Tuesday, September 9, 2008

Two dimensional discrete signal

Two dimensional discrete signal ဆိုတာ ကိန်းပြည့်စုံတွဲတွေကို order အလိုက်စီစဉ်ပြီး ပေါင်းထားတဲ့ function ပဲဖြစ်ပါတယ်။equation ကိုကြည့်လိုက်ပါ။ရှင်းသွားပါလိမ့်မယ်။
X={ x(n1,n2), -∞< n1 , n2 <∞ }
Sequence မှာပါတဲ့ element တစ်ခုချင်းစီကို counter လို့ခေါ်ပါတယ်။ဒီလိုဆိုရင် x(n1,n2) ဆိုတာဟာ (n1,n2) ဆိုတဲ့ အမှတ်မှာရှိတဲ့ counter x လို့ပြောခြင်းပဲဖြစ်ပါတယ်။counter တွေ ရဲ့တန်ဖိုးက real ကိန်းဖြစ်နိုင်သလို complex ကိန်းတွေလည်းဖြစ်နိုင်ပါတယ်။ တကယ်လို့ n1 နဲ့ n2 ဟာကိန်းရှင်တွေဖြစ်မယ်ဆိုရင်x(n1,n2) ဆိုတဲ့ဖော်ပြချက်ဟာကိန်းစဉ်တန်းတစ်ခုလုံးရဲ့ သင်္ကေတအဖြစ်ကြည့်ရှူရပါတယ်။ဒီလိုသင်္ကေတဟာဆီလျော်ညီညွတ်ခြင်းမရှိပေမယ့်လည်း နည်းပညာဆိုင်ရာစာပေတွေမှာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုကြပါတယ်။

တခါတလေ signal x ကိုလေ့လာတဲ့ခါ argument တွေရဲ့ကိန်းဂဏန်းတန်ဖိုးတွေနဲ့သာလျင် ဖော်ပြတဲ့ရိုးရှင်းလွယ်ကူတဲ့ function မျိုးတွေပဲမဟုတ်ပဲ counter အစုအဝေးကြီးအနေနဲ့ ဖောက်ပြတဲ့ function မျိုးတွေတွေ့ရပါတယ်။ တကယ်တွက်ကြပြီဆိုရင်တော့ counter အရေအတွက်ကို သိပြီးသားဖြစ်ပါတယ်။တနည်း အားဖြင့် (n1,n2) ပြင်ညီပေါ်က တွက်မဲ့ region ရဲ့ boundary ကိုသိပြီးသားမို့ပါ။ဥပမာ အားဖြင့်ဆိုရရင် အဖြူအမည်းပုံရိပ်နဲ့ မြေပြင်ကို scan ဖတ်ကြည့်တယ်ဆိုကြပါစို့။ကျွန်တော် တို့ scan ဖတ်မဲ့ boundary အကျော်မှာရှိတဲ့နေရာတွေအတွက် counter တွေမလိုပါဘူး။ ကျွန်တော်တို့ရဲ့ limit ကျော်သွားတဲ့ counter တန်ဖိုးကို သုညပဲယူပြီးတွက်မှာဖြစ်ပါတယ်။ two dimensional sequence ရဲ့ graphical image ကိုအောက်မှာဖော်ပြထားပါတယ်။

No comments:

Post a Comment