Saturday, September 27, 2008

Tactical-technical characteristics of radar(1)

ရေဒါ station တစ်ခုကို ကိုယ်တိုင်ဒီဇိုင်းဆွဲ၊ကိုယ်တိုင်တွက်ချက် တည်ဆောက်တော့မယ် ဆိုရင်ပဲဖြစ်ဖြစ်၊ သူများနိုင်ငံက၀ယ်တော့ မယ်ဆိုရင်ပဲဖြစ်ဖြစ် အရင်ဦးဆုံးသိဖို့လိုတာ ကတော့ Tactical-technical characteristics of radar ပဲဖြစ်ပါတယ်။ဘာလို့လဲဆိုရင် ရေဒါတစ်ခုရဲ့အရည်အချင်း စွမ်းပကားကိုသိချင်ရင်Tactical နဲ့ technical characteristics တွေကိုကြည့်ရလိုပါပဲ။ ဒီရေဒါက ဘယ်အပိုင်းအခြားအကွာဝေး(ဇုံ)အထိဖမ်းယူနိုင်တာလဲ၊ ဘယ်လောက်အလျင်မျိုးနဲ့လာတဲ့ အရာဝတ္တုမျိုးအထိဖမ်းနိုင်မလဲ အစရှိတာတွေကို အခု ကျွန်တော်ပြောမဲ့ characteristics တွေကဖော်ပြမှာဖြစ်ပါတယ်။ဒီမှာမှ Tactical character –istics နဲ့ technical characteristics ဆိုပြီးနှစ်မျိုးဖြစ်နေပါတယ်။အဲဒါကိုကျွန်တော်အရင် ရှင်းပါမယ်။ အဲဒါလေးကဘာမှမဟုတ်ပေမယ့် ဒီမှာအရေးကြီးတဲ့အပိုင်းဖြစ်နေလို့ပါ။ ကျွန်တော်တို့ကို ရေဒါ station တစ်ခုရဲ့ဒီဇိုင်းဆွဲဖို့တာဝန်ပေးပြီဆိုကြပါစို့။တာဝန်ပေးမယ့် သူက engineer ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ဖြစ်ခဲ့ရင်လည်းသူပေးမယ့် အချက်အလက်တွေက တွက်ချက်မှူအပိုင်းမှာထည့်တွက်ရမယ့် data တွေကိုပေးမှာမဟုတ်ပါဘူး။ တာဝန်ပေး မယ့်သူက ဘယ်လိုရေဒါမျိုးတည်ဆောက်ရမယ်ဆိုတာကိုသိမှာမဟုတ်ပါဘူး။အဲဒီတော့ သူဘာလုပ် ချင်တယ်ဆိုတာပဲပြောမှာပါ။
နားလည်လွယ်အောင် ကျွန်တော်ဥပမာလေးနဲ့ပြောပါမယ်။ computer တစ်လုံးဝယ်မယ် ဆိုကြပါစို့။ ၀ယ်မယ့်သူက computer အကြောင်းနားမလည်ဘူးဆိုရင် သူကိုကျွန်တော်တို့ မေးဖို့လိုတာက ကွန်ပြူတာကိုသူဘာအတွက်အသုံးချမလဲဆိုတာမဟုတ်ဘူးလား။ အဲဒီ ရည်ရွယ်ချက်တော့သူမှာရှိကိုရှိမယ်လေ။သူအနေနဲ့ဒါကိုပြောလည်းပြောတတ်ပါလိမ့်မယ်။ ဆိုပါစို့ရဲ့။သူက vedio editing လုပ်ချင်တယ်လို့ပြောရင် ကျွန်တော်တို့က graphic card ကောင်းကောင်းလေးနဲ့ဆင်ပေးရပါလိမ့်မယ်။ data တွေခပ်များများသိုလှောင်အသုံးပြု ချင်တယ်ဆိုရင်တော gigabyte များတဲ့ hard disk လေးသုံးပေးရမယ်မဟုတ်လားဗျာ။



ဒီသဘောပါပဲ။အဲဒီတော့ တာဝန်ပေးမယ့်သူက ကျွန်တော်တို့ကို သူလိုချင်တာကို တည့်တိုး ကြီးပြောလာမှာပါ။အဲဒိ characteristics တွေကို Tactical characteristics လို့ခေါ်ပါတယ်။ အဲဒိကနေမှတဆင့် ကျွန်တော်တို့က technical characteristics တွေကိုပြောင်းယူတွက် ထုတ်ရမှာဖြစ်ပါတယ်။ Tactical-technical characteristics of radar(2) ကြရင် Tactical နဲ့ technical characteristics အကြောင်းတွေကိုအသေး စိတ်ကျွန်တော်ထပ်ပြီးရှင်းပါဦး မယ်။

2 comments:

  1. ရေဒါဆိုတာဘာလဲဆိုတာသင်တော့သင်ရတယ်။ဒါပေမယ့်
    သေသေချာချာသိပ်မသိခဲ့ဘူး။
    တကယ်တော့ရေဒါဆိုတာဘာလဲသိပ်နားမလည်ဘူး...
    အခုတော့သိသွားပြီ။ကျေးဇူးနော်.. :) :)

    ReplyDelete
  2. ကျောင်းတတ်တုန်းကတော့ရေဒါနဲ့ပတ်တာသင်ဖူးတယ်။
    ဒါပေမယ့်သိပ်နားမလည်ခဲ့ဘူးဦးဦး...
    အခုလိုပြန်သိခွင့်ရတာနဲ့ရှင်းပြပေးတာကျေးဇူး..။

    ReplyDelete