Sunday, January 4, 2009

Passive jamming

Disturbance ရှိတဲ့အခြေအနေမှာ ရွေ့လျားနေတဲ့ target ကိုရှာဖွေမှု ဟာ ရေဒါစနစ်တွေမှာ အရေးကြီးတဲ့ပြသနာတစ်ခု အဖြစ်တည်ရှိနေပါတယ်။ passive jamming ဆိုရင် ကျွန်တော်တို့ရေဒါမှာ ဒီကောင့်အတွက် calculation မပါပဲနဲ့ ဘယ်လိုမှ detect လုပ်လို့မရပါဘူး။ ဘာကြောင့်လဲ ဆိုရင် ဒီ passive jamming ကိုယ်တိုင်ကိုက target ကနေပြန်လာတဲ့ reflected signal လိုဖြစ်နေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရေဒါကနေ detection လုပ်လို့မရတော့ပါဘူး။ သူရှိတဲ့အခြေအနေမှာ ကျွန်တော်တို့ ရေဒါကနေ အမြဲတမ်း target ရှိနေတယ်လို့ပဲပြနေပါတော့တယ်။ ဒါကြောင့်သူ့အတွက် သီးသန့် calculation လုပ်ပေးရပါတယ်။



Characteristics of passive jamming

Passive jamming တွေကို သဘာဝအလျောက်ဖြစ်နေတာတွေနဲ့ လူတွေ က တမင်ဖန်တီးပြုလုပ်ထားတာတွေရယ်လို့ နှစ်မျိုးခွဲခြားလို့ရပါ တယ်။ ပထမအုပ်စုထဲမှာ မြေမျက်နှာပြင်၊ ရာသီဥတုကဖန်တီးသည့် အရာ ၀တ္တုများ ( မိုး ၊ နှင်း ၊ မိုးသီး ၊ မြူ ၊ တိမ်တိုက်များ ) ၊ insect အစုအဝေး ၊ ပျံသန်းနေသောငှက်များ၏တောင်ပံများ အစရှိတာတွေကနေဖြစ်လာတဲ့ reflected signal တွေပါဝင်ပါတယ်။ ဒုတိယအုပ်စုထဲမှာတော့ chaff cloud ( dipole ရှိသော သတ္တုချောင်းကလေးများ တိမ်တိုက်ကဲ့သို့ စုဝေး နေသော အစုအဝေး ) ၊ metal tape ၊ မြေပြင်ပေါ်မှကြီးမားသော အဆောက်အဦးများ အစရှိတာတွေကနေဖြစ်လာတဲ့ reflected signal တွေပါဝင်ပါတယ်။ ရွေ့လျားနေတဲ့ target ကနေပြန်လာမဲ့အသုံးဝင်တဲ့ signal နဲ့ Passive jamming ကနေပြန်လာမဲ့ noise တို့ရဲ့ frequency-time characteristic ကွဲပြားမှုရဲ့ calculation ပါဝင်တဲ့ processing unit ကို unit of moving-target indication လို့ခေါ်ပါတယ်။ Passive jamming ဟာ normal process ဖြစ်ပြီး သူ့ရဲ့ပျမ်းမျှတန်ဖိုးဟာ သုံညပဲ ဖြစ်ပါတယ်။ amplitude fast fluctuation ဖြစ်တဲ့အခြေအနေမှာ Passive jamming ရဲ့ fluctuation spectrum ဟာ Gaussian curve ဖြစ်ပါတယ်။


a



∆fp - level 0.5 မှာရှိတဲ့ jamming ရဲ့ bandwidth

energy spectrum



passive jamming ရဲ့အမျိုးအစားအပေါ်လိုက်ပြီး Δfp တန်ဖိုးကွားခြားပါတယ်။


(၁) နှင်း ၊မိုး စသည် Δfp ≤ 10 Hz


(၂) သဘာဝပေါက်ပင်များ Δfp ≤ 20 Hz


(၃) dipole ရှိသော သတ္တုချောင်းကလေးများ Δfp ≤ 100 Hz


(၄) ဥက္ကာခဲများ Δfp ≤ 200 Hz စတဲ့ပတ်ဝန်းကျင်မှာရှိကြပါတယ်။


အဲဒီကွာခြားမှုလေးတွေအလိုက် ကျွန်တော်အပေါ်မှာ Mathcad Software ကိုအသုံးပြုပြီး ဂရပ်ကလေး ဆွဲထားပါတယ်ခင်ဗျာ။



ဒီလိုဆိုရင် correlation function ကိုရှာလို့ရပြီမဟုတ်လား။

b



တခါတလေကျတော့ jamming ရဲ့ energy spectrum ဟာခန့်မှန်း အားဖြင့် အောက်ပါအတိုင်းဖြစ်လေ့ရှိပါတယ်။

c



ဒါဆိုရင်တော့ correlation function ဟာအောက်ပါအတိုင်းပြောင်းလဲ သွားပါမယ်။

d



Gaussian curve အခြေအနေမှာ jamming ရဲ့ bandwidth ကို အောက်ပါဖော်မြူလာနှင့် တွက်ထုတ်ယူလို့ရပါတယ်။

e



fo – frequency of detecting signal

γ – experimental determinated parameter

ε - jamming ရဲ့ bandwidth ကိုရှာဖွေမဲ့ level (ε<1)

ကျွန်တော်တို့ရေဒါနဲ့ Passive jamming ဟာရွေ့လျားနေနိုင်တာကြောင့် jamming ရဲ့ energy spectrum ဟာ carrier frequency ကနေ အနည်းငယ်ရွေ့လျားသွားနိုင်ပါတယ်။ အဲဒီရွေ့လျားသွားတဲ့တန်ဖိုး အကွာ အဝေးလေးကို Doppler frequency pushing of jamming လို့ခေါ်ပါ တယ်။သူ့ကိုအောက်ပါအတိုင်းတွက်ထုတ်ပါတယ်။


f



Vr - average radial velocity

Airborne radar (ကောင်းကင်တွင် ပျံသန်းနေစဉ်ဖမ်းယူသော၊ ရေဒါကို လေယာဉ်ပေါ်တွင်တပ်ဆင်ထားသော) တစ်ခုမှာ ကြည့်ကြရအောင်။ ဒီရေဒါ တွေရဲ့အခြေခံ Passive jamming ကတော့ ပျံသန်းနေတဲ့လေယာဉ်ရဲ့ ၀မ်းအောက်က လဲလျောင်းနေတဲ့မြေပြင်ပါပဲ။အခုကျွန်တော်တို့ကြည့်မှာက airborne radar တစ်ခုပါပဲ။ အမြည်းသဘောလေးပေါ့။ spectrum လေးတွေ ဘယ်လိုပေါ်တယ်ဆိုတာသိစေချင်လို့ပါ။ အားလုံးသိပြီးသား ဖြစ်ကြတဲ့အတိုင်းပါပဲ အန်တာနာရဲ့ diagram မှာ တားကတ်ကိုရှာမဲ့ main lobe အပြင် sidelobe တွေပါ ပါရှိပါတယ်။ ဒီတော့က main lobe ကနေ အောက်က မြေပြင်ကိုထိမှန်ပြီး ပြန်လာမဲ့ reflected signal သာတင်မကပဲ sidelobe ကနေပြန်လာမဲ့ signal များပါ receiver ကိုဝင်ရောက်လာမှာဖြစ်ပါတယ်။ ဒါကြောင့် reflected signal ရဲ့ spectrum ဟာရှုပ်ထွေးနေပါတယ်။ပုံ(၁) မှာ antenna diagram မှာဖြစ်ပေါ်တဲ့ main lobe နှင့် side lobes တွေကို ဖော်ပြထားပါတယ်။


1






ပုံ(၂)မှာတော့ off-duty ratio နည်းတဲ့ impulse ကိုလွှင့်ထုတ်တဲ့အခါ ပြန်လာမဲ့ reflected signal ရဲ့ spectrum ကိုဖော်ပြထားပါတယ်။

2

No comments:

Post a Comment