Radar Technology for Myanmar & Me

ကျွန်တော်ဟာ ဒီဘာသာရပ်ကို ပိုင်နိုင်ကျွမ်းကျင်လွန်းလို့ ခုလိုရေးနေဆွေးနွေးနေတာ မဟုတ်ပါဘူးလို့ ဦးစွာ ၀န်ခံပါရစေ။ ဒီဘလော့ဟာ ကျွန်တော်သင်နေရတဲ့ပညာကို ကျွန်တော့်မွေးရပ်မြေအတွက် တစ်နည်းတစ်ဖုံ အကျိုးပြုစေခြင်းမျှသာဖြစ်ပါတယ်။

" Radar Technology for Myanmar " ဆိုတာ ..

၁။ ကျွန်တော်သိသလောက်မသိသေးတဲ့သူတွေအတွက် ကျွန်တော်ရဲ့ ပညာဒါနပါ။

၂။ ကျွန်တော်သိထားတာလေးတွေမှာ အမှားပါခဲ့ရင် သိတဲ့သူတွေ ထောက်ပြတဲ့အခါ ကိုယ့်အမှားကိုသိရမယ်ဆိုတဲ့ မျှော်လင့်ချက်လေးပါ။

၃။ ကျွန်တော့်ကိုဒီမှာ မေးမြန်းဆွေးနွေးကြတဲ့အခါ အတွေ့အကြုံဗဟုသုတရလိုတဲ့ ဆန္ဒလေးနဲ့ပါ။

၎။ နည်းပညာအားနည်းနေတဲ့ကျွန်တော်တို့မွေးရပ်မြေအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့် အဖြစ်နဲ့ပါ။

၅။ သံသရာခရီးရှည်ကြီးအတွက် ပညာပါရမီ ဖြည့်တဲ့သဘောလေးပါ။


ငါတတ် ငါတော် ၊ ငါအကျော်ဟု
ငါသော် စိတ်ထား ၊ မရှိငြားလည်း
ငါကား ငယ်ရွယ် ၊ ဥာဏ်မကြွယ်၍
အဘယ်သို့လျှင် ၊ အမှားစင်အံ့
အကြင်သူတော် ၊ ပညာကျော်သည်
ချွတ်ချော်လွဲမှား ၊ ငါ့စကားကို
စိတ်ထားဖွေးဖြူ ၊ ပြင်တော်မူ။
(ရှင်အဂ္ဂဥာဏ)


ဆက်သွယ်လိုပါလျှင်

mmradar@gmail.com

လာရောက်လည်ပတ်ဖတ်ရှူလေ့လာကြသူအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

(အကြံပြုလိုတာများရှိခဲ့ရင်ဒီမှာကောမန့်ပေးခဲ့ကြပါခင်ဗျာ)
..................................................................................လေးစားစွာဖြင့်

No comments:

Post a Comment