာရှိကိုရှိမယ်လေ။သူအနေနဲ့ဒါကိုပြောလည်းပြောတတ်ပါလိမ့်မယ်။ ဆိုပါစို့ရဲ့။သူက vedio editing လုပ်ချင်တယ်လို့ပြောရင် ကျွန်တော်တို့က graphic card ကောင်းကောင်းလေးနဲ့ဆင်ပေးရပါလိမ့်မယ်။ data တွေခပ်များများသိုလှောင်အသုံးပြု ချင်တယ်ဆိုရင်တော gigabyte များတဲ့ hard disk လေးသုံးပေးရမယ်မဟုတ်လားဗျာ။

Sunday, September 14, 2008

Doppler- Effect

ကျွန်တော်တို့ radar technology မှာ Doppler- Effect ကို ပြသနာနှစ်ခုနဲ့ ပတ်သတ်တဲ့နေရာ တွေမှာသုံးပါတယ်။ အဲဒါတွေကတော့ အလျင် speed ကို တိုင်း တာခြင်း နဲ့ ရွေ့လျားနေတဲ့ပစ်မှတ်တည်နေရာကို ညွှန်ပြခြင်းတွေပဲ ဖြစ်ပါတယ်။Doppler- Effect ဆိုတာကတော့ sound source က နားထောင်သူနဲ့တဖြည်းဖြည်း ဝေးသွားတဲ့ အချိန်မှာပဲဖြစ်ဖြစ် နီးလာတဲ အချိန်မှာပဲဖြစ်ဖြစ်(ဒါမှမဟုတ်) နားထောင်သူ က sound source နဲ့ တဖြည်းဖြည်းဝေး သွားတဲ့အချိန်မှာပဲဖြစ်ဖြစ်နီးလာတဲ့အချိန် မှာပဲဖြစ်ဖြစ် frequency ထဲမှာသိသိသာသာပြောင်းလဲသွားတဲ့ အပြောင်း အလဲ ကိုခေါ်ပါတယ်။ဒီနိယာမသဘောတရားကိုရှာဖွေတွေ့ရှိခဲ့တာကတော့ဂျာမနီသိပ္ပံပညာ ရှင် Christian Doppler ဖြစ်ပါတယ်။ကဲ…အပေါ်မှာ ပြောခဲ့တဲ့ပြောင်းအလဲဆိုတာလေးကို နည်းနည်းပိုတိကျအောင်ပြောကြရအောင်။ဒါမှလည်း Doppler-Effect ဆိုတာကိုသေသေ ချာချာ နားလည်မှာပါ။ ဆိုကြပါစို့ရဲ့…..ကျွန်တော်တို့ခုဥပမာအနေနဲ့လေ့လာမဲ့ အသံလှိုင်း တစ်ခုရဲ့ frequency နဲ့ wavelength ဟာကိန်းသေတွေဖြစ်နေကြတယ်ဆိုကြပါစို့။အကယ်၍ ကျွန်တော် တို့ရဲ့ အသံလှိုင်းကိုထုတ်မဲ့ source ကလည်းရွေ့လျားမနေဘူး ၊ဖမ်းမဲ့ receiver ကလည်း ရွေ့လျားမနေဘူးဆိုရင် receiver ကဖမ်းမိမယ့် frequency ဟာလည်းပြောင်းလဲမှူ ရှိမှာမဟုတ်ပါဘူး။ဘာကြောင့်လည်းဆိုရင် အသံ source ကနေထုတ်လိုက်တဲ့အတိုင်း တစ်မိနစ် မှာလှိုင်းအရေအတွက်ဘယ်လောက်ဆို ဘယ်လောက် receiver ကကွက်တိပြန် ဖမ်းမိလို့ပါ။ကဲလာပြီ…စရွေ့ကြမယ်….။အကယ်၍ အသံ source ကပဲဖြစ်ဖြစ် receiver ကပဲ ဖြစ်ဖြစ် အခြားတစ်ခု ရှိရာကိုရွေ့လျားလာမယ်ဆိုရင် receiver ကခုန နှစ်ခုလုံးရွေ့လျားမနေ တုန်းကမိတဲ့ frequency ထက်ပိုများတဲ့ frequency ကိုမိမှာပါ။ရှင်းပါတယ်။အသံနဲ့နီးရာကိုပဲ ကျွန်တော်တို့ကသွားသွား အသံကပဲကျွန်တော်တို့နဲ့နီးရာကို ပဲလာလာ ကြားနေရတဲ့အသံ ပိုကျယ်လာမယ်မဟုတ်လား။ဒီသဘောပါပဲ။ပြောင်းပြန်အားဖြင့်ဝေးတဲ့ဘက်ကို တစ်ခုခုက သွား မယ်ဆိုရင် receiver ကခုန နှစ်ခုလုံးရွေ့လျားမနေ တုန်းကမိတဲ့ frequency ထက်နည်းတဲ့ frequency ကိုမိမှာပါ။ဒါလည်းရှင်းပါတယ်။အသံနဲ့ဝေးရာကို ကျွန်တော်တို့ကသွားသွား အသံကပဲကျွန်တော်တို့နဲ့ဝေးရာကိုသွားသွား ကြားနေရတဲ့အသံ တိုးသွားမယ်မဟုတ်လား။

Tuesday, September 9, 2008

Two dimensional discrete signal

Two dimensional discrete signal ဆိုတာ ကိန်းပြည့်စုံတွဲတွေကို order အလိုက်စီစဉ်ပြီး ပေါင်းထားတဲ့ function ပဲဖြစ်ပါတယ်။equation ကိုကြည့်လိုက်ပါ။ရှင်းသွားပါလိမ့်မယ်။
X={ x(n1,n2), -∞< n1 , n2 <∞ }
Sequence မှာပါတဲ့ element တစ်ခုချင်းစီကို counter လို့ခေါ်ပါတယ်။ဒီလိုဆိုရင် x(n1,n2) ဆိုတာဟာ (n1,n2) ဆိုတဲ့ အမှတ်မှာရှိတဲ့ counter x လို့ပြောခြင်းပဲဖြစ်ပါတယ်။counter တွေ ရဲ့တန်ဖိုးက real ကိန်းဖြစ်နိုင်သလို complex ကိန်းတွေလည်းဖြစ်နိုင်ပါတယ်။ တကယ်လို့ n1 နဲ့ n2 ဟာကိန်းရှင်တွေဖြစ်မယ်ဆိုရင်x(n1,n2) ဆိုတဲ့ဖော်ပြချက်ဟာကိန်းစဉ်တန်းတစ်ခုလုံးရဲ့ သင်္ကေတအဖြစ်ကြည့်ရှူရပါတယ်။ဒီလိုသင်္ကေတဟာဆီလျော်ညီညွတ်ခြင်းမရှိပေမယ့်လည်း နည်းပညာဆိုင်ရာစာပေတွေမှာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုကြပါတယ်။

Multidimensional signal

Multidimensional signal တွေကိုကိန်းရှင်ဖြစ်နေတဲ့ function M နဲ့ဖော်ပြလေ့ ရှိပါတယ်။အဲဒီ့ မှာ M ရဲ့တန်ဖိုးဟာနှစ်နဲ့ညီရင်ညီ ၊ မညီရင်နှစ်ထက်ကြီးရပါမယ်။ဒီလို signal တွေက ဘယ်လိုsignalမျိုးတွေလည်းလို့မေးစရာရှိလာပါတယ်။ ဒီလို signal တွေကတော့ continuous signal လည်း ဖြစ်နိုင်သလို discrete လည်းဖြစ်နိုင်ပါတယ်။ဒီ့အပြင် mixed signal တွေလည်းဖြစ်နိုင်ပါသေး တယ်။Continuous signal တွေကိုပြောင်းလဲနေသော function အဖြစ် ဖော်ပြလေ့ရှိပါတယ်။ ဥပမာ - ပုံရိပ်ပြင်းအား I(x,y) ဟာ two dimensional continuous signal ဖြစ်ပါတယ်။ ဒီ signal ကိုပဲ discrete အနေနဲ့ပြောင်းလဲဖော်ပြမယ်ဆိုရင် များပြားလှစွာသောအမှတ်တွေနဲ့ သတ်မှတ်မှာဖြစ်ပါတယ်။ လာပါပြီဗျာ…mixed signal တဲ့။သူကကျွန်တော်တို့ ခုပြောနေတဲ့ multidimensional signal မျိုးပါပဲ။သူကိုကျတော့ continuous signal တွေရဲ့ တချို့ properties တွေနဲ့ရော discrete တွေရဲ့တချို့ properties တွေနဲ့ပါဖော်ပြပါတယ်။

Sunday, September 7, 2008

Physical basic of radar


Radio wave တွေရဲ့ scattering ဟာ Physical basic of radar မှာ အခြေခံကြတဲ့ concept ဖြစ်ပါတယ်။ ကျွန်တော်တို့ ပစ်မှတ်တစ်ခုကိုဖမ်းယူတဲ့အခါ အဲဒီပစ်မှတ်နဲ့ ပတ်ဝန်းကျင်အလွှာတစ်ခုခု (ဥပမာ - လေထု၊ ရေထု အစရှိသဖြင့်) တို့ရဲ့ electric permeability, magnetic permeability နဲ့ electroconductivity မတူညီမှုကြောင့် ပစ်မှတ်ကိုထိရိုက်တဲ့အခါ Radio wave တွေရဲ့ scattering ဟာလည်း အမျိုးမျိုးကွဲပြားခြားနားနေပါတယ်။ scatter intensity (သို့မဟုတ်) reflected intensity ဟာ အောက်ပါအချက်အလက်များပေါ်မူတည်နေပါတယ်။
-         ပစ်မှတ်နှင့် ပတ်ဝန်းကျင်အလွှာတို့၏ electrical characteristic ကွဲပြားမှုပမာဏ
-         ပစ်မှတ်၏ ပုံသဏ္ဍာန်
-         ပစ်မှတ်၏အရွယ်အစားနှင့် လှိုင်းအလျားတို့၏ အချိုး
-         Radio wave ၏ polarization ။
Receiving antenna ၊ receiving device တို့၏ အကူအညီနှင့် scattering ရဲ့ အစိတ်အပိုင်း တစ်ချို့ကို ဖမ်းယူပြီး ပစ်မှတ်ရှိမရှိကို ဆုံးဖြတ်နိုင်ပါတယ်။ ဤနည်းအားဖြင့် အရိုးရှင်းဆုံးရေဒါတွေဟာ transmitter ၊ transmitting antenna ၊ receiving antenna ၊ receiver နှင့် output device တို့ဖြင့်တည်းဆောက်ထားပါတယ်။ transmitter မှ radio signal ကို ထုတ်လုပ်ပေးပြီး ၄င်းကို transmitting antenna မှ လွှင့်ထုတ်ပါတယ်။ ပစ်မှတ်နှင့်ထိမှန်ပြီး ပြန်လာသော scattering ရဲ့ အစိတ်အပိုင်းတစ်ချို့ကို receiving antenna မှဖမ်းယူပြီး receiver တွင် signal ရဲ့ပါဝါကို မြှင့်တင်ပြီး transform ပြန်လုပ်ပါတယ်။ ထို့နောက် output device မှ ပစ်မှတ်ရှိမရှိကို ဆုံးဖြတ်ပါတယ် ပုံ(၁)။


 ပုံ (၁) operating principle of simple radar

ယေဘူယျအားဖြင့် ဖမ်းမိတဲ့ signal ရဲ့ amplitude (သို့မဟုတ် power) ဟာ နည်းနေပြီး signal ကိုယ်တိုင်မှာလည်း random character ရှိနေတတ်ပါတယ်။ signal ရဲ့ ပါဝါနည်းနေရခြင်းကတော့ မိမိဖမ်းလိုသည့်ပစ်မှတ်ဟာ ဝေးကွာလွန်းခြင်း၊ propagation ဖြစ်နေသောအချိန်တွင် signal ရဲ့ energy ကို ကျဆင်းခြင်းတို့ကြောင့်ပဲဖြစ်ပါတယ်။ အဲဒါတင်မကပဲ ပစ်မှတ်ရဲ့ အရွယ်အစားကလည်း reflected intensity ကိုလွှမ်းမိုးနေပါသေးတယ်။ ရှုပ်ထွေးသောပုံသဏ္ဍာန်ရှိတဲ့ ပစ်မှတ်ရဲ့ ကျပန်းရွေ့လျားမှု ၊ multipath propagation ၊ signal ရဲ့ amplitude ကို တိကျစွာတိုင်းတာနိုင်မှု မရှိခြင်း အစရှိတဲ့အချက်တွေကြောင့်လည်း reflected signal ဟာ fluctuations ဖြစ်နေလေ့ရှိပါတယ်။ ဒါကြောင့် နောက်ဆုံးဖမ်းမိတဲ့အချိန်မှာ signal ရဲ့ intensity တွေ၊ ပြောင်းလဲမှု ပုံသဏ္ဍာန်တွေဟာ disturbance တွေ၊ noise တွေနဲ့ တူနေပါတယ်။ ဒါကြောင့် ရေဒါတစ်လုံးရဲ့ ပထမဆုံးနဲ့ အခြေခံအကျဆုံးအလုပ်က ပစ်မှတ်ရှိမရှိရှာဖွေခြင်း ပဲဖြစ်ပါတယ်။ ဒီအလုပ်ကို entrance realization လို့ခေါ်ပါတယ်။ ဒီ statistic problem ကို detector ကနေ အကောင်းဆုံး algorithm ကိုအသုံးပြုပြီး ဖြေရှင်းပါတယ်။ detector processor အရည်အသွေးဟာ correct detection ရဲ့ဖြစ်နိုင်ခြေ (D) နဲ့ false-alarm probability (F) တို့နဲ့သက်ဆိုင်နေပါတယ်။ D ဆိုတာကတော့ ပစ်မှတ်ရှိတဲ့အချိန် detector ကနေ ပစ်မှတ်ရှိတယ်လို့အမှန်ပြတဲ့ ဖြစ်နိုင်ခြေဖြစ်ပါတယ်။ F ဆိုတာကတော့ ပစ်မှတ်ရှိတဲ့အချိန် detector ကနေ ပစ်မှတ်မရှိဘူးလို့မှားပြတဲ့ ဖြစ်နိုင်ခြေဖြစ်ပါတယ်။ အဲတော့ရှင်းပါတယ်။ D များလေလေ ၊ F နည်းလေလေ detector ကကောင်းလေလေပဲဖြစ်ပါတယ်။

Saturday, September 6, 2008

Elementary concepts of radar

Elementary concepts


ရေဒါဆိုတာ ပစ္စည်းတစ်ခုကိုရှာဖွေတဲ့ (detection) ၊ တည်နေရာညွှန်ပြနိုင်တဲ့ (location) အီလက်ထရောနစ် စနစ်တစ်ခုရဲ့ နာမည်တစ်ခုပဲဖြစ်ပါတယ်။ ရေဒါဘာသာစကားအနေနဲ့ ရေဒါနဲ့ဖမ်းမယ့် ပစ္စည်းကို ပစ်မှတ်လို့ခေါ်ဝေါ်သုံးစွဲပါတယ်။ ရေဒါ (radar) ဆိုတဲ့စာလုံးကတော့ radio detection and ranging ကနေ အတိုကောက်ယူသုံးထားတာဖြစ်ပါတယ်။ ရေဒါသမိုင်းအစပိုင်းမှာ ကမ္ဘာအနှံ့အပြား အမျိုးမျိုးခေါ်ဝေါ်သုံးစွဲခဲ့ကြပါတယ်။ ခုချိန်မှာတော့ အားလုံးက ရေဒါဆိုတဲ့စာလုံးကို ဘုံလက်ခံသုံးစွဲနေကြပြီဖြစ်ပါတယ်။ ရေဒါပညာရပ်ဟာ လျပ်စစ်သံလိုက်လှိုင်း (Electromagnetic waves) နဲ့ အများကြီး ဆက်စပ်နေပါတယ်။ ရေဒါသမိုင်းရဲ့ စဦးကာလက ရေဒါတွေအားလုံးဟာ ရေဒီယိုလှိုင်း (radiowaves) တွေကိုအသုံးပြုခဲ့ကြပါတယ်။ ဒါမယ့် ဒီကနေ့ဒီအချိန်တွေမှာတော့ တစ်ချို့သော ရေဒါတွေဟာ optical waves တွေကိုအသုံးပြု နေကြတာတွေရှိပါတယ်။ အဲလိုရေဒါမျိုးကို ladar လို့ခေါ်ပါတယ်။ ၁၈၆၅ ခုနှစ်မှာပေါ်ထွက်လာတဲ့ Maxwell ရဲ့ electromagnetic wave propagation theory နဲ့ အဲဒီသီအိုရီကို သက်သေပြတဲ့ ၁၈၈၆ ခုနှစ်မှာ ပေါ်ထွက်လာတဲ့ Hertz ရဲ့ experimental work ဟာရေဒါရဲ့ အစောဆုံးရေသောက်မြစ် ဖြစ်ပါတယ်။ အဲဒီ experimental work က radio waves တွေဟာ ပစ္စည်းတစ်ခုခုကိုရိုက်ပြီး ပြန်လာနိုင်တယ်ဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။ ဒီအချက်ဟာ ရေဒါရဲ့ အဓိကအလုပ်ဖြစ်တဲ့ ပစ္စည်းတစ်ခုခု (ပစ်မှတ်) ရှိမရှိဆိုတာကိုဖော်ထုတ်နိုင်ဖို့အတွက် အခြေခံဖြစ်လာ ခဲ့ပါတယ်။
၁၉၀၃ နဲ့ ၁၉၂၅ ခုနှစ်တွေအတွင်းမှာ ပစ်မှတ်ရှိမရှိရှာဖွေတာအပြင် ပစ်မှတ်ရဲ့ တည်နေရာကိုပါ တိုင်းတာနိုင်တဲ့ ရေဒါအမျိုးမျိုးပေါ်ထွက်လာခဲ့ပါတယ်။ ၁၉၂၅ ခုနှစ်မှာ Briet နဲ့ Tuve တို့က ပစ်မှတ်တည်နေရာ အကွာအဝေးတိုင်းတာဖို့ စတင် တီထွင်အသုံးပြုခဲ့တဲ့ pulse – wave methods ကို ယခုခေတ်သစ်ရေဒါဒီဇိုင်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေကြပါတယ်။ ရေဒါပညာရပ်ဟာ ဒုတိယကမ္ဘာစစ်ကာလမှာ သိသိသာသာ တိုးတက်လာခဲ့ပါတယ်။ အဲဒီ့အချိန်ကတည်းက ရေဒါပညာရပ်ရဲ့ဖြစ်ပေါ်တိုးတက်မှုတွေဟာ ဒီကနေ့ဒီအချိန်ထိ အရှိန်အဟုန်နဲ့ တိုးတက်နေဆဲ ဖြစ်ပါတယ်။ ရေဒါပညာရပ်မှာ ရှာဖွေတွေ့ရှိ တီထွင်ခဲ့တာတွေများစွာ ရှိနေပေ မယ့်လည်း ရှေ့ကိုဆက်လက်ရွှေ့လျား ပြိုင်ဆိုင်လေ့လာနေရဆဲ ပညာရပ်တစ်ခုဖြစ်ပါတယ်။

ရေဒါဆိုတာဘာလဲ

echoရေဒါဆိုတာဘာလဲ လို့ အကြမ်းဖျဉ်း ကျွန်တော်ကိုမေးလာရင် ကျွန်တော်လွယ်လွယ်လေး ရှင်းပြနိုင်ပါတယ်။ တကယ်လည်းရေဒါရဲ့ အခြေခံသဘောတရားက မခက်လှပါဘူး။ ဥပမာ-ကျွန်တော်တို့ရေတွင်း တစ်တွင်းနားကပ် အောက်ကိုငုံ့ကြည့်ပြီး အသံခပ်ကျယ်ကျယ်လေး အော်လိုက်တယ် ဆိုကြ ပါစို့ရဲ့။ ကျွန်တော်တို့ အော်လိုက်တဲ့အသံဟာ အောက်ကိုတောက်လျှောက်ဆင်းသွားမယ်ဆို တာ ငြင်းစရာမရှိပါဘူး။ အဲဒီ့နောက် အသံဟာရေတွင်းအောက်ခြေမှာရှိတဲ့ ရေမျက်နှာပြင်နဲ့ ရိုက်ပြီး ကျွန်တော်တို့ဆီပြန်လာပါလိမ့်မယ်။ဒါကြောင့်လည်း echoes သံကို ကျွန်တော်တို့ ပြန်ကြားရကြအုံးမယ်မဟုတ်လား။တကယ်လို့သာ ကျွန်တော်တို့က echoes ပြန်လာတဲ့အသံ ကိုဘယ်အချိန်မှာပြန်ကြားရလည်းဆိုတဲ့ time taken ကိုတိုင်းမှတ်ထားမယ်၊အသံရဲ့ အလျင် speed ကိုလည်းသိမယ်ဆိုရင် ရေတွင်းရဲ့အနက်ကိုတွက်ထုတ်လို့မရဘူးလားဗျာ။ ရေဒါရဲ့ အခြေခံသဘောတရားဟာလည်းဒါပါပဲ။ရှင်းရှင်းလေးပါ။ station ရဲ့ antenna ကနေ signal တစ်ခုကိုလွှင့်ထုတ်လိုက်ပါမယ်။အဲဒီ့ signal ဟာ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်အရာ ၀တ္တုကိုတိုက်ပြီး ပြန်လာပါမယ်။ဒီ reflected signal ကိုပြန်ဖမ်းပြီး ဘယ်အကွာအဝေးမှာ ရှိတယ်၊ (လှုပ်ရှားနေရင်လည်း) ဘယ်အရပ်ဒေသကိုဦးတည်ပြီးလာနေတယ်၊ဘယ်လောက် အလျင်နဲ့လာနေတယ် အစရှိတာမျိုးတွေကိုတွက်ထုတ်တာပါပဲ။ ဒါကတော့လုံးဝရိုးရှင်းတဲ့ ရေဒါရဲ့အခြေခံသဘောတရားလေးပါပဲ။ နည်းပညာပိုင်းအားဖြင့်အသေးစိတ် သိရှိလေ့လာလိုတယ်ဆိုရင်တော့ အခြားပို့စ်များကိုပါ ဖတ်မှသာ ခြုံငုံသိရှိနိုင်မှာဖြစ်ပါတယ်။


Saturday, August 30, 2008

Electromagnetic field ၏ ကြားခံနယ်အပေါ်လွှမ်းမိုးမှူ



Radar signal တွေရဲ့ parameters တွေဟာ အဲဒီ့ station ကဖမ်းမဲ့ ရည်မှန်းချက် object ရဲ့ behavior ပေါ်မှာမူတည်ပါတယ်။radar signal တွေထုတ်ဖို့အတွက် အလွန်ရှူပ်ထွေးတဲ့ အဆင့်တွေကိုဖြတ်ကျော်ရတာကြောင့် signal ရဲ့ parameters တွေမသတ်မှတ်မှီ အခြေခံကျ တဲ့ factors တွေကိုအရင်လျာထားရပါတယ်။အနည်းဆုံးတော့ မျက်နှာပြင်ပုံစံအမျိုးမျိုးအတွက် ရိုးရှင်းတဲ့ reflection model တွေအတွက် parameters တွေကို တွက်ထုတ်ထားရပါတယ်။ အဲဒီထဲမှာ electromagnetic field အတွက် parameters တွေလည်းပါတာပေါ့။အဲဒီ parameter တွေနဲ့ ပတ်ဝန်းကျင်ဒြပ်ထုကြားက ဆက်နွယ်မှူတွေကတော့ အားလုံးသိကြတဲ့ Maxwell equations တွေပါပဲ။ တကယ်လို့သာ ကြားခံပတ်ဝန်းကျင်ဒြပ်ထုရဲ့ parameters တွေဟာ ကိန်းသေဖြစ်နေရင်(သို့)လားရာကိုမူတည်နေခြင်းမရှိရင်ဒီ Maxwell equations တွေထဲမှာ parameters သုံးခုပါဝင်လာပါတယ်။အဲဒါတွေကတော့ efficient conductivity g, dielectric permeability ε နဲ့ magnetic permeability μ တို့ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ လေ့လာရမဲ့ရည်မှန်းချက် object တွေကများသောအားဖြင့် nonmagnetic object တွေဖြစ် ပါတယ်။ပြီးတော့သူ့တို့ကို characterized လုပ်ကြည့်ရင် g နဲ့ ε ကိုပဲတွေ့ရပါတယ်။ဘာလို့လဲ ဆိုတော့ ε နဲ့ μ တို့ရဲ့ ပမာဏဟာ independent space မှာ ကိန်းဂဏန်းအားဖြင့်တူညီနေလို့ ပါ။ကြားခံပစ္စည်း (သို့) ပတ်ဝန်းကျင်ပေါ်လိုက်ပြီး အဲဒီ parameters တွေပြောင်းလဲမှူကို အောက်မှာကျွန်တော် ဇယားနဲ့ပြထားပါတယ်။


Friday, August 29, 2008

ရေဒါအမျိုးအစား

ရေဒါအမျိုးအစား (၃) မျိုးရှိပါတယ်။
(၁) active ရေဒါ
(၂) active with active object ရေဒါ
(၃) passive ရေဒါ

(၁) active ရေဒါ

ဒီလို radar station မျိုးက radio signal source မဟုတ်တဲ့ object တွေကို ခန့်မှန်း ရှာဖွေပါတယ်။ transmitter ရဲ့ antenna ကနေ စူးစမ်းရှာဖွေမဲ့ signal ထုတ်ပေး ပါတယ်။ မိမိတို့ရဲ့ ရည်မှန်းချက် object ကို ထိပြီး ပြန်လာတဲ့ signal ကို receiver ကဖမ်းပြီး output device ဆီကိုပို့တယ်။ output device က မိမိရှာဖွေတဲ့ ပစ္စည်း object က ဘာလဲ၊ ဘယ် အခြေအနေ မှာရှိလဲဆိုတဲ့ပြသနာတွေကို ဖြေရှင်း ပေးတယ်။

(၂) active with active object ရေဒါ

သူကတော့ active radar ထက်နည်းနည်းပိုထူးပါတယ်။ radar station ကနေ လွှင့်ထုတ်လိုက်တဲ့ signal ကို object ကဖမ်းနိုင်ယုံတင်မက object ကိုယ်တိုင်က radar station ဆီကို signal ပြန်လွှင့်နိုင်ပါတယ်။ ဒီလို object ကိုယ်တိုင် လွှင့်နိုင်ဖမ်းနိုင်နေလို့ ဒီ object ကို active object လို့ အမည်ပေးထားပါတယ်။

(၃) passive ရေဒါ

သူ့အလုပ်ကတော့ ဖမ်းဖို့တစ်ခုတည်းပါပဲ။ ဒါကြောင့် သူ့မှာ reciver တစ်ခုပဲ ရှိပါတယ်။ transmitter တောင်မရှိပါဘူး။ သူကဘယ်လိုပစ္စည်းမျိုးတွေကို ဖမ်းသလဲဆိုရင် radio transmitter ပါတဲ့ object တွေ နဲ့ radio transmitter မပါတဲ့ object တွေ ပဲဖြစ်ပါတယ်။ radio transmitter မပါတဲ့ object တွေကိုတော့ ပတ်ဝန်းကျင် ပစ္စည်းတွေရဲ့ အပူချိန် မြင့်တက်နေတာကို ကြည့်ပြီးဖမ်းပါတယ်။

Tuesday, August 26, 2008

Relief ကိုလေ့လာခြင်း

စံသတ်မှတ်ထားတဲ့ radar station က ဘူမိဗေဒဆိုင်ရာအရာဝတ္တုတွေ၊ relief တွေကို ခွဲခြားပေးတဲ့ဆုံးဖြတ်ချက်တွေကိုပေးနိုင်တယ်။ ဘူမိဗေဒဆိုင်ရာအရာဝတ္တုတွေဆိုတာ က မြေဆီလွှာတွေ၊ဆီးနှင်းတွေ၊တစ်ချို့ညက်ညောတဲ့ အရာဝတ္တုအစုအပုံ တွေရဲ့ အောက်မှာ ဖြစ်နေနိုင်တယ်။ဒါကြောင့်အဓိကအရေးကြီးတာက ရေဒီယိုလှိုင်းရဲ့ ဖောက်ထွင်းနိုင်တဲ့ အရည်အချင်း ပဲဖြစ်ပါတယ်။ အဆောက်အဦးတွေ၊လယ်ကွင်းတွေ၊ မညီညာတဲ့သဘာဝ မြေပြင်ပုံစံတွေက relief ရဲ့အဓိက charateristic တွေကို သိဖို့နှောင့်ယှက်ခြင်းမရှိပါဘူး။ပြတ်ရွေ့ကြောင်းကို ရှာဖွေတဲ့နေရာမှာတော့ ရေဒါပုံရိပ် တွေကရိုးရိုးဓါတ်ပုံတွေထက် အများကြီးသာပါတယ်။ရိုးရိုးဓါတ်ပုံတွေမှာ ရေဒါပုံရိပ်တွေ ထက် သာတဲ့အချက်မရှိပါဘူး။ ယဉ်စွန်းတန်းဒေသတွေတို့၊ တိမ်ဖုံးသောဒေသတွေတို့ အစရှိတဲ့ရောက်ရန်ခက်ခဲတဲ့ ဇုန်တွေရဲ့ ဘူမိဗေဒဆိုင်ရာ လေ့လာမှူအပိုင်း တွေမှာ တော့ radar station တွေက အရမ်းအရေးကြီးတဲ့ အစိတ် အပိုင်းတစ်ခု ပါပဲ။ရေဒါနည်းလမ်းနဲ့ ဘူမိဗေဒဆိုင်ရာ လေ့လာမှူကို အပိုင်း(၃)ပိုင်း ခွဲခြား ထားပါတယ်။



geomorphology

မြေမျက်နှာသွင်ပြင်လေ့လာသောဘာသာရပ်ဖြစ်ပါတယ်။


ဒီဘာသာရပ်အကြောင်းမပြောခင် relief အကြောင်းကိုနည်းနည်းလောက် သိထားဖို့ လိုအပ်ပါတယ်။ relief ဆိုတာဘာလဲ။ မညီညာတဲ့ ကုန်းမြေ ပုံသဏ္ဍာန်တွေ၊ ပင်လယ်၊သမုဒ္ဒရာရေအောက်ကြမ်းပြင်ပုံသဏ္ဍာန်တွေ၊ ကုန်း မြေရဲ့ အမျိုးမျိုးသော ကွန်တိုကွာခြားချက်၊ အရွယ်အစား ၊ အကြောင်းအရင်း မူလအစ၊ သက်တမ်းနဲ့ သမိုင်းတွေ အစရှိတဲ့ အစုအဝေးကြီးကို relief လို့ ခေါ်ပါတယ်။


ကုန်းမြေတွေရဲ့ relief တွေ ၊ ပင်လယ်၊သမုဒ္ဒရာတွေအောက်မှာရှိတဲ့ relief တွေကို လေ့လာတဲ့ဘာသာ ရပ် ပဲဖြစ်ပါတယ်။ ဒီဘာသာ ရပ်မှာ relief တွေရဲ့ အပြင်ပိုင်း characteristic ၊ မူရင်းနေရာ ၊ သက်တမ်း ၊ ဖွံ့ဖြိုးမှူ မှတ်တမ်း ၊ ရွေ့လျားမှူ အကြောင်းအရင်း နဲ့ ရွေ့လျားမှူ နည်းလမ်းတွေကိုလေ့လာပါတယ်။ Geomorphology ၌ အောက်ပါအတိုင်း(၃)ပိုင်းခွဲခြားလေ့လာပါတယ်။



(၁) relief ရဲ့ယေဘူယျ ဖွဲ့စည်းပုံကိုလေ့လာခြင်း (general)
(၂) relief အမျိုးအစားများအားလေ့လာခဲ့သူ တစ်ဦးတစ်ယောက်၏အဆိုကို ကိုးကား ခြင်း(private)
(၃) မြေမျက်နှာပြင်အား ဒေသအလိုက် relief အား တစ်ပိုင်းချင်း လေ့လာ ခြင်း(reginal)

Geomorphology ရဲ့အဓိကအစိတ်အပိုင်း ကတော့ palegeomorphology (အတိတ် တစ်ချိန်ကဖြစ်ခဲ့တဲ့ relief တွေအကြောင်းလေ့လာတဲ့ဘာသာရပ်) ပဲဖြစ်ပါတယ်။


Surface of the Earth