Friday, May 25, 2012

အမေးအဖြေ (၁)

မြန်မာတက်ကနစ်ရှင်ဖိုရမ် မှာ မေးလို့ဖြေထားတာလေး အားလုံးဖတ်ရအောင်တင်လိုက်ပါတယ်....

ရေဒါဖြင့်ဖမ်းယူမရနိုင်တဲ့လေယာဉ်ပျံများ၊သဘောင်္များ


အကို ကျွန်တော်သိချင်တာလေးတစ်ခုကိုရှင်းပြပေးပါလား။
ခုခေတ်မှာရေဒါဖြင့်ဖမ်းယူမရနိုင်တဲ့လေယာဉ်ပျံများ၊သဘောင်္များလည်းအများအပြားပေါ်ထွက်ခဲ့ပြီး
ဖြစ်ပါတယ်။အဲဒီကောင်ဟာဘယ်လိုနည်းပညာကိုအသုံးပြုထားလဲဆိုတာကိုသိချင်ပါတယ်
ကျေးဇူးပြုပြီးရှင်းပြပေးပါလား။


ကိုချမ်းယုစံ ရေ...

အဓိက ရေဒါမှာ ပစ္စည်းတစ်ခုခုကိုဖမ်းမယ်ဆိုရင် Radar cross-section (RCS) ဆိုတာက တော်တော်အဓိကကျတယ်ဗျ... Radar cross-section ဆိုတာ အကြမ်းဖျဉ်းပြောရရင် ရေဒါကလွှတ်လိုက်တဲ့ signal ဟာ အဲဒီ့ အရာဝတ္တုကိုထိပြီး ဘယ်လောက် ပြန်လာနိုင်တယ် ဘယ်လောက်ပျက်စီးသွားတယ်
ဆိုတာမျိုးပေါ့.... ပစ္စည်းရဲ့ Radar cross-section တန်ဖိုးများလေလေ ရေဒါကနေ အဲဒီ့ပစ္စည်းကို ဖမ်းမိဖို့ပိုလွယ်လေလေပါပဲ... ရေဒါကပြန်မိတဲ့ signal ရဲ့ ပါဝါက သူ့အပေါ်မှာအများကြီးမှီခိုတယ်...  ပြန်မိတဲ့  signal ရဲ့ ပါဝါက အရမ်းနည်းနေရင် ကျွန်တော်တို့ အဲဒီ့အရာဝတ္တု ကို detect မလုပ်နိုင် တော့ဘူးလေ.. အဲတော့ ရေဒါမမိအောင်ဆိုတဲ့ ဘက်ကစဉ်းစားရင် အဲဒါကိုမူတည်ပြီးစဉ်းစားကြတယ်...သူတို့ပစ္စည်းနဲ့ လာရိုက်ပြီး ပြန်ထွက်သွားတဲ့  reflected signal power ကိုအရမ်းနည်းသွားအောင်လျော့ချပစ်တယ်...
ရှင်းအောင်ပြောရမယ်ဆိုရင် Radar cross-section တန်ဖိုးဟာအနည်းအများဟာ signal လာရိုက်မယ့် အရာဝတ္တု (သို့) ပစ္စည်း ကိုပြုလုပ်ထားတဲ့ material အမျိုးအစား၊ signal လာရိုက်မယ့် incident angle ၊ signal လာရိုက်မယ့် ဧရိယာ စတာတွေပေါ်မှာ အများကြီးမှီခိုနေတယ်... ဒီတော့ အဲဒီ့လေယာဉ်တွေ သဘောင်္တွေ ကို  Radar cross-section  တန်ဖိုးနည်းစေမယ့် material အမျိုးအစားနဲ့လုပ်ကြတယ်... လေယာဉ်ကိုယ်ထည်အောက်တွေ ဘေးတွေ (signal လာရိုက်မယ့်နေရာတွေ) မှာ ဖော့လိုလို Radar cross-section တန်ဖိုးလျော့ချမယ့် အရာဝတ္တုမျိုးတွေကပ်တယ်... လေယဉ်ပုံစံကို ချိုးတဲ့အခါလည်း signal ကို တခြားဘက် ပြန်ထွက်သွားအောင် ချိုးထားတယ်... signal လာရိုက်မယ့် ဧရိယာကိုနည်းနိုင်သမျှနည်းအောင်လုပ်ကြတယ်.... နောက်ဆုံး ရေဒါကနေ
အဲဒီ့လေယာဉ်၊ သင်္ဘောကို လုံးဝ detect မလုပ်နိုင်တော့လောက်တဲ့ထိ ဒီဇိုင်းလုပ်ကြတယ်... 
Northrop Grumman B-2 Spirit လိုဗုံးကျဲလေယဉ်မျိုးတွေပေါ့...


ဒါမယ့် အဲဒီ့လေယာဉ်တွေတီထွင်ကြသလို ရေဒါပညာရှင်တွေကလည်း အဲဒီ့လေယာဉ်တွေ ကို ဖမ်းမိနိုင်မယ့် ရေဒါတွေထွင်ကြပြန်တယ်... 
ကျွန်တော်မှတ်သားဖူးတာက ဒီလိုလေယာဉ်တွေကို ရေဒါတစ်လုံးထဲကနေသာ ဖမ်းမမိနိုင်တာ... သို့သော်  ဖိုခနောက်ဆိုင်လို့ ရေဒါစခန်းတွေကို သုံးမြို့လောက်မှာချထားမယ်ဆိုရင်
အဲကြားထဲဝင်လာတဲ့ လေယာဉ်ကို သေချာပေါက်ဖမ်းမိမှာဖြစ်တယ်.... အဲဒီရေဒါစခန်းတွေကလည်း တစ်ခုနဲ့တစ်ခု data sharing လုပ်ထားပြီး ရေဒါသုံးလုံးပေါင်းမှ operation တစ်ခုလုပ်တဲ့ စနစ်မျိုးနဲ့ အလုပ်လုပ်နေတာမျိုးဖြစ်ပါတယ်.... မြို့တွေ့ရဲ့အကွာအဝေးကတော့ ရေဒါ ဒီဇိုင်းပေါ်မှာမူတည်တာပေါ့.. အဝေးဆုံးဖမ်းချင်တဲ့အကွာအဝေးကဘယ်လောက်လဲဆိုတာမျိုးကနေ
ရေဒါတစ်လုံးကိုစတင်တည်ဆောက်တဲ့အခါ တွက်ချက်တဲ့ဒီဇိုင်းကနေသိရပါမယ်.... အဝေးဆုံးဖမ်းချင်တဲ့အကွာအဝေး (demand) ပေါ့.. အဲဒါကလည်း ဒီလေယာဉ်တွေ ဘယ်လောက် speed နဲ့ပျံသန်းသလဲ ဘယ်လောက်အမြင့်နဲ့ပျံသန်းသလဲဆိုတာတွေပေါ်မူတည်ပြီး သတ်မှတ်ရပါမယ်....
.........................................................

တိုက်လေယာဉ်တွေရဲ့ လက်နက်စနစ်တွေမှာ အသုံးပြုတဲ့ရေဒါ


အကို ရေ ရေဒါ အကြောင်းနဲနဲ တီးမိခေါက်မိရှိပေမဲ့ ကျွန်တော်မသိတာက စစ်ဘက်တိုက်ခိုက်ရေး လေယာဉ်တွေရဲ့ လက်နက်စနစ်တွေကို အထောက်အကူပြုရာမှာ အသုံးပြုတဲ့ရေဒါစနစ် အကြောင်းနဲနဲရှင်းပြပေးပါလားဗျာ။။

avionics ရေ....

စစ်ဘက်တိုက်ခိုက်ရေး လေယာဉ်တွေရဲ့ လက်နက်စနစ်တွေကို အထောက်အကူပြုရာမှာ အသုံးပြုတဲ့ရေဒါဆိုတာတော့အမျိုးမျိုးရှိတယ်ခင်ဗျ။ တကယ်ကတော့ ရေဒါအခြေခံ system တွေ၊ method တွေကိုအသုံးပြုပြီးပဲအခြေအနေပေါ်လိုက်ပြီးတည်ဆောက်သွားတာပါပဲ။ လက်နက်စနစ်မှာသုံးမှ ဒီ method ကိုအသုံးပြုရမယ်ဆိုတာမျိုးမရှိပါဘူး။ လိုချင်တဲ့ demand ပေါ်လိုက်ပြီး တည်ဆောက်သွားတာပါပဲ။ လေယာဉ်တွေရဲ့ လက်နက်စနစ်တွေမှာသုံးတဲ့ ရေဒါတွေကိုလေ့လာချင်တယ် ဆိုရင်တော့ တစ်ခုချင်းတစ်ခုချင်းလေ့လာသွားရမယ်လို့ ကျွန်တော်ထင်ပါတယ်...ဥပမာ မဇိုင်းတချို့မှာဆို ပစ်လွှတ်လိုက်တဲ့ ဒုံး ထဲမှာကို ရေဒါတစ်လုံးပါပါတယ်... အဲဒီ့ရေဒါကနေ ထိန်းချုပ်ပြီး လိုချင်တဲ့နေရာကို သွားပါတယ်... သူ့ကိုပါတစ်ပါတည်းဖောက်ခွဲပစ်ပါတယ်.... GPS နဲ့အဲ့ထဲက ရေဒါနဲ့ချိတ်ဆက်ပြီး ထိန်းချုပ်တာမျိုးတွေလည်းရှိပါတယ်....တစ်ချို့ မဇိုင်းမှာကျတော့ ပစ်ချင်တဲ့လေယာဉ်ရဲ့ တည်နေရာ၊ အလျင်နဲ့ နောက်ဘယ်အချိန်မှာ ဘယ်နေရာရောက်မယ်ကို  ရေဒါနဲ့တိုင်းပြီး အဲနေရာကိုပစ်လွှတ်လိုက်တာပါပဲ...တစ်ချို့ကျတော့လည်း သံချပ်ကားတွေမှာတပ်ဆင်သုံးတာမျိုးလိုပေါ့... ပစ်လိုက်တဲ့အမြှောက်ကြည်ကို ရေဒါနဲ့ဖမ်းပြီး ဘယ်နေရာကိုကျတယ် ဘယ်လောက်အလျင်နဲ့သွားတယ် စတာတွေကို သိရတယ်... အဲနောက် ကိုယ်လိုချင်တဲ့နေရာကို တွက်ချက်ပြီး ပစ်တယ်... အမျိုးမျိုးပဲဗျ... အဲတော့ အဓိကက  ရေဒါရဲ့သဘောတရားကိုအသုံးပြုပြီး လိုချင်တဲ့ လက်နက်အတွက် ဘယ်လို အသုံးဝင်မလဲဆိုတာကို အမျိုးမျိုးစဉ်းစားပြီး အမျိုးမျိုးတီထွင်ကြတာပါပဲ...

Friday, March 30, 2012

Radio wave frequency & wavelength

၁၉ ရာစုအနှောင်းပိုင်းမှာ AC current ဟာဝါယာကြိုးတွေမှာ ဖြတ်စီးနိုင်တယ်ဆိုတာ က အစပြုလို့ Wireless technology တွေ့ရှိလာကြပါတယ်။ ဒီနေရာမှာ ၀ါယာမပါပဲ တစ်နေရာနဲ့ တစ်နေရာလွှင့်ထုတ်နိုင်ပြီး မမြင်ရတဲ့အရာဟာ electromagnetic radiation (EM) ပုံစံဖြစ်ပါတယ်။ EM radiation ဟာ လှိုင်းပျံ့နှံ့တဲ့ပုံစံအတိုင်း အလျင် 300,000,000 meters per second (186,000 miles per second) နဲ့ပျံ့နှံ့ပါတယ်။ အလင်းရဲ့အလျင် အတိုင်းဖြစ်ပါတယ်။ EM wave တွေမှာ frequency အမျိုးမျိုးရှိပါတယ်။ electromagnetic radiation တွေရဲ့ frequency တွေဟာ အများအားဖြင့် မြင့်လေ့ရှိပါတယ်။ ဒါကြောင့် metric prefixes တွေသုံးပြီး ပြောလေ့ရှိပါတယ်။ ဥပမာ - kilohertz (kHz): 1,000 hertz ၊ megahertz (MHz): 1,000,000 hertz ၊ gigahertz (GHz): 1,000,000,000 hertz ။ EM radiation ရဲ့ frequency range အကုန်လုံးကို electromagnetic spectrum လို့သိကြပါတယ်။ Radio waves ဟာ ဒီ spectrum ရဲ့ တစ်စိတ်တစ်ပိုင်းပဲဖြစ်ပါတယ်။ ယေဘူယျအားဖြင့် 1 kHz ကနေ 300 GHz အတွင်းကို radio waves region လို့သတ်မှတ်ပါတယ်။ 300 GHz အထက်ကို infrared ray region ၊ အဲဒီ့နောက် visible light ၊ ultraviolet ၊ X-ray၊ gamma ray ဆိုပြီး အဆင့်ဆင့်သတ်မှတ်သွားပါတယ်။ ပုံ - ၁ မှာကြည့်ပါ။


ပုံ(၁)
ပိုပြီးရှင်းအောင်ပြောရမယ်ဆိုရင် radio waves တွေဟာ ကျွန်တော်တို့မြင်ရတဲ့ visible light နဲ့ တစ်ပုံစံထဲပါပဲ။ frequency နည်းတာကလွဲလို့ပေါ့။ ဒါမယ့် EM waves တွေဟာ sound waves တွေနဲ့တော့ လုံးဝမတူပါဘူး။ ဘာလို့လည်းဆိုရင် sound waves တွေက mechanical wave အမျိုးအစားဖြစ်ပါတယ်။ ကြားခံနယ်ရှိမှ သွားလို့ရပါတယ်။ ပျံ့နှံ့လို့ရပါတယ်။ EM waves တွေကတော့ ကြားခံနယ်ရှိရှိ မရှိရှိ ပျံ့နှံ့နိုင်ပါတယ်။ sound waves ဟာ EM waves အုပ်စုထဲမှာမပါဘူးဆိုတာကို ရှင်းရှင်းလင်းလင်း သိစေလိုပါတယ်။
ခု ကျွန်တော်အဓိကရေးချင်ပြောချင်တာဟာ EM waves အုပ်စုထဲမှာ ပါတဲ့ radio waves အကြောင်းပါ။ တစ်ခါတစ်ရံမှာ radio waves တွေကို wavelength လှိုင်းအလျားနဲ့ ပြောပေမယ့် တစ်ခါတစ်ရံမှာ frequency ကြိမ်နှုန်းနဲ့ပြောပါတယ်။ wavelength နဲ့ frequency ကြားကဆက်သွယ်ချက်ကရိုးရှင်းပါတယ်။
wavelength = wave propagation speed / frequency
EM radiation ရဲ့ ပျံ့နှံ့နှုန်းဟာ အလင်းရဲ့အလျင်အတိုင်းဖြစ်တယ်လို့ အထက်မှာပြောခဲ့ပြီးဖြစ်ပါတယ်။ frequency အမျိုးမျိုးမှာ ရှိမယ့် wavelength တွေကို အောက်မှာ ဥပမာအနေနဲ့ဖော်ပြပေးထားပါတယ်။ Frequency နဲ့ wavelength ဟာ အကြွေစေ့တစ်စေ့ရဲ့ ခေါင်းနဲ့ ပန်းလိုပါပဲ။ ခေါင်းဘက်ကိုကြည့်ပြီး ဘယ်လောက်တန်လဲပြောလို့ရသလို ပန်းဘက်ကိုကြည့်ပြီးလည်း ဘယ်လောက်တန်လည်းပြောလို့ရပါတယ်။ တစ်ခါတစ်လေမှာ Frequency နဲ့ပြောရင် ပိုအဆင်ပြေပေမယ့် တစ်ခါတစ်လေကျ wavelength နဲ့ပြောမှ ပိုအဆင်ပြေတာ လေးတွေ လည်းရှိပါတယ်။ frequency / wavelength ranges တွေကို bands ဆိုပြီး သုံးနှုန်းလေ့ရှိပါတယ်။ International Telecommunications Union (ITU) ကနေ radio waves တွေကို အောက်ပါအတိုင်း frequency bands တွေခွဲခြားသတ်မှတ်ထားပါတယ်။



Frequency bands တွေနဲ့ပတ်သတ်လို့ ထပ်မံသိသင့်တာတစ်ခုက NATO band ပဲဖြစ်ပါတယ်။ ဒီမှာ bands နာမည်တွေကို A ကနေ M အထိလွယ်ကူစွာသတ်မှတ်ထားပါတယ်။ အထက်မှာဖော်ပြထားတဲ့ ITU ကသတ်မှတ်ထားတဲ့ traditional band schemes နဲ့ NATO band scheme ဟာ တစ်ခုနဲ့တစ်ခု ဘာမှ ဆက်စပ်မှုမရှိပါဘူး။ အောက်မှာ NATO band ဇယားကိုဖော်ပြထားပါတယ်။


NATO band ဟာ ဥရောပမှ ပိုပြီး အသုံးများတယ်လို့ပြောလို့ရပါတယ်။ တစ်ချို့ publications တွေမှာ NATO band နဲ့ လိုလို၊ traditional band နဲ့လိုလိုရောထွေးလေ့ ရှိပါတယ်။ သေချာသတိထားပြီးကြည့်စေလိုပါတယ်။ နှစ်ခုလုံးမှာ "C", "L", နဲ့ "K" bands တွေဟာ နာမည်တူနေပါတယ်။ ဘယ် schemes နဲ့ ပြောနေလဲ ဆိုတာကို ခွဲခြားသိဖို့လိုအပ်ပါတယ်။ ကျွန်တော့်အနေနဲ့တော့ ဒီဆိုက်ဒ်မှာရေးတဲ့အခါ အများသုံးဖြစ်ပြီး ရိုးရှင်းတဲ့ traditional band schemes ကိုပဲအသုံးပြုသွားမှာဖြစ်ပါတယ်။


Friday, March 18, 2011

Distribution law or distribution function

ဖြန့်ဖြူးပျံ့နှံ့နေတဲ့ ဖြစ်နိုင်ခြေတွေအားလုံးကို ပေါင်းပြထားတဲ့ function ပါပဲ။ အဲဒီ့ထက် ရှင်းအောင်ပြောရရင် random process ကို limit တန်ဖိုးတစ်ခုပေးပြီး အဲဒီ့အောက်ကဖြစ်နိုင်ခြေတွေကို ပေါင်းထားတာ ပဲဖြစ်ပါတယ်။ အဲဒါကို function လေးနဲ့ပြတာပါ။ graph လေးနဲ့လည်းပြလေ့ရှိပါတယ်။ သင်္ချာ equation နဲ့ပြမယ်ဆိုတော့ နည်းနည်းရှုပ်သလိုဖြစ်သွားတာပါ။ တကယ်တော့ ရှင်းရှင်းလေးပါပဲ။ F(x) သည် distribution function ဖြစ်တယ်ဆိုကြပါစို့ရဲ့။ ဒါဆိုရင် လို့ရေးပါတယ်။ X က random process ပါ။ x က တော့ ရိုးရိုး ဖြစ်ရပ်တစ်ခု ပါပဲ။ အဲဒီဖြစ်ရပ်တွေကို coordinate ပေါ်တင်ကြည့်မှာမို့ argument လို့ကျွန်တော်သုံးပါမယ်။ P(X) ဟာ X ရဲ့ ဖြစ်နိုင်ခြေ (သို့) ဖြစ်တန်စွမ်းပါပဲ။ အဓိပ္ပါယ်ကတော့ argument x ထက်ငယ်သမျှ random process X ရဲ့ ဖြစ်နိုင်ခြေကို distribution function လို့ သတ်မှတ်တာပါပဲ။ ရှုပ်နေသေးတယ်ဆိုရင် ဥပမာလေးကိုကြည့်ပါ။ discrete random variable တစ်ခုအတွက် distribution function ကို ဘယ်လိုတည်ဆောက်သလဲဆိုတာကြည့်ကြရအောင်။ ပုံ (၁) မှာ discrete random variable တစ်ခုအတွက် ဖြစ်နိုင်ခြေကိုဆွဲထားပါတယ်။

ဒီဥပမာမှာဆိုကြပါစို့။ ဒါဆိုရင် distribution function F(x) ဟာ သုံညပါပဲ။ ရှင်းပါတယ်။ ဒီမှာ x1 ထက်ငယ်တဲ့ argument မရှိတဲ့အတွက် အဲဒီ့မရှိတဲ့ argument တွေရဲ့ ဖြစ်နိုင်ခြေက သုံညဖြစ်သလို distribution function ကလည်း သုံညပါပဲ။ အကယ်၍ဆိုရင်တော့ ဖြစ်ပါလိမ့်မယ်။ F(x) ဟာ x1 နဲ့ x2 ကြားကဖြစ်နိုင်ခြေရယ်၊ x1 ရဲ့ဖြစ်နိုင်ခြေရယ်၊ x1 ထက်ငယ်တဲ့ argument တွေရဲ့ ဖြစ်နိုင်ခြေပါပဲ။
ဒီ function ရဲ့ ထူးခြားချက်တွေကို ပြောရမယ်ဆိုရင်
  • ၁။ ဒါကရှင်းပါတယ်။ distribution function ဟာ သူစဉ်းစားမဲ့ argument ထက်ငယ်တဲ့ argument တွေရဲ့ ဖြစ်နိုင်ခြေတွေကိုပေါင်းတာဖြစ်တဲ့အတွက် negative infinity ထက်ငယ်တဲ့ argument တွေရဲ့ ဖြစ်နိုင်ခြေကိုတွက်တဲ့အခါ သုံညပဲ ဖြစ်ပါလိမ့်မယ်။
  • ၂။ အကယ်၍ x2 ဟာ x1 ထက်ကြီးနေခဲ့မယ်ဆိုရင် x2 ရဲ့ distribution function ဟာ x1 ရဲ့ distribution function ထက်ကြီး ပါလိမ့်မယ်။ distribution function ကိုက သူစဉ်းစားမဲ့ argument ထက်ငယ်တဲ့ argument တွေရဲ့ ဖြစ်နိုင်ခြေတွေကိုပေါင်းတာဆိုတော့ ဒီအချက်ကရှင်းပါတယ်။
  • ၃။ သဘောကတော့ infinity မှာရှိမယ့် argument ဆိုတော့ အကြီးဆုံး argument ကိုဆိုလိုတာပါပဲ။ သူ့အောက်က argument တွေဆိုတော့ အားလုံးပါသွားပါပြီ။ argument အားလုံးရဲ့ ဖြစ်နိုင်ခြေပေါင်းလဒ်ဟာ ၁ ဖြစ်ပါတယ်။
ပုံ (၁) မှာရေးဆွဲထားတဲ့ probability distribution ကို ပုံ (၂) မှာ distribution function အနေနဲ့ ဖော်ပြထားပါတယ်။

Monday, January 3, 2011

General requirements of measurement accuracy of height and aircraft vertical speed

Height နဲ့ Vertical speed တိုင်းတာတဲ့ equipment ဟာ ယခုခေတ်ပေါ် aircraft တွေမှာ မရှိမဖြစ် မပါမဖြစ်ပါရမယ့် ပစ္စည်းတစ်ခုဖြစ်လာပါတယ်။ အဲဒီ equipment တွေ တနည်းအားဖြင့် altimeter တွေအကူအညီနဲ့ problem တွေကိုဖြေရှင်းပေးပါတယ်။
  • ၁။ လေယာဉ် သို့မဟုတ် ဟယ်လီကော်ပတာများ စတက်သည့်အချိန်မှ ဆင်းသက်သည့်အချိန်အတွင်း ထိန်းသိမ်းမောင်းနှင်ခြင်း၊
  • ၂။ မြေမျက်နှာပြင်ပုံသဏ္ဍန်အား လေယာဉ်မှ သို့မဟုတ် အာကာသယာဉ်ပေါ်မှ တိုင်းတာခြင်း၊
  • ၃။ အခြားဂြိုလ်များပေါ်သို့ အာကာသယာဉ်များ ညှင်သာသောဆင်းသက်မှု soft landing စနစ်များတွင် အလိုအလျောက်ထိန်းသိမ်းခြင်း၊
  • ၄။ အာကာသယာဉ်များအား ပဲ့ထိန်းစနစ်ဖြင့်ပစ်လွှတ်ပြီးနောက် လမ်းကြောင်းတစ်လျောက် အလွတ် ပျံသန်းနေစေရန် အလိုအလျောက်ထိန်းသိမ်းခြင်း၊
  • ၅။ Satellite များနှင့် ဂြိုလ်များ၏ အမြင့်ကိုတိုင်းတာခြင်း၊
  • ၆။ နေရာအမျိုးမျိုးတွင်အသုံးပြုသောပစ္စည်းများ၌ အမြင့်တိုင်းတာခြင်း။

Altimeter ကိုအသုံးပြုပြီးဖြေရှင်းတဲ့ problem တွေတော်တော်များများဟာ အထက်ပါ assignment တွေက problem တွေပဲဖြစ်ပါတယ်။

ပိုင်းလော့ရဲ့ orientation အတွက် tactical problem တွေဖြေရှင်းဖို့ altimeter ဟာအခြေခံ ကိရိယာဖြစ်ပါတယ်။ ဒီ့အပြင် ဒီရေအတက်အကျရှိသော၊ ရေခဲတုံးများမျောနေသော သမုဒ္ဒရာရေမျက်နှာပြင်ရဲ့ level ၊ ရေလှိုင်း အမြင့် အစရှိသည်တို့ကိုလည်း altimeter များအသုံးပြု၍တိုင်းတာနိုင်ပါတယ်။

လ၊ မားစ်ဂြိုလ်၊ ဗီးနပ်စ်ဂြိုလ် အစရှိတဲ့ဂြိုလ်တွေရဲ့မျက်နှာပြင်တွေပေါ် အာကာသယာဉ်တွေဆင်းသက် မှုကို soft landing လို့ခေါ်ပါတယ်။ အဲလိုဆင်းသက်မှုမျိုးတွေမှာ altimeter နှစ်မျိုးမှ တစ်မျိုးမျိုးကို သုံးလေ့ရှိပါတယ်။ အဲနှစ်မျိုးကတော့ high-altitude radio altimeter (75-10km)၊ low-altitude radio altimeter (12km-3m)။

Satellites များမှာ altimeter တပ်ဆင်ပြီး ကမ္ဘာ့ geoid ကိုတိုင်းတာခြင်းဟာ သမားရိုး geophysical study နည်းလမ်းများထက် ပိုပြီးတိကျပါတယ်။ အကယ်၍ global geoid ကိုတိုင်းတာမယ်ဆိုရင် measurement accuracy ကို 5 m အထိလက်ခံပါတယ်။ altimeter နဲ့တိုင်းတဲ့အခါမှာတော့ measurement accuracy ကို 1 m အထိတိုင်းတာနိုင်ပါတယ်။

Altimeter တွေမှာ အခြေခံကျတဲ့ factor တွေကတော့ height measurement accuracy and aircraft vertical speed ပဲဖြစ်ပါတယ်။ aircraft တွေရဲ့ class ကွဲပြားသလို တိုင်းတာတဲ့အခါ လိုအပ်တဲ့ accuracy ကလည်းကွဲပြားနေတာကြောင့် ဘယ်လောက်ထိအမှားခံနိုင်သလဲ ဆိုတာကို တိတိကျကျပေးဖို့လိုအပ်ပါတယ်။ ဆိုလိုတာက altimeter တစ်လုံးစတင်တည်ဆောက် တော့မယ်ဆိုရင် ဘယ်လိုရည်ရွယ်ချက်နဲ့သုံးမယ်၊ ဘယ်လို aircraft အမျိုးအစားမှာသုံးမယ်၊ accuracy ဘယ်လောက်ရှိရမယ်ဆိုတာမျိုးကိုတိတိကျကျသိထားဖို့လိုအပ်ပါတယ်။ တကယ်တမ်းကတော့ altimeter တွေဟာ မညီညာတဲ့မျက်နှာပြင်ကို ရိုက်ပြီးပြန်လာတဲ့ signal ကိုအသုံးပြုရတာဖြစ်ပါတယ်။ အဲဒါကြောင့် Height နဲ့ Vertical speed တိုင်းတာတဲ့အခါ ဖြစ်လာတဲ့အမှားဟာ random character ရှိပါတယ်။ များသောအားဖြင့် measurement accuracy ကို “ ∆ “ နဲ့ပြလေ့ရှိပြီး ဖြစ်နိုင်ခြေ P(∆) = 0.95 ယူလေ့ရှိပါတယ်။ တကယ်လို့ measurement error က Gaussian distribution အတိုင်းပျံ့နှံ့နေတယ်ဆိုရင် measurement accuracy ဟာ ∆ = 2 sigma‌‌‌‌ . sigma - one-sigma value. Table 1.1 မှာ တချို့သော aircraft တွေရဲ့ measurement error များကိုသူတို့ရဲ့ technical characteristic တွေနဲ့တွဲပြထားပါတယ်။

Requirements of measurement accuracy ဟာ ပစ္စည်းတည်ဆောက်ရာ၌ရှုပ်ထွေးမှု နှင့် ပစ္စည်းတန်ဖိုးတို့နှင့် ဆက်စပ်နေပါတယ်။ ဒါကြောင့် requirements of measurement accuracy of height and aircraft vertical speed တို့ကိုရွေးချယ်တွက်ချက်တဲ့အခါ ဘယ်လောက် safety ဖြစ်သလဲ၊ mass ဘယ်လောက်ရှိမလဲ၊ အရွယ်အစား၊ တန်ဖိုး အစရှိသည်တို့ကိုပါထည့်သွင်းစဉ်းစားတွက်ချက် ရပါတယ်။ measurement accuracy ကိုထိခိုက်နိုင်တဲ့ နောက်ထပ်အရေးကြီးတဲ့ parameter တွေရှိပါသေးတယ်။ အဲဒါတွေကတော့ aircraft တွေရဲ့ angle of roll နဲ့ dip angle, pitch angle တို့ပဲဖြစ်ပါတယ်။ ရှင်းအောင်ထပ်ပြောရရင်တော့ aircraft တွေ ဘယ်ညာစောင်းတာနဲ့ ရှေ့နောက်စိုက်ကျသွား လန်တက်သွားတဲ့ အခါမျိုးတွေကိုပြောတာဖြစ်ပါတယ်။ typical altimeter တွေမှာတော့ angle of roll ၄၀-၅၀ ဒီဂရီ နဲ့ dip angle, pitch angle ၂၀ ဒီဂရီအထိ လက်ခံထားပါတယ်။ အဲဒီဒီဂရီတွေအထိတိမ်းလို့စောင်းလို့ ဖြစ်လာတဲ့ error တွေကို လက်ခံနိုင်အောင်ဒီဇိုင်းလုပ်ထားပါတယ်။ အဲဒီဆိုးကျိုးကြောင့်ဖြစ်လာတဲ့ error တွေကို gyro stabilization antenna assembly သုံးပြီးပြန်ချိန်ညှိပါတယ်။ ပြောရရင်တော့ aircraft ဘယ်လိုစောင်းစောင်း လွှင့်ထုတ်ဖမ်းယူနေတဲ့ radio beam ကိုတိမ်းစောင်းမသွားပဲနဂိုအတိုင်းရှိအောင် (antenna စောင်းမသွားအောင်) ထိန်းပေးတဲ့ပစ္စည်းတပ်ဆင်အသုံးပြုခြင်းအားဖြင့် measurement accuracy ကိုမြှင့်တင်ပေးပါတယ်။ သို့ပေမယ့် အဲဒီ့နည်းလမ်းဟာ ကုန်ကျစားရိတ်မြင့်မားတဲ့အတွက် များသောအားဖြင့် space system များအတွက်သာအသုံးပြုလေ့ရှိပြီး လေယာဉ်များ ဟယ်လီကော်ပတာများတွင်တော့ wide diagram ရှိတဲ့ antenna များကိုအသုံးပြုခြင်းဖြင့် measurement accuracy ကိုမြှင့်တင်ပေးပါတယ်။

Table 1.1

Monday, March 1, 2010

Radar gun (or) speed gun

နည်းပညာအားဖြင့်မရှုပ်ထွေးပဲ အသုံးဝင်တဲ့ရေဒါအမျိုးအစားလေး အကြောင်းကို မျှဝေ လိုက်ခြင်းပဲ ဖြစ်ပါတယ်။ Radar gun ဆိုတာ Doppler radar အသေးစားလေးပဲဖြစ်ပါတယ်။ သူ့ကို အရာဝတ္ထုတွေရဲ့ အလျင်ကို တိုင်းတဲ့အခါ ၊ အထူးသဖြင့် မော်တော်ယဉ်တွေ ဘယ်အလျင်နဲ့ မောင်းနေတယ် ဆိုတာကို သိလိုတဲ့အခါ သုံးပါတယ်။ ဒါ့အပြင် ဘေ့စ်ဘော၊ အပြေး စတဲ့ ရွေ့လျားနေတဲ့ ပစ္စည်းတွေ လူတွေရဲ့ အလျင်ကိုသိလိုတဲ့ အားကစားနည်းတွေမှာ လည်းသုံးပါတယ်။ Radar gun ဟာ အရာဝတ္ထုရဲ့ တည်နေရာ အနေအထားကိုမပြပါဘူး။ သူနဲ့ချိန်ပြီးပစ်လိုက်တဲ့ အရာဝတ္တု (သို့) လူရဲ့ အလျင်ကိုပဲ ထုတ်ပေးပါတယ်။ Radar gun တွေကို လက်နဲ့ကိုင်ရတဲ့ သေနတ်ပုံစံနဲ့ထုတ်လုပ်သလို ဆိုင်ကယ်၊ ကား စတဲ့ ယဉ်တွေမှာလဲတပ်ဆင်အသုံးပြုကြပါတယ်။ ဒီကနေ့ခေတ်မှာတော့ များသောအားဖြင့် Radar gun တွေကို X band (8 to 12 GHz), K band (18 to 26.5 GHz), Ku band (12 to 18GHz) , Ka band (26.5 to 40 GHz), IR Band (infrared) တွေမှာပြုလုပ်ကြပါတယ်။ Radar gun ကို သိပ္ပံပညာရှင် Bryce K.Brown က ၁၉၅၄ ခုနှစ် မတ်လမှာ တီထွင်ကြံဆခဲ့ပါတယ်။ Chicago မြို့မှာ စတင်အသုံးပြုခဲ့ပါတယ်။ ပြုလုပ်ထားပုံကတော့ ရိုးရှင်းပါတယ်။ သူ့မှာ radio transmitter နဲ့ receiver ပါရှိပါတယ်။ transmitter ကနေ radio signal ကိုလွှင့်ထုတ်ပြီး receiver ပြန်လာတဲ့ signal ကို ပြန်ဖမ်းယူပါတယ်။ သေချာတာကတော့ Doppler effect ကြောင့် ဒီ frequency နှစ်ခုဟာ ခြားနားနေမှာ ဖြစ်ပါတယ်။ ဒီခြားနားချက်ကနေ အရာဝတ္တုရဲ့ အလျင်ကိုတွက်ထုတ်သွားတာပဲ ဖြစ်ပါတယ်။ ယဉ်ထိန်းရဲများအတွက် အတော်ပဲအသုံးဝင်တာကို တွေ့ရပါတယ်။ Traffic နဲ့ဆိုင်တဲ့ Radar gun တွေဟာ ပုံစုံအမျိုးမျိုးနဲ့ထွက်ပါတယ်။ လက်နဲ့ကိုင်တွယ်ချိန်ရွယ်တိုင်းတာရတာမျိုး၊ အငြိမ်တိုင်းတာရတာမျိုး၊ မိမိယဉ်ပါ ရွေ့လျား သွားလာရင်း တိုင်းတာနိုင်တာမျိုး အစရှိသဖြင့် အမျိုးမျိုး ထုတ်လုပ်ကြပါတယ်။ လက်နဲ့ကိုင်တွယ် ချိန်ရွယ်တိုင်းတာရတဲ့ အမျိုးအစားတွေဟာ ဘက်ထရီနဲ့ ဖြစ်ပါတယ်။ အငြိမ်တိုင်းတာရတဲ့ အမျိုးအစားတွေကိုတော့ ယဉ်ထိန်းရဲကားတွေမှာတပ်ဆင်လေ့ ရှိပါပြီး antenna တစ်ခု သို့မဟုတ် နှစ်ခုပါရှိတတ်ပါတယ်။ သူတို့ဟာကားများကို ရပ်ထားပြီးတိုင်းတာလေ့ ရှိပါတယ်။ သွားလာရင်း တိုင်းတာနိုင်တဲ့အမျိုးအစားတွေကိုလည်း ယဉ်ထိန်းရဲယဉ်များတွင် တပ်ဆင်အသုံးပြု လေ့ရှိပါတယ်။ စည်းမဲ့ကမ်းမဲ့မောင်းနှင်သွားသော ယဉ်များကိုလိုက်လံဖမ်းယူရင်း တိုင်းတာနိုင်ပါတယ်။ အများကြီး အသုံးဝင်ပါတယ်။ ကျွန်တော်တို့လို ဖွင့်ဖြိုးဆဲနိုင်ငံမှာ ဒီလိုရေဒါမျိုးလေးတွေကနေ စတင်ထုတ်လုပ် အသုံးပြုမယ်ဆိုရင် သင့်တော်ပါတယ်။

ပုံ - Radar gun (or) speed gun

သေးစိတ်သိရှိလိုလျင် http://www.radargunsblog.com/ မှာဖတ်ရှုနိုင်ပါတယ်။


Thursday, February 18, 2010

Unambiguous effect

ပုံ (၁) unambiguous effect

Unambiguous effect ဆိုတာကို နားလည်အောင်ပြောရမယ်ဆိုရင် ကျွန်တော်တို့ transmitted signal ရဲ့ pulse နောက်တစ်ခုမလာခင်မှာ reflected signal ရဲ့ pulse နှစ်ခု သုံးခုကိုတွေ့နေတယ်ဆိုရင် အဲဒီ reflected signal pulse တွေထဲက ဘယ် pulse ကိုရွေးချယ်ရမယ် ဆိုတာ ရှုပ်တွေးပြီး ဒွိဟဖြစ်စေပါတယ်။ ပိုရှင်းအောင်ကျွန်တော်ပုံနှင့်တကွ ထပ်ရှင်းပါအုံးမယ်။ ပုံ(၁) မှာကြည့်ပါ။ အစိမ်းရောင်နဲ့ ပြထားတဲ့ signal ဟာ transmitted signal ဖြစ်ပြီး အပြာရောင်နဲ့ ပြထားတာဟာ received signal ပါ။ signal မှာ 1 , 2 , 3 ဆိုတဲ့နံပါတ်လေးတွေက pulse တစ်ခုချင်းဆီရဲ့ နံပါတ်တွေပါ။ transmitted signal ရဲ့ first pulse (1) အစိမ်းရောင် က တားကဒ်ကိုထိပြီး ပြန်လာတဲ့ အပြာရောင် received signal ကို (1) နဲ့ ပဲပြန်ပြထားပါတယ်။ နောက်ကနံပါတ်တွေလည်းအလားတူပါပဲ။ အဲဒီလိုပြန်ဖမ်းမိတဲ့ခါ လွှင့်ထုတ်တဲ့ transmitted signal မှ ဒုတိယ pulse ကိုမရောက်သေးဘူး ပြန်ဖမ်းမိတဲ့ကောင်တွေက နှစ်ခုသုံးခုဖြစ်လာတဲ့ခါ (အပေါ်ပုံ) ဘယ် pulse ကြောင့် ဘယ် pulse ပြန်လာတယ်ဆိုတာကို မရွေးနိုင်ဘူးဖြစ်သွားပါတယ်။ ခုပုံမှာကျွန်တော်က 1 , 2, 3 ... တပ်ပေးထားလို့ 1 က 1 ကြောင့် ပြန်လာတယ်လို့သိတာကိုး။ နောက်တစ်ခုက signal ရဲ့ အစလိုမျိုးမှာကြည့်တာဖြစ်နေလို့ ပထမဆုံးလွှင့်လိုက်တဲ့ pulse ကရိုက်လို့ ပြန်လာတဲ့ဟာက ပထမဆုံးဖမ်းမိတဲ့ pulse ပဲလို့ခန့်မှန်းလို့ရတာလေ။ တကယ်လက်တွေ့ မှာက တစ်ချိန်လုံးလွှင့်ထားပြီးဖမ်းနေတာ။ တားကဒ်မရှိရင် ဘာမှပြန်မဖမ်းမိဘူး။ စတွေ့ပြီဆိုတာနဲ့ ဆက်တိုက်မိတော့တာ။ စပြီးဖမ်းမိတဲ့ received signal pulse ဟာ ဘယ် transmitted signal ရဲ့ ဘယ် pulse ကြောင့်ပြန်လာဟာလဲဆိုတာကို မသိနိုင်ဘူးဖြစ်သွားပါတယ်။ အဲလိုမသိတာကို သိအောင်လုပ်ရမယ်။ ဘယ်လိုလုပ်သလဲဆိုတော့ transmitted signal ရဲ့ period ( T ) ကိုရွေးချယ်ပါတယ်။ ဘယ်လိုဖြစ်အောင် ရွေးချယ်သလဲဆိုတာ ကျွန်တော်ဆက်ပြောပါ့မယ်။ ပြန်လာတဲ့ reflected ( received ) signal ဟာ t=2R/c ချိန်ကျမှ ပြန်မိတာမဟုတ်လား။ အဝေးဆုံးမှာရှိတဲ့ တားကဒ်ကိုရိုက်ပြီးပြန်လာမယ့် signal ဟာ အချိန်အကြာဆုံးမှမိမှာပဲ။ အဲတော့ အဲဒီအချိန်ကို တွက်လိုက်တယ် ။ t= 2Rmax/c ပေါ့။ အဲလိုရတယ့်အချိန်ထက် transmitted signal ရဲ့ period ကိုကြီးအောင်ရွေးချယ်ထားပါတယ်။ T > t ။ ဒါဆိုရင်ခုဏလိုမဖြစ်တော့ပဲ received signal ရဲ့ ပထမဆုံး pulse ဟာ သူဖြစ်ပေါ်လာစေဖို့ လွှင့်ထုတ်လိုက်တဲ့ transmitted signal pulse နောက်မှာ ပဲပေါ်တော့မှာပါ။ အောက်ပုံမှာကြည့်ပါ။ တနည်းပြောရရင် received signal pulse ဟာ သူ့ ရှေ့ မှာလွှင့်ထားတယ့် transmitted signal pulse ကြောင့်ဆိုတာသေချာသွားပါပြီ။ ဒီလိုဖြစ်အောင် လုပ်ထားတာလေးကို unambiguous effect လို့ခေါ်တာပဲဖြစ်ပါတယ်။ အချုပ်အားဖြင့် မှတ်ရမှာကတော့ signal ရဲ့ period ကိုရွေးချယ်တဲ့ခါ ဒီ unambiguous effect ကိုစဉ်းစား ရွေးချယ်ရတယ်ဆိုတာပဲဖြစ်ပါတယ်။

T > 2Rmax/c

Wednesday, October 21, 2009

Frequency radio range finders with symmetrical linear frequency modulation

ပုံ(၁) Frequency radio range finders with symmetrical linear frequency modulation

Frequency radio range finders with nonsymmetrical linear frequency modulation မှာကျွန်တော်တို့ Doppler effect ကိုထည့်မစဉ်းစားထား သေးတဲ့ အတွက် ရွေ့နေတဲ့ target တွေရဲ့ range ကိုရှာလို့မရနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ငြိမ်နေတဲ့ target တွေရဲ့ range တွေကိုတော့ တိတိကျကျတွက်ထုတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အခု တော့ကျွန်တော်တို့ Doppler effect ကိုထည့်စဉ်းစားထားပါပြီ။ သူ့ကြောင့် reflected signal မှာဖြစ်လာမယ့် beat frequency ဟာ ပုံမှာပြထားတဲ့အတိုင်းရိုးရှင်းလှပါတယ်။ တကယ်လို့သာ Doppler မရှိခဲ့ဘူးဆိုရင် signal ကို symmetrical linear frequency modulation လုပ်ထားတာမို့ beat frequency ဟာတစ်ဘက်နှင့် တစ်ဘက် ညီနေမှာဖြစ်ပါတယ်။ ဒါပေမယ့် Doppler ပါလာတဲ့အခါ beat frequency ဟာ ပုံမှာပြထားသလို beat frequency (1) နှင့် beat frequency (2) ဆိုပြီး နှစ်ခုဖြစ်လာပါတယ်။ အဲဒီမှာ တစ်ခုက Doppler effect ကြောင့် နည်းနေပြီး တစ်ခုကတော့ Doppler effect ကြောင့်ပဲ ပိုများနေပါတယ်။ အဲလိုလေးဖြစ်နေတာကနေ beat frequency ကော Doppler frequency ကော တွက်ထုတ်ထားပါတယ်။ beat frequency ရပြီဆိုရင် Frequency radio range finders with nonsymmetrical linear frequency modulation တုန်းကလိုပဲ ကျွန်တော်တို့ ရည်မှန်းချက် target ရဲ့ အကွာအဝေးကိုလွယ်လင့်တကူ တွက်ထုတ်နိုင်ပြီဖြစ်ပါတယ်။ ဒီ system မှာတော့ ကျွန်တော်တို့ ရည်မှန်းချက် target ဟာ ရွေ့နေသည်ဖြစ်စေ ရပ်နေသည်ဖြစ်စေ သူ့ရဲ့ အကွာအဝေးကို တိုင်းတာ တွက်ထုတ်နိုင်ပြီးဖြစ်ပါတယ်။