Saturday, October 11, 2008

Tactical-technical characteristics of radar(3)

ကဲ…..ဒီကနေ့တော့ကျန်နေတဲ့ အကြွေးလေးဆပ်ချင်လို့… :P ။Tactical-technical characteristics တွေဘာအတွက်လိုအပ်သလဲဆိုတာနဲ့ Tactical characteristics အကြောင်းတွေရေးခဲ့ပြီးဖြစ်လေတော့ ကျန်နေသေးတဲ့ technical characteristics ရဲ့ အကြောင်းမရေးရင် အင်တာနက်ချိတ်မထားတဲ့ computer လို ပြည့်စုံမှူနဲ့ကင်းမဲ့နေမှာ ဆိုးတာနဲ့ ဒီပို့စ်ကို ကျွန်တော်ရေးပါတယ်။ technical characteristics မှာ အရေးကြီးတဲ့ characteristics (၇) ခု (ကျွန်တော်သိသလောက် :D ) ရှိပါတယ်။
၁။ detecting လုပ်မဲ့ရေဒါအမျိုးအစား

ရေဒါအမျိုးအစား။ဘာလုပ်ချင်တာလဲဆိုတဲ့မေးခွန်းကိုဖြေပြီး ကျွန်တော်တို့ system မှာ ဘယ်လိုရေဒါအမျိုးအစားကိုသုံးမလဲဆိုတာ ရွေးချယ်ရမှာပါ။ ယေဘူယျအားဖြင့်တော့ ရေဒါအမျိုးအစားဘာသိပ်မရှိလှပါဘူး။အမျိုးအစား (၃) မျိုးပဲရှိပါတယ်။
(၁) active ရေဒါ
(၂) active with active object ရေဒါ
(၃) passive ရေဒါ

အသေးစိတ်ဖတ်ရှူလိုရင်တော့ ကျွန်တော်တင်ပြခဲ့တဲ့ ရေဒါအမျိုးအစားဆိုတဲ့ပို့စ်မှာ ဖတ်လို့ ရပါတယ်ခင်ဗျာ။
၂။ radiated signal ရဲ့အမျိုးအစား
လွှင့်ထုတ်မယ့် ၊ ဖမ်းယူမဲ့ radiated signal ရဲ့အမျိုးအစားကိုရွေးချယ်ခြင်းပဲဖြစ်ပါတယ်။ ဥပမာအားဖြင့် continuous signal ကိုသုံးမလား၊ impulse signal ကိုသုံးမလား ဆိုတာ မျိုး ပေါ့။
၃။ wavelength (λ)
အသုံးပြုမဲ့ signal ရဲ့လှိုင်းအလျားကိုရွေးချယ်ခြင်းဖြစ်ပါတယ်။ bandwith ရွေးချယ်ခြင်း လို့ပြောရင်လည်းတူတူပါပဲ။ λ=c/f ကိုး။ c ကတော့အားလုံးသိထားတဲ့အလင်းရဲ့အလျင် ပါပဲ။များသောအားဖြင့်တော့ လှိုင်းအလျားကို ၈ မီလီမီတာကနေ ၃၀ စင်တီမီတာအတွင်း မှာသုံးလေ့ရှိပါတယ်။ frequency ကိုတော့ ၁ ဂစ်ဂါဟာ့စ် ကနေ ၃၀ ဂစ်ဂါဟာ့စ် အတွင်းမှာ သုံးလေ့ရှိကြပါတယ်။


၎။ transmitter ရဲ့ power
သူကလည်း အဓိကကျတဲ့ factor ဖြစ်ပါတယ်။ coefficient တွေသုံးလေးငါးခုနဲ့တွက်ထုတ် ရပါတယ်။ coefficient တွေကိုပါရှင်းပြရမှာဖြစ်တဲ့အပြင် ကျွန်တော်ကိုယ်တိုင် သူတို့ကိုလေ့ လာနေတုန်းဖြစ်တဲ့အတွက် အသေးစိတ်ရှင်းမပြနိုင်တာကိုနားလည်ပေးစေလိုပါတယ်။
၅။ modulation အမျိုးအစားနဲ့သူ၏ parameters များ
System မှာသုံးမဲ့ modulation အမျိုးအစားပါပဲ။ကိုအံ့မင်းညိုရဲ့ modulation ဆိုတဲ့ပို့စ်မှာ အသေးစိတ်ဖတ်ရှူနိုင်ပါတယ်။parameters တွေကတော့ pulse duration , spectrum width ∆fc , typematic period အစရှိသည်များပဲဖြစ်ပါတယ်။
၆။ Antenna ရဲ့ parameter များနှင့်သူ၏ characteristics များ

Tactical characteristics မှာတော့ azimuth α နဲ့ angle of elevation β တို့အကြောင်း ကိုပြောခဲ့ပါတယ်။ဒီမှာတော့ ကျွန်တော်တို့သိဖို့လိုတာက antenna radiation pattern ရဲ့ azimuth အရအကျယ်ရယ်၊ angle of elevation အရအကျယ်ရယ်ပဲဖြစ်ပါတယ်။azimuth အရအကျယ်ကို ∆α=λ/dα နဲ့တွက်ထုတ်ပြီး angle of elevation အရအကျယ်ကိုတော့ ∆β=λ/dβ ဆိုတဲ့ဖော်မြူလာနဲ့တွက်ထုတ်ယူနိုင်ပါတယ်။ dα ဆိုတာကတော့ antenna ရဲ့ အလျားဖြစ်ပြီး dβ ကတော့ antenna ရဲ့ အနံပါ။ဒီနှစ်ခုကိုမြှောက်ခြင်းအားဖြင့် geometrical area of antenna Sgeo ကိုရရှိပါတယ်။




၇။ noise-immunity
ဘယ်လို receiver မှာပဲဖြစ်ဖြစ် ၊ဘယ်လောက်ထိ noise ကင်းဆင်တဲ့ အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် white noise လို့ခေါ်တဲ့ niose တစ်မျိုးကတော့ရှိစမြဲပဲဖြစ်ပါတယ်။အဲဒီ့အပြင် သဘာဝအတားအဆီးတွေဖြစ်တဲ့ မိုး၊နှင်း၊လှိုင်း၊သစ်ပင်၊တောင်၊အဆောင်အဦးများ အစ ရှိတဲ့ noise တွေလည်း ရှိတတ်ပါတယ်။ဒီနေရာမှာသူတို့ကိုဘယ်လို filtration လုပ်မလဲ ဆိုတာကိုစဉ်းစားရပါတယ်။

ခုမှပဲအကြွေးကျေတယ်ဆိုပြီးစိတ်ချမ်းသာတော့တယ် :D

No comments:

Post a Comment