Sunday, May 24, 2009

A radar with moving target system against the background of passive jamming (1)


ပုံ(၁) blog diagram of a radar with moving target system


ကျွန်တော်တို့ passive jamming တွေရဲ့နှောင့်ယှက်မှုကိုပယ်ဖျက်နိုင်တဲ့ ရေဒါစနစ် တစ်ခုကိုအသေးစိတ်လေး လေ့လာကြည့်ရကြရအောင်။ transmitter ပိုင်းကတော့ ခါတိုင်းလိုပါပဲ။ သိပ်ထွေထွေထူးထူးမရှိပါဘူး။ အားလုံး သိထားကြတဲ့အတိုင်း master oscillator ဟာ radio frequency oscillation အတွက် အဓိက source ပါပဲ ။ ဒါကြောင့် master oscillator ကနေ ကိုယ်လိုအပ်တဲ့ stability ဖြစ်တဲ့ frequency ကို လိုအပ်တဲ့ range အတွင်းထုတ်ပေးပါလိမ့်မယ်။ synchronized လုပ်ချင်တဲ့ frequency ကိုရအောင် divisor ကနေလျော့ချ၊ Synchronizer ထဲကိုထည့်ပြီး စနစ်တစ်ခုလုံးကို synchronized လုပ်ထားပါတယ်။ master oscillator ကနေထုတ်ပေးလိုက်တဲ့ frequency ဟာ ကျွန်တော်တို့လိုအပ်တဲ့ RF မဟုတ်သေးဘူး ၊ အရမ်းနည်းနေသေးတယ် ဆိုရင် Multiplier အသုံးပြုပြီးကိုယ်လိုအပ်တဲ့ frequency ထိရောက်အောင် မြှင့်တင်ပေးပါတယ်။ ဥပမာ - ကျွန်တော်တို့ oscillator ကနေ 200 MHz လောက်ထုတ်ပေးတယ်ဆိုပါဆို့။ ကျွန်တော်တို့ လွှင့်မယ့် RF က 10 GHz လောက်ရှိတယ်ဆိုရင် အဆငါးဆယ်လောက်တင်လို့ရမယ့် Multiplier အသုံးပြုရမှာ ဖြစ်ပါတယ်။ ကိုယ်လိုအပ်တဲ့ frequency ရအောင်လုပ်တဲ့ နည်းလမ်းတွေအများကြီး ရှိပါတယ်။ mixer သုံးပြီး filter နဲ့ပြန်ဖြတ်ယူတာမျိုးလည်းရှိပါ တယ်။ ကိုယ်အသုံးပြုမယ့် frequency ရပြီးတဲ့နောက် modulation လုပ်ပါတယ်။ ထွက်လာတဲ့ modulated signal ရဲ့ ပါဝါကို power amplifier နဲ့တင်ပေးပြီး လွှင့်ထုတ်လိုက်ပါတယ်။ ဒါဆိုရင် transmitter အပိုင်းကိုအကြမ်းဖျဉ်း အနေနဲ့ ပြီးပြီလို့ ပြောလို့ရပါတယ်။


ဒီမှာကျွန်တော်တို့ အန်တန်နာ တစ်ခုပဲအသုံးပြုထားပါတယ်။ ဒီလိုဆိုရင် သေချာပေါက် antenna switch (antenna changer) ကိုအသုံးပြုရပါမယ်။ အန်တန်နာကို နှစ်ခုအသုံးပြုချင်ရင်လည်းဖြစ်ပါတယ်။ ဒါပေမယ့် အီကိုနော်မီအရ ဖြစ်နိုင်မယ်ဆိုရင် အန်တန်နာတစ်ခုပဲတပ်ဆင်ပြီး antenna switch ရဲ့အကူအညီနဲ့ transmitter တစ်လှည့် receiver တစ်လှည့် အသုံးပြုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်လို့ပြောရတာက တစ်ချို့ system မှာ အန်တန်နာနှစ်ခုကို သုံးမှကိုဖြစ်တာမျိုးလည်းရှိတတ်ပါတယ်။


Mixer 1 ကဘာလုပ်သလဲ။ ကျွန်တော်တို့ receiver ထဲမှာ radio frequency လောက်ကြီး မြင့်တဲ့ frequency နဲ့အလုပ် မလုပ်နိုင်ပါဘူး။ Mixer 1 က ကျွန်တော်တို့အလုပ်လုပ်မယ့် intermediate frequency ကိုလျော့ချပေးပါတယ်။ ဘယ်လိုလျော့သလဲဆိုရင် လွယ်လွယ် လေးပါ။ တကယ်က frequency Mixer ဆိုတာက multiplier တစ်ခုပါပဲ။ သူ့အလုပ်က frequency နှစ်ခုကိုမြှောက်မှာပါ။ ပြီးရင် အဲဒီနှစ်ခုရဲ့နှုတ်လဒ် ဒါမှမဟုတ် ပေါင်းလဒ်ကို filter နဲ့ဆစ်ထုတ်ပါတယ်။ အကြမ်းဖျဉ်းပေါ့နော်။ မြှောက်တယ်လည်းပြောသေးတယ် နှုတ်လဒ်တွေ ပေါင်းလဒ်တွေပြောနေတယ်ဖြစ်နေမလားမသိဘူး။ reference signal ကို phase တူတာပေးတာမို့ အဲဒါလေးတွေ ထွက်လာပါတယ်။ trigo အရပါ။ equation လေးကြည့်လိုက်ရင်ရှင်းသွားမှာပါ။ ၀ီကီပီးဒီးယား မှာရှင်းရှင်းလင်းလင်း ရေးထားပါတယ်။ http://en.wikipedia.org/wiki/Frequency_mixer ဒီလင့်လေးမှာဖတ်ကြည့်လိုက်ပါ။ ကျွန်တော်တို့အခု အခြေအနေမှာ ၀င်လာတဲ့ frequency က အမြင့်ကြီး။ လျော့ချရမယ်။ 10 GHz ၀င်လာတယ်ဆိုပါစို့ရဲ့။ ကျွန်တော်တို့က 500 MHz လောက်ထိလျော့ချမယ်ဆိုတော့ နှုတ်ပစ်ရမယ်။ 10 GHz ထဲက reference signal ကိုနှုတ်ရင် 500 MHz ရအောင်နှုတ်မယ်ဆိုတော့ reference signal ရဲ့ frequency က 9.5 GHz ရှိကိုရှိရမယ်။ အဲတော့ ကျွန်တော်တို့ Local oscillator ကနေ 9.5 GHz ရှိတဲ့ reference signal ကို Mixer 1 ထဲထည့်ပြီး ရတဲ့ frequency နှုတ်လဒ်ကို filter နဲ့ဆစ်ထုတ်လိုက်ရင်ရပြီပေါ့။ အဲဒီအလုပ်လုပ်မဲ့ frequency ကို intermediate frequency လို့ခေါ်ပါတယ်။ ဟုတ်ပါပြီ။ Mixer 1 ကတော့ဟုတ်ပါပြီ။ Mixer 2 နဲ့ 3 ကဘာလုပ်သလဲဆိုတာကို ဆက်လိုက်ကြရအောင်။ ကျွန်တော်တို့ transmitter ကနေထုတ်လိုက်တဲ့ signal ကသိပြီးသားဖြစ်လို့ (ကိုယ်လွှင့်ထုတ်လိုက်တာပဲ ၊ကိုယ်သိတာပေါ့ :) ) အဲဒါကို reference signal အနေနဲ့အသုံးပြုပါမယ်။ ဘယ်အကျိုးအတွက် ဘယ်လိုသုံးတယ်ဆိုတာ နောက်ပိုင်းဆက်ဖတ်ရင်း နားလည်လာပါလိမ့်မယ်။ အဲဒီ reference signal ရဖို့အတွက် transmitter ကထုတ်တဲ့ center frequency ကို Mixer 2 ထဲထည့်ပါတယ်။ Local oscillator ကနေလည်း IF frequency ရဖို့အတွက်နှုတ်ရမဲ့ frequency ကိုထည့်ပါတယ်။ ဒါဆိုခုဏလိုပဲ အလုပ်လုပ်မဲ့ intermediate frequency ရပြီပေါ့နော်။ ကွာခြားတာက ခုဏကောင်က reflection ဖြစ်ပြီးပြန်လာတဲ့ usefull signal ၊ ခုကောင်က အဲဒီ usefull signal ကနေ target ပါမပါ သိရအောင် operation လုပ်တဲ့အခါ သုံးမယ့် reference signal ပါ။ အဲတော့ usefull signal မှာ noise တွေပါလာမယ် ၊ doppler effect တွေပါလာမယ် ၊ target ရှိမရှိပါလာမယ်။ reference signal မှာတော့ဘာမှမပါဘူး။ လွှင့်ထုတ်လိုက်တဲ့ မူရင်းပုံစံမျိုးပဲရှိမယ်။ ဒါဆိုရင် Mixer 2 ကိုသဘောပေါက်လောက်ပါပြီ။ passive jamming လေးတွေကျလာတဲ့အခါ လေတိုက်နှုန်းကြောင့် အရွေ့ရှိပါမယ်။ အဲလိုရွေ့လို့ doppler effect သက်ရောက်ပါတယ်။ Mixer 3 ကတော့ အဲလိုဖြစ်ခြင်းကြောင့် usefull signal မှာပြောင်းလဲသွားမဲ့ frequency အတိုင်း reference signal ကိုလည်းလိုက်ညှိပေးတာပါ။ လုပ်ပုံလုပ်နည်းတွေကအတူပဲမို့ Mixer အကြောင်းနားလည် လောက်ပြီထင်ပါတယ်။ ကဲ…. Receiver ရဲ့အရေးကြီးတဲ့ အဓိကအပိုင်းကိုရောက်လာပါပြီ။ ဒီအပိုင်းကိုကျွန်တော် ဘလော့ဒ် တစ်ခုချင်းဆီရဲ့ output လေးတွေနဲ့ပါတွဲပြီးအသေးစိတ်ဖော်ပြချင်လို့နောက်ပို့စ် တစ်ခုအနေနဲ့တင်ပေးပါမယ်။ A radar with moving target system against the background of passive jamming (2) ဆိုတဲ့လင့်နဲ့ တင်ပါမယ်ခင်ဗျာ။