Saturday, August 30, 2008

Electromagnetic field ၏ ကြားခံနယ်အပေါ်လွှမ်းမိုးမှူ



Radar signal တွေရဲ့ parameters တွေဟာ အဲဒီ့ station ကဖမ်းမဲ့ ရည်မှန်းချက် object ရဲ့ behavior ပေါ်မှာမူတည်ပါတယ်။radar signal တွေထုတ်ဖို့အတွက် အလွန်ရှူပ်ထွေးတဲ့ အဆင့်တွေကိုဖြတ်ကျော်ရတာကြောင့် signal ရဲ့ parameters တွေမသတ်မှတ်မှီ အခြေခံကျ တဲ့ factors တွေကိုအရင်လျာထားရပါတယ်။အနည်းဆုံးတော့ မျက်နှာပြင်ပုံစံအမျိုးမျိုးအတွက် ရိုးရှင်းတဲ့ reflection model တွေအတွက် parameters တွေကို တွက်ထုတ်ထားရပါတယ်။ အဲဒီထဲမှာ electromagnetic field အတွက် parameters တွေလည်းပါတာပေါ့။အဲဒီ parameter တွေနဲ့ ပတ်ဝန်းကျင်ဒြပ်ထုကြားက ဆက်နွယ်မှူတွေကတော့ အားလုံးသိကြတဲ့ Maxwell equations တွေပါပဲ။ တကယ်လို့သာ ကြားခံပတ်ဝန်းကျင်ဒြပ်ထုရဲ့ parameters တွေဟာ ကိန်းသေဖြစ်နေရင်(သို့)လားရာကိုမူတည်နေခြင်းမရှိရင်ဒီ Maxwell equations တွေထဲမှာ parameters သုံးခုပါဝင်လာပါတယ်။အဲဒါတွေကတော့ efficient conductivity g, dielectric permeability ε နဲ့ magnetic permeability μ တို့ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ လေ့လာရမဲ့ရည်မှန်းချက် object တွေကများသောအားဖြင့် nonmagnetic object တွေဖြစ် ပါတယ်။ပြီးတော့သူ့တို့ကို characterized လုပ်ကြည့်ရင် g နဲ့ ε ကိုပဲတွေ့ရပါတယ်။ဘာလို့လဲ ဆိုတော့ ε နဲ့ μ တို့ရဲ့ ပမာဏဟာ independent space မှာ ကိန်းဂဏန်းအားဖြင့်တူညီနေလို့ ပါ။ကြားခံပစ္စည်း (သို့) ပတ်ဝန်းကျင်ပေါ်လိုက်ပြီး အဲဒီ parameters တွေပြောင်းလဲမှူကို အောက်မှာကျွန်တော် ဇယားနဲ့ပြထားပါတယ်။


ဒီကြားခံအရာဝတ္တုတွေအကြောင်းပြောကြပြီဆိုရင် ကျွန်တော်တို့ boundary condition အ ကြောင်းလေးပါထည့်ပြောမှပြည့်စုံပါလိမ့်မယ်။တကယ်လို့ characteristic မတူတဲ့ ကြားခံနယ် နှစ်ခုကိုလှိုင်းတစ်ခုဖြတ်သန်းပြီဆိုရင် boundary condition ကိုလိုက်နာဆောင်ရွက်ရပါတယ်။ ဒုတိယကြားခံနယ်ကိုဖြတ်ကျော်ရောက်ရှိလာတဲ့လှိုင်းရဲ့ အင်နာဂျီဟာ မူလလှိုင်းရဲ့ အင်နာဂျီ အပြည့်မပါတော့ပါဘူး။အစိတ်အပိုင်းမျှသာပါလာပါတော့တယ်။ကျန်တဲ့အင်နာဂျီတွေက ပထမ ပိုင်းမှာပဲ ပျံ့နှံ့ပြီးကျန်ခဲ့ပါတယ်။ပျံ့နှံ့တဲ့ အင်နာဂျီတန်ဖိုးဟာ dielectric permeability ε1 , ε2 တန်ဖိုးအချိုးပေါ်မှာမူတည်ပါတယ်။တကယ်လို့ကြားခံနယ်နှစ်ခုကြားက boundary မျက်နှာပြင် ဟာ ပြင်ညီဖြစ်နေတယ်ဆိုရင် mirror reflection အတိုင်းပြန်ထွက်သွားပါမယ်။တကယ်လို့ မျက်နှာပြင်ဟာမညီညာဘူးဆိုရင် အဲဒီ့မညီညာတဲ့ structure ကိုလိုက်ပြီးလားရာဘက် အမျိုးမျိုးနဲ့ပျံ့နှံ့သွားတယ်။ ဒီလိုနည်းလမ်းတွေနဲ့ ကြားခံအရာဝတ္တုတွေရဲ့ electrophysical characteristics တွေနဲ့ မိမိတို့ရည်မှန်းချက်ရဲ့တည်ဆောက်ပုံ၊မျက်နှာပြင်ပုံသဏ္ဍာန်တွေကနေ လှိုင်းတစ်ခုရဲ့ ပျံ့နှံ့မှူတွေ၊ reflections တွေ ဖြစ်ပေါ်လာရတာပါ။



အကြောင်းသင့်လို့ James Clerk Maxwell ရဲ့ဓာတ်ပုံကိုမျှဝေဖော်ပြလိုက်ပါတယ်။

James Clerk Maxwell (1831-1879)
James Clerk Maxwell (1831-1879)

No comments:

Post a Comment