Tuesday, August 26, 2008

Relief ကိုလေ့လာခြင်း

စံသတ်မှတ်ထားတဲ့ radar station က ဘူမိဗေဒဆိုင်ရာအရာဝတ္တုတွေ၊ relief တွေကို ခွဲခြားပေးတဲ့ဆုံးဖြတ်ချက်တွေကိုပေးနိုင်တယ်။ ဘူမိဗေဒဆိုင်ရာအရာဝတ္တုတွေဆိုတာ က မြေဆီလွှာတွေ၊ဆီးနှင်းတွေ၊တစ်ချို့ညက်ညောတဲ့ အရာဝတ္တုအစုအပုံ တွေရဲ့ အောက်မှာ ဖြစ်နေနိုင်တယ်။ဒါကြောင့်အဓိကအရေးကြီးတာက ရေဒီယိုလှိုင်းရဲ့ ဖောက်ထွင်းနိုင်တဲ့ အရည်အချင်း ပဲဖြစ်ပါတယ်။ အဆောက်အဦးတွေ၊လယ်ကွင်းတွေ၊ မညီညာတဲ့သဘာဝ မြေပြင်ပုံစံတွေက relief ရဲ့အဓိက charateristic တွေကို သိဖို့နှောင့်ယှက်ခြင်းမရှိပါဘူး။ပြတ်ရွေ့ကြောင်းကို ရှာဖွေတဲ့နေရာမှာတော့ ရေဒါပုံရိပ် တွေကရိုးရိုးဓါတ်ပုံတွေထက် အများကြီးသာပါတယ်။ရိုးရိုးဓါတ်ပုံတွေမှာ ရေဒါပုံရိပ်တွေ ထက် သာတဲ့အချက်မရှိပါဘူး။ ယဉ်စွန်းတန်းဒေသတွေတို့၊ တိမ်ဖုံးသောဒေသတွေတို့ အစရှိတဲ့ရောက်ရန်ခက်ခဲတဲ့ ဇုန်တွေရဲ့ ဘူမိဗေဒဆိုင်ရာ လေ့လာမှူအပိုင်း တွေမှာ တော့ radar station တွေက အရမ်းအရေးကြီးတဲ့ အစိတ် အပိုင်းတစ်ခု ပါပဲ။ရေဒါနည်းလမ်းနဲ့ ဘူမိဗေဒဆိုင်ရာ လေ့လာမှူကို အပိုင်း(၃)ပိုင်း ခွဲခြား ထားပါတယ်။





(၁) စူးစမ်းရှာဖွေခြင်း (detection)
(၂) မှတ်မိခြင်း၊အာရုံခံခြင်း(identification)
(၃) အနက်ကောက်ခြင်း/ချက်၊အဓိပ္ပာယ်ပြန်ခြင်း/ချက် (interpretation)

(၁) စူးစမ်းရှာဖွေခြင်း (detection)

စူးစမ်းရှာဖွေခြင်းဆိုတာကတော့မိမိ radar station ရဲ့အများဆုံးသိရှိနိုင်တဲ့ အကွာ အဝေး၊ဧရိယာအတွင်းမှာ မိမိတို့ရှာဖွေနေတဲ့ object ရှိမရှိဆိုတာကိုရှာဖွေတာပဲ ဖြစ်ပါတယ် ။

(၂) မှတ်မိခြင်း၊အာရုံခံခြင်း(identification)

မှတ်မိခြင်း၊အာရုံခံခြင်းဆိုတာကတော့ Radar station ရဲ့သရုပ်ဖော်ချက်တွေကနေ စူးစမ်းရှာဖွေထားတဲ့object ရဲ့ classification ကိုကြိုတင်ခန့်မှန်းခြင်းပဲဖြစ်ပါတယ်။

(၃) အနက်ကောက်ခြင်း / ချက်၊ အဓိပ္ပာယ်ပြန်ခြင်း / ချက် (interpretation)

ဇုံ (သို့မဟုတ်) ဧရိယာ တစ်ခုအတွင်းမှာရှိတဲ့ ဘူမိဗေဒဆိုင်ရာဖွဲ့စည်းတည်ဆောက်ပုံ တွေကို အနက်အဓိပ္ပာယ် ကောက်ယူတဲ့အခါမှာ အဲဒီ့ဇုံ အဲဒီ့ဧရိယာရဲ့အခြေခံ(data set) အချက်အလက် တွေ ၊ အခြားသော sensor တွေကနေ ပေးပို့တဲ့ အချက်အလက်တွေကနေ မိမိတို့တွေ့ရှိတဲ့ object ဟာ ဘာဖြစ်တယ်ဆိုတာကို ကောက်ချက် ချပါတယ်။ relief အမျိုးအစားများ၊ မြေအောက် ရေကြောများ၊ သဘာဝပေါက်ပင်များ၊ အပေါ်ယံမြေဆီလွှာများက အနက်ကောက်ခြင်း / ချက်၊ အဓိပ္ပာယ်ပြန်ခြင်း / ချက် (interpretation) အတွက် အခြေခံအချက်အလက်တွေပဲ ဖြစ်ပါတယ်။ တစ်နေရာနဲ့တစ်နေရာ relief အမျိုးအစားကွာခြားချက်လေးတွေက အများကြီးစကားပြောပါတယ်။ ဒါကြောင့် relief တွေက ဘူမိဗေဒဆိုင်ရာ ဖွဲ့စည်းတည်ဆောက်ပုံ တွေကို အနက်အဓိပ္ပာယ် ကောက်ယူတဲ့အခါမှာ အရေးပါတဲ့ indicator ဖြစ်လာတယ်။

No comments:

Post a Comment