Sunday, November 23, 2008

Matched filter for single impulse

သူကတော့ matched filter တွေထဲကအခြေခံလည်းကျ အသုံးလည်းအများဆုံးတစ်ခုပါ။ matched filter ရဲ့ impulse response နဲ့ frequency response တွေပေါ်မူတည်ပြီး developed လုပ်ထားခြင်းဖြင့် ယနေ့ခောတ်အသုံးများနေတဲ့ matched filter မူခွဲလေးတွေကို ရရှိပါတယ်။ ကိုအံ့မင်းညိုလည်း အခြေခံတည်ဆောက်ပုံနဲ့ matched filter အကြောင်းလေးကို တင်ပြခဲ့ပြီးပါပြီ။ အဲဒီ့လို မူခွဲလေးတွေ တည်ဆောက်တဲ့ အခါမှာ integrator တွေ ၊ summator တွေ ၊ delay circuit တွေ အစရှိသဖြင့် အမျိုးမျိုးပါဝင်ကြပါတယ်။ တစ်ခုနဲ့တစ်ခု ကတော့ ပါဝင်တဲ့ element အစိတ်အပိုင်းလေးတွေ ကွဲပြားကြပါတယ်။ များသောအားဖြင့် ကတော့ matched filter တည်ဆောက်တဲ့ နေရာမှာ stub လေးတွေပါတဲ့ delay circuit ကိုသုံးကိုသုံးရပါတယ်။
ပုံ(၁-က)မှာ stub လေးတွေပါတဲ့ delay circuit ကိုသုံးပြီး matched filter ကို တည်ဆောက်ထားပါတယ်။ stub လေးတွေက ∆t နဲ့ကိုက်ညီအောင်ပြုလုပ်ထားပါတယ်။အဲဒီ stub လေတွေမှာ transmission coefficient g1,g2,…,gn (weighting coefficient) ရှိတဲ့ amplifier (သို့မဟုတ်) divisor တွေကို ချိတ်ဆက်ထားပါတယ်။ input 1 မှာ pulse duration ∆t နဲ့ unit amplitude ရှိတဲ့ rectangular impulse ၀င်လာတယ်ဆိုကြပါစို့။ဒါဆို output မှာ step function နဲ့ ထွက်လာပါတယ်။


အကယ်၍ ∆t ဟာ သုံညကိုသာချည်းကပ်သွားမယ်ဆိုရင် step curve ဟာ ချောမွေ့လာပါ လိမ့်မယ်။ ဆိုလိုချင်တာကတော့ဗျာ… အခု ∆t လေးဟာတန်ဖိုးတစ်ခုရှိနေတဲ့အတွက် output မှာ လှေကားထစ်လေးလိုဖြစ်နေတယ်မဟုတ်လား။ ∆t သာ သုံညကိုချည်းကပ်သွားရင် အဲဒိ အထစ်လေးတွေပြေပြစ်သွားမယ်ဆိုတာကိုပြောတာပါ။ပြီးတော့ u1 (t)/∆t ဟာ delta-function ဖြစ်သွားပါတယ်။အဲဒါတွေကြောင့် u(t) ဟာ ဒီ filter ရဲ့ impulse response g(t) ဖြစ်လာပါတယ်။ သူ့ရဲ့ discrete value တွေကတော့ g1 , g2 , … ဖြစ်ကြပါတယ်။ဒီလိုမျိုး filter ကို transversal filter လို့လည်းခေါ်လေ့ရှိပါတယ်။ဒီလို filter တွေအားလုံးကို ကျွန်တော်တို့လိုချင်တဲ့ signal ၊ တစ်နည်းအားဖြင့် ဖမ်းမိတဲ့ noise ရောနေတဲ့ signal ထဲကနေ အသုံးဝင်တဲ့ signal ရဲ့ ပုံသဏ္ဍာန် ကိုပြန်ဖော်တဲ့နေရာမှာ အသုံးပါတယ်။ အဲဒီ အတွက် weighting coefficient နဲ့ delay circuit ရဲ့အ၀င် input ကိုပြောင်းပြန် ပြောင်းပေးလိုက်ရုံနဲ့ပြီးပါတယ်။ ပုံ(၁)မှာ input 1 ကိုအသုံးပြုတဲ့အချိန် (weighting coefficient gk ဟာ g1 ကနေ gn ကိုတက်သွားတဲ့အချိန်) output မှာထွက်မဲ့ signal ကိုဖော်ပြထားပါတယ်။ အကယ်၍ rectangular impulse u1(t) ပဲဝင်လာတယ်ဆိုကြပါစို့။ ဒါပေမဲ့ input 1 ကနေ input 2 ကိုပြောင်းလိုက်မယ်ဆိုရင် ပုံ (၁-ခ) မှာဖော်ပြထားသလို ပထမထွက်နေတာနဲ့ ပြောင်းပြန်ထွက်လာတာကိုတွေ့ရပါတယ်။ output မှာကျွန်တော်တို့ ရရှိထားတဲ့ signal ရဲ့ duration (To=n∆t) ဟာ delay circuit ရဲ့ duration (Td=(n-1)∆t) နဲ့အနီးစပ်ဆုံးတူနေတာကိုသတိထားမိပါလိမ့်မယ်။



ပုံ(၁) matched filter with delay circults




ကျွန်တော်တို့ဒီကနေဘာကိုကောက်ချက်ချနိုင်သလဲဆိုတော့
(၁) ကျွန်တော်တို့ matched filter ရဲ့ delay time ဟာ useful signal ရဲ့ duration နဲ့တူရပါ လိမ့်မယ်။
(၂) coefficient g1,g2,…,gn ဟာ ကြိုသိထားတဲ့ useful signal ရဲ့ ပုံသဏ္ဍာန်နဲ့ လိုက်ဖက် ရပါမယ်။



ပုံ(၂) signal waveform at the matched filter


ခုဏက rectangular impulse သွင်းတဲ့အခြေအနေကိုပြန်သွားကြရအောင်။ဒီမှာ coefficient g1=g2=…=gn ဖြစ်ရမှာဖြစ်ပြီး delay time ကလည်း pulse duration (τ) နဲ့တူရမှာဖြစ်ပါ တယ်။ matched filter အထွက်မှာပေါ်လာမဲ့ impulse ရဲ့ဖြစ်ပေါ်လာပုံအဆင့်ဆင့်ကို ပုံ(၂-က) မှာဖော်ပြထားပါတယ်။ ideal case (∆t=0) မှာတော့ impulse ဟာတြိဂံပုံသဏ္ဍာန်ရှိပါတယ်။ အထက်မှာပြောခဲ့သလိုသူ့ရဲ့ step လေးတွေကချောမွေ့နေတာပေါ။ အဲဒါကို auto-correlation function တွက်ထုတ်မှူနည်းလမ်းကနေရယူနိုင်ပါတယ်။




ဒါကိုပုံ(၂-ခ)မှာဖော်ပြထားပါတယ်။ဒီအင်တီဂရယ်ဟာတစ်ခုကိုတစ်ခုဖြတ်နေတဲ့ impulse နှစ်ခု ရဲ့ဧရိယာနဲ့တူပါတယ်။ဒီနေရာမှာဂရုပြုရမှာက k∆t ရွေ့သွားတဲ့ signal ရဲ့အပိုင်းတွေမှာ noise တွေပါရောပြီးပေါင်းသွားပါတယ်။ဒါပေမယ့်အဲဒီအရွေ့က correlation interval ထက် ငယ်ပါတယ်။ ဒါကြောင့် noise အပိုင်းတွေပါရောပေါင်းခြင်းဟာ signal အပိုင်းချည်း သက်သက်ပေါင်းခြင်းနဲ့ ဘာမျှကွာခြားမှုမရှိပါဘူး။
ဒီကနေ့အချိန်အထိကတော့ ဥပမာ signal တွေကို video pulse တွေနဲ့ပဲလေ့လာနေကြပါ တယ်။ဒါပေမယ့် receiver မှာက radioimpulse signal ၀င်မှာကိုး။အဲတော့ကျွန်တော်တို့ matched filter for video pulse ကနေ matched filter for radioimpulse signal ကိုဘယ်လို ပြောင်းယူရမလဲဆိုတာဆက်လေ့လာဖို့လိုလာပါတယ်။ Radioimpulse signal ရဲ့ spectrum ကိုအောက်ပါအတိုင်းဖော်ပြပါတယ်။



Radioimpulse signal ရဲ့ matched filter frequency response ကတော့အောက်မှာ ဖော်ပြထားတဲ့ အတိုင်းဖြစ်ပါတယ်။



envelope ရဲ့ matched filter frequency response ကိုကြည့်ရအောင်။



အဲတော့ကျွန်တော်တို့လက်ရှိ frequency response က Kmatch(ὡ) ဆိုတော့ Kr match(ὡ) ရအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုတစ်ချက်ကြည့်ရအောင်။ 0.5k1 ဆိုတာ ko ပါပဲ။သူက amplitude တန်ဖိုးလေးပြောင်းတာပဲမို့ ဘာမှထွေထွေထူးထူးမရှိပါဘူး။ပြီးတော့ t1=to ပေါ့။အဲဒါလည်းအတူပါပဲ။အဲတော့ Carrier frequency (fo) ရှိတဲ့ Radioimpulse signal ရဲ့ matched filter frequency response ကနေ envelope ရဲ့ matched filter frequency response ကို f ကနေ (f-fo) ကိုချိန်းလိုက်ယုံပဲမဟုတ်လား။ အောက်က ညီမျှခြင်းလေးကိုကြည့်ပါ။



အဲလိုဖြစ်ဖို့အတွက်ယခင်ကျွန်တော်တို့တည်ဆောက်ထားခဲ့တဲ့ filter ရဲ့ videofrequency element တွေကို carrier frequency range fo ပြောင်းလဲလိုက်ယုံပါပဲ။ အထွက်မှာပေါ်မဲ့ impulse ရဲ့ပုံစံအဆင့်ဆင့်ကတော့အရင် ပုံ(၂-ခ) တုန်းကအတိုင်းပါပဲ။တကယ်လို့ အပေါ်တုန်း က အတိုင်း envelope က rectangular impulse ၀င်မယ်ဆိုရင်တော့ အထွက်မှာ pulse duration နှစ်ဆရှိတဲ့ တြိဂံပုံစံကိုရရှိမှာဖြစ်ပါတယ်။ ပုံ(၂-ဂ)မှာပြထားပါတယ်ခင်ဗျာ။ မရှင်းလင်းတာများရှိရင် မေးမြန်းနိုင်ပါတယ်ခင်ဗျာ။အဆင်ပြေပြေ လေ့လာနိုင်ကြပါစေ။

No comments:

Post a Comment