Tuesday, August 11, 2009

radio range finders

Radar system တစ်ခုမှာ target ရှိမရှိဆိုတာသိရုံနဲ့ မလုံလောက် သေးပါဘူး။ အဲဒီ target ရဲ့ အကွာအဝေး ၊ အလျင် ၊ ထောင့် စတာတွေကိုအတိအကျတိုင်းတာ ပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ ဒီ target ရဲ့ တည်နေရာ ၊ လုပ်ဆောင်မှု နဲ့ ရည်ရွယ်ချက် ကိုတိတိကျကျပြောနိုင်မှာဖြစ်ပါတယ်။ ပထမဦးစွာ အကွာအဝေးတိုင်းတာခြင်းအပိုင်း ကနေ စတင်ရအောင်။
radio range finder ဆိုတာ radio နည်းပညာဆိုင်ရာ ပစ္စည်းတစ်ခုဖြစ်ပါတယ်။ reflected signal ရဲ့ time delay ကနေ target အထိအကွာအဝေးကို တိုင်းတာခြင်းပဲ ဖြစ်ပါတယ်။

t=2R/c ; ဒီအခြေခံဖော်မြူလာလေးကနေတွက်ထုတ်သွားတာပဲဖြစ်ပါတယ်။ ဖော်မြူလာ လေးက ရှင်းရှင်းလေးပါ။ ကျွန်တော်တို့ signal တစ်ခုကိုလွှင့်ထုတ်လိုက်တဲ့အချိန်ကနေ ပြန်မိတဲ့ အချိန်ကြားက time taken လေးကိုတွက်ထားတာပါ။ signal ပြန်ရောက်ဖို့ဆိုရင် အသွားကောအပြန်ကောလိုတာမို့ 2R ဖြစ်နေတာပါ။ R က ကျွန်တော်တို့ ရေဒါနဲ့ target ကြားကအကွာအဝေးပါ။ ကျွန်တော်တို့ရေဒီယိုဝေ့ဖ်တွေဟာ အလင်းအလျင် နီးပါးနဲ့ သွားတာမို့ c နဲ့ပြန်စားထားတာပါ။ ဒီတော့ ဒီဖော်မြူလာလေးမှာ reflected signal ရဲ့ time delay ကိုသာသိရင်ကျွန်တော်တို့ range ( R ) ကိုသိပြီပေါ့ဗျာ။ ဒီလို time delay ကိုရှာတဲ့အခါ နည်းအမျိုးမျိုးနဲ့ရှာကြပါတယ်။ ဒါကြောင့်အောက်ပါအတိုင်း radio range finders များကိုအမျိုးအစားခွဲခြားနိုင်ပါတယ်။

၁။ frequency radio range finders ၊

၂။ phase radio range finders ၊

၃။ impulse radio range finders ၊

၎။ radio range finders with complex signals ။

ဒီ range finders တွေကို ကျွန်တော်အချိန်ရရင် ရသလို ရေးသွားမှာဖြစ်ပါတယ် ခင်ဗျာ။

No comments:

Post a Comment