Thursday, June 11, 2009

A radar with moving target system against the background of passive jamming (2)


ပုံ(၁) blog diagram of a radar with moving target system


ဆက်ကြရအောင်ဗျာ။ Mixer 3 ကနေထွက်လာတဲ့ reference signal ကို phase detector 1 နဲ့ 2 ထဲကိုထည့်ပါတယ်။ တစ်လိုင်းကိုတိုက်ရိုက်ထည့်ပေမယ့် တစ်လိုင်း ကိုတော့ phase inverter နဲ့ phase ၉၀ ဒီဂရီချိန်းပြီးမှထည့်လိုက်ပါတယ်။ အဲဒီတော့ တစ်လိုင်းက sin( ω o - ω local oscillator ) တစ်လိုင်းက cos( ω o - ω local oscillator ) ပေါ့။ phase detector ရဲ့အဓိကအလုပ်ကတော့ phase ခြားနားချက်ကိုရှာပေးတာပါ။ signal နှစ်ခုသူ့ထဲကိုထည့် လိုက်တယ်။ အဲဒီ့ signal နှစ်ခုရဲ့ phase ခြားနားချက်ရှိတဲ့ resultant signal ကိုထုတ်ပေးတာပါ။ phase detector အထွက်ဘယ်လို ထွက်တယ်ဆိုတာကို အောက်ကပုံမှာ vector diagram နဲ့ကော time domain မှာကော ပြထားပါတယ်။



ပုံ(၂) output signal from phase detector



where...

Vr - resultant vector , Vre - vector of reference signal , Vc - vector of usefull signal , Vd - out put signal from phase detector ။                                            Phase dector ကိုဘာလို့သုံးသလဲဆိုတော့ ကျွန်တော်တို့ system က moving target system မဟုတ်လား။ ကျွန်တော်တို့ရဲ့ target ဟာရွေ့နေမှာလေ။ ဒီလိုဆိုသေချာပေါက် Doppler effect ပါလာပြီပေါ့။ ဒါပေမယ့် passive jamming ကတော့ ရွေ့လျားနေတာ မဟုတ်တဲ့အတွက် သူတို့ကိုထိပြီးပြန်လာတဲ့ reflected signal မှာ Doppler effect ပါမလာပါဘူး။



ပုံ(၃) functional diagram of rejector filter


Rejector filter ရဲ့ functional diagram ကို ပုံ(၃) မှာပြထားပါတယ်။ သူရဲ့အလုပ်ကတော့ ၀င်လာတဲ့ signal ကို period တစ်ခုရွှေ့ပြီး ရွှေ့မထားတဲ့ signal ထဲကနှုတ်ပေးပါတယ်။ ပုံ(၆)မှာ b(t) နဲ့ f(t) ဟာ phase detector နှစ်ခုကထွက်လာတဲ့ signal တွေကို period တစ်ခုရွှေ့ထားတဲ့အနေအထားပါ။ အဲလိုနှုတ်လိုက်တဲ့အခါ jamming တွေကို ရိုက်ပြီးပြန်လာတဲ့ signal ဟာ အားလုံးနီးပါးတစ်ခုကနေတစ်ခု နှုတ်ပြီး ကျေသွားပါတယ်။ ပုံ(၄) မှာကြည့်ပါခင်ဗျာ။



ပုံ(၄) output signal of rejector filter , reflected from the passive jamming



rejector filter ကဒီ system မှာအဓိကအကျဆုံးလို့ပြောလို့ရပါတယ်။ သူ့ရဲ့ transfer function နဲ့ jamming ရဲ့ spectrum နဲ့ ကိုတွဲကြည့်လိုက်ပါ။ ဘယ်လိုဖြတ်ထုတ် လိုက်သလဲဆိုတာ ရှင်းသွားပါ လိမ့်မယ်။


ပုံ(၅) transfer function of rejector filter and spectrum diagram of jamming


နောက်ပိုင်းကတော့ သိပ်ခက်ခက်ခဲခဲမရှိ တော့ပါဘူး။ ခါတိုင်းတွက်ထုတ်နေကြ ပုံစံအတိုင်းပါပဲ။ rejector filter ကထွက်လာတဲ့ signal ကို နှစ်ထပ်တင် ၊ channel နှစ်ခုမို့ ပြန်ပေါင်း ၊ square root ရှာ ၊ ထွက်လာတဲ့ signal ရဲ့ အင်နာဂျီကို integrator ကနေ အင်တီဂရိတ်လုပ်ပြီး သတ်မှတ်ထားတဲ့ threshold နဲ့ဖြတ် ။ ဒီလိုဖြတ်ကြည့်လို့ threshold ထက်ကျော်ရင် target ရှိတယ် ၊ မကျော်ရင် target မရှိဘူးပေါ့။ ဒါပါပဲ။ ပုံ(၆) မှာ သူ့ အမှတ်နဲ့သူထွက်လာမဲ့ signal တွေကိုဆွဲပြထားပါတယ်။ ဒီ moving target system against the background of passive jamming နဲ့ပတ်သတ်ပြီး calculation တွေ estimation အပိုင်းတွေလေ့လာလိုရင် ကျွန်တော့် ဂျီမေးလ်ကနေတဆင့် တောင်းယူနိုင်ပါတယ် ။ အဆင်ပြေပြေလေ့လာနိုင်ကြပါစေခင်ဗျာ…




ပုံ(၆) အမှတ်တစ်ခုချင်းဆီတွင်ထွက်သော signal ပုံစံများ