Monday, March 2, 2009

Signal processing algorithm against the passive jamming

passive jamming ရှိနေတဲ့ အခြေအနေမှာပဲဆက်စဉ်းစားကြမယ်နော်။ signal ရဲ့ parameter တွေ အားလုံးသိတယ်ဆိုပါစို့။ အဲဒီအခြေအနေမှာ optimal processing ကတော့ whitening filter နဲ့ matched filter ကို circuit မှာ series ချိတ်ပြီးထားတာပါပဲ။ ဒါဆို ဘာကြောင့်အဲလိုလုပ်ထားတာက optimal processing ဖြစ်ရသလဲဆိုတာသိဖို့လိုလာပြီပေါ့။ passive jamming တွေရဲ့ spectrum ကို ရှေ့ပို့စ်မှာ ကျွန်တော်ဆွဲပြထားပါတယ်။ Passive jamming ရဲ့ fluctuation spectrum ဟာ Gaussian curve ဖြစ်ပါတယ်။ white noise လို flat spectrum မဟုတ်ပါဘူး။ ကျွန်တော်တို့ရေဒါစနစ်တွေ အားလုံးမှာ white noise ကအမြဲရှိတာမို့ ရှိသမျှ detection စနစ်တွေကို white noise ကိုဆန့်ကျင်အောင် ဒီဇိုင်းဆွဲ ထားပါတယ်။ ဒီတော့ ကျွန်တော်တို့ရဲ့ passive jamming ရဲ့ sepctrum မှာသာ white noise မှာလို flat spectrum ရှိမယ်ဆိုခဲ့ရင် ဇာတ်လမ်းကအဲမှာတင်ပြတ်ပြီမဟုတ်လား။ အဲတော့ ကျွန်တော်တို့ passive jamming ရဲ့ sepctrum ကို flat spectrum ဖြစ်အောင်လုပ်ဖို့ လိုလာပါတယ်။ ရှင်းအောင်ပြောရရင် passive jamming ကို white noise ဖြစ်အောင်လုပ်တဲ့ သဘောပေါ့။ အဲလိုလုပ်ဖို့ whitening filter နဲ့ matched filter ကို circuit မှာ series ချိတ်ရတာပါပဲ။ ဒါပေမယ့် တကယ်တမ်း circuit တည်ဆောက်တဲ့အခါကျတော့ technology အခက်အခဲကြောင့် တည်ဆောက်ရတာအလွန်ခဲယဉ်းနေပါတယ်။ ကျွန်တော်တို့လိုအပ်တဲ့ frequency မှာဒီ filter တွေလုပ်ဖို့ဆိုတာအရမ်းခက်ခဲပါတယ်။ ဒါကြောင့် လက်တွေ့မှာ ဒီ optimal processing circult ကိုအသုံးမပြုပဲ quasi-optimal circuit ကိုပဲအသုံးပြုကြရပါတယ်။
quasi-optimal circuit ကိုဘယ်လိုတည်ဆောက် ထားလည်းဆိုတာ ကျွန်တော်ဆက်ပြောပါမယ်။ whitening filter ကို တည်ဆောက်ရာမှာ အကုန်အကျ အရမ်းများမှာဖြစ်တဲ့အတွက် အဲဒီ့ filter နေရာမှာ လိုအပ်တဲ့ frequency charicteristic ရှိတဲ့ rejector filter ကိုအသုံးပြုပါတယ်။ block schematic diagram of quasi-optimal detector ကို ပုံ (၁) မှာဖော်ပြထားပါတယ်။

ပုံ (၁) block diagram of quasi-optimal detector with coherent accumulative filter


ပုံ (၁) block diagram of quasi-optimal detector with coherent accumulative filter