Sunday, September 14, 2008

Doppler- Effect

ကျွန်တော်တို့ radar technology မှာ Doppler- Effect ကို ပြသနာနှစ်ခုနဲ့ ပတ်သတ်တဲ့နေရာ တွေမှာသုံးပါတယ်။ အဲဒါတွေကတော့ အလျင် speed ကို တိုင်း တာခြင်း နဲ့ ရွေ့လျားနေတဲ့ပစ်မှတ်တည်နေရာကို ညွှန်ပြခြင်းတွေပဲ ဖြစ်ပါတယ်။Doppler- Effect ဆိုတာကတော့ sound source က နားထောင်သူနဲ့တဖြည်းဖြည်း ဝေးသွားတဲ့ အချိန်မှာပဲဖြစ်ဖြစ် နီးလာတဲ အချိန်မှာပဲဖြစ်ဖြစ်(ဒါမှမဟုတ်) နားထောင်သူ က sound source နဲ့ တဖြည်းဖြည်းဝေး သွားတဲ့အချိန်မှာပဲဖြစ်ဖြစ်နီးလာတဲ့အချိန် မှာပဲဖြစ်ဖြစ် frequency ထဲမှာသိသိသာသာပြောင်းလဲသွားတဲ့ အပြောင်း အလဲ ကိုခေါ်ပါတယ်။ဒီနိယာမသဘောတရားကိုရှာဖွေတွေ့ရှိခဲ့တာကတော့ဂျာမနီသိပ္ပံပညာ ရှင် Christian Doppler ဖြစ်ပါတယ်။ကဲ…အပေါ်မှာ ပြောခဲ့တဲ့ပြောင်းအလဲဆိုတာလေးကို နည်းနည်းပိုတိကျအောင်ပြောကြရအောင်။ဒါမှလည်း Doppler-Effect ဆိုတာကိုသေသေ ချာချာ နားလည်မှာပါ။ ဆိုကြပါစို့ရဲ့…..ကျွန်တော်တို့ခုဥပမာအနေနဲ့လေ့လာမဲ့ အသံလှိုင်း တစ်ခုရဲ့ frequency နဲ့ wavelength ဟာကိန်းသေတွေဖြစ်နေကြတယ်ဆိုကြပါစို့။အကယ်၍ ကျွန်တော် တို့ရဲ့ အသံလှိုင်းကိုထုတ်မဲ့ source ကလည်းရွေ့လျားမနေဘူး ၊ဖမ်းမဲ့ receiver ကလည်း ရွေ့လျားမနေဘူးဆိုရင် receiver ကဖမ်းမိမယ့် frequency ဟာလည်းပြောင်းလဲမှူ ရှိမှာမဟုတ်ပါဘူး။ဘာကြောင့်လည်းဆိုရင် အသံ source ကနေထုတ်လိုက်တဲ့အတိုင်း တစ်မိနစ် မှာလှိုင်းအရေအတွက်ဘယ်လောက်ဆို ဘယ်လောက် receiver ကကွက်တိပြန် ဖမ်းမိလို့ပါ။ကဲလာပြီ…စရွေ့ကြမယ်….။အကယ်၍ အသံ source ကပဲဖြစ်ဖြစ် receiver ကပဲ ဖြစ်ဖြစ် အခြားတစ်ခု ရှိရာကိုရွေ့လျားလာမယ်ဆိုရင် receiver ကခုန နှစ်ခုလုံးရွေ့လျားမနေ တုန်းကမိတဲ့ frequency ထက်ပိုများတဲ့ frequency ကိုမိမှာပါ။ရှင်းပါတယ်။အသံနဲ့နီးရာကိုပဲ ကျွန်တော်တို့ကသွားသွား အသံကပဲကျွန်တော်တို့နဲ့နီးရာကို ပဲလာလာ ကြားနေရတဲ့အသံ ပိုကျယ်လာမယ်မဟုတ်လား။ဒီသဘောပါပဲ။ပြောင်းပြန်အားဖြင့်ဝေးတဲ့ဘက်ကို တစ်ခုခုက သွား မယ်ဆိုရင် receiver ကခုန နှစ်ခုလုံးရွေ့လျားမနေ တုန်းကမိတဲ့ frequency ထက်နည်းတဲ့ frequency ကိုမိမှာပါ။ဒါလည်းရှင်းပါတယ်။အသံနဲ့ဝေးရာကို ကျွန်တော်တို့ကသွားသွား အသံကပဲကျွန်တော်တို့နဲ့ဝေးရာကိုသွားသွား ကြားနေရတဲ့အသံ တိုးသွားမယ်မဟုတ်လား။



File:Dopplerfrequenz.gif


ကဲဗျာ….ပိုရှင်းအောင် ဥပမာတစ်ခုထပ်ပေးကြရအောင်။ကားတစ်စီးမောင်းဖို့အတွက်စက်နှိုး ထားတယ်ဆိုကြပါစို့။ အဲဒီကားကကျွန်တော်တို့နဲ့ သုံးရာကီလိုမီတာအကွာလောက်မှာထားပါ တော့။ဒီကားကစက်သာနှိုးထားတာ ဆယ့်ငါးမိနစ်လောက်ကြာတဲ့အထိမထွက်ဘူးဆိုပါစို့။ ဒါဆိုအဲဒီဆယ့်ငါးမိနစ်လုံးကားစက်သံကို တသတ်မတ်တည်း ကျွန်တော်တို့ကြားနေရမယ် ဆိုတာ ဟုတ်တယ်နော်။အဲဒီနောက် ကားကကျွန်တော်တို့ထိုင်နေတဲ့ဘက်ကိုမောင်းထွက် လာတယ်ဆိုရင် ကားကနီးလာလေလေ ကားစက်သံကိုကျွန်တော်တို့ပိုကျယ်လာလေလေပဲမဟုတ် ဘူးလား။အဲလိုပဲ ကားကကျွန်တော်တို့ထိုင်နေတာနဲ့ဆန့်ကျင်ဘက်ကို မောင်းထွက်သွားတယ် ဆိုရင် ကားကဝေးသွားလေလေ ကားစက်သံကတိုးသွားလေလေမဟုတ်ဘူးလား။ဒီသဘော တရားကို ကြီးကြီးကျယ်ကျယ် Doppler-Effect လို့ ပြောနေတော့တာပါပဲဗျာ။ဒီလိုပြော လို့ အထင်တော့မသေးနဲ့ radar technology မှာသူမပါရင်ပွဲမစည်ဘူးဗျ။


fD=2V/λ

fD = doppler frequency, V = speed of the wave_source, λ =wavelength

1 comment:

  1. ကျေးဇူးပါဘဲ ဆရာ။အစကို Doppler-effect ဆိုတာကို ကောင်းကောင်းနားမလည်ဘူး။ဆရာရှင်းပြတော့ တော်တော်ကိုနားလည်သွား
    တယ်။ဥပမာတွေနဲ့ရှင်းပြတော့ ပိုသဘောပေါက်တာပေါ့။
    လေးစားလျက်
    တပည့် - တိုးဝေဖြိုး

    ReplyDelete