Monday, January 3, 2011

General requirements of measurement accuracy of height and aircraft vertical speed

Height နဲ့ Vertical speed တိုင်းတာတဲ့ equipment ဟာ ယခုခေတ်ပေါ် aircraft တွေမှာ မရှိမဖြစ် မပါမဖြစ်ပါရမယ့် ပစ္စည်းတစ်ခုဖြစ်လာပါတယ်။ အဲဒီ equipment တွေ တနည်းအားဖြင့် altimeter တွေအကူအညီနဲ့ problem တွေကိုဖြေရှင်းပေးပါတယ်။
  • ၁။ လေယာဉ် သို့မဟုတ် ဟယ်လီကော်ပတာများ စတက်သည့်အချိန်မှ ဆင်းသက်သည့်အချိန်အတွင်း ထိန်းသိမ်းမောင်းနှင်ခြင်း၊
  • ၂။ မြေမျက်နှာပြင်ပုံသဏ္ဍန်အား လေယာဉ်မှ သို့မဟုတ် အာကာသယာဉ်ပေါ်မှ တိုင်းတာခြင်း၊
  • ၃။ အခြားဂြိုလ်များပေါ်သို့ အာကာသယာဉ်များ ညှင်သာသောဆင်းသက်မှု soft landing စနစ်များတွင် အလိုအလျောက်ထိန်းသိမ်းခြင်း၊
  • ၄။ အာကာသယာဉ်များအား ပဲ့ထိန်းစနစ်ဖြင့်ပစ်လွှတ်ပြီးနောက် လမ်းကြောင်းတစ်လျောက် အလွတ် ပျံသန်းနေစေရန် အလိုအလျောက်ထိန်းသိမ်းခြင်း၊
  • ၅။ Satellite များနှင့် ဂြိုလ်များ၏ အမြင့်ကိုတိုင်းတာခြင်း၊
  • ၆။ နေရာအမျိုးမျိုးတွင်အသုံးပြုသောပစ္စည်းများ၌ အမြင့်တိုင်းတာခြင်း။

Altimeter ကိုအသုံးပြုပြီးဖြေရှင်းတဲ့ problem တွေတော်တော်များများဟာ အထက်ပါ assignment တွေက problem တွေပဲဖြစ်ပါတယ်။

ပိုင်းလော့ရဲ့ orientation အတွက် tactical problem တွေဖြေရှင်းဖို့ altimeter ဟာအခြေခံ ကိရိယာဖြစ်ပါတယ်။ ဒီ့အပြင် ဒီရေအတက်အကျရှိသော၊ ရေခဲတုံးများမျောနေသော သမုဒ္ဒရာရေမျက်နှာပြင်ရဲ့ level ၊ ရေလှိုင်း အမြင့် အစရှိသည်တို့ကိုလည်း altimeter များအသုံးပြု၍တိုင်းတာနိုင်ပါတယ်။

လ၊ မားစ်ဂြိုလ်၊ ဗီးနပ်စ်ဂြိုလ် အစရှိတဲ့ဂြိုလ်တွေရဲ့မျက်နှာပြင်တွေပေါ် အာကာသယာဉ်တွေဆင်းသက် မှုကို soft landing လို့ခေါ်ပါတယ်။ အဲလိုဆင်းသက်မှုမျိုးတွေမှာ altimeter နှစ်မျိုးမှ တစ်မျိုးမျိုးကို သုံးလေ့ရှိပါတယ်။ အဲနှစ်မျိုးကတော့ high-altitude radio altimeter (75-10km)၊ low-altitude radio altimeter (12km-3m)။

Satellites များမှာ altimeter တပ်ဆင်ပြီး ကမ္ဘာ့ geoid ကိုတိုင်းတာခြင်းဟာ သမားရိုး geophysical study နည်းလမ်းများထက် ပိုပြီးတိကျပါတယ်။ အကယ်၍ global geoid ကိုတိုင်းတာမယ်ဆိုရင် measurement accuracy ကို 5 m အထိလက်ခံပါတယ်။ altimeter နဲ့တိုင်းတဲ့အခါမှာတော့ measurement accuracy ကို 1 m အထိတိုင်းတာနိုင်ပါတယ်။

Altimeter တွေမှာ အခြေခံကျတဲ့ factor တွေကတော့ height measurement accuracy and aircraft vertical speed ပဲဖြစ်ပါတယ်။ aircraft တွေရဲ့ class ကွဲပြားသလို တိုင်းတာတဲ့အခါ လိုအပ်တဲ့ accuracy ကလည်းကွဲပြားနေတာကြောင့် ဘယ်လောက်ထိအမှားခံနိုင်သလဲ ဆိုတာကို တိတိကျကျပေးဖို့လိုအပ်ပါတယ်။ ဆိုလိုတာက altimeter တစ်လုံးစတင်တည်ဆောက် တော့မယ်ဆိုရင် ဘယ်လိုရည်ရွယ်ချက်နဲ့သုံးမယ်၊ ဘယ်လို aircraft အမျိုးအစားမှာသုံးမယ်၊ accuracy ဘယ်လောက်ရှိရမယ်ဆိုတာမျိုးကိုတိတိကျကျသိထားဖို့လိုအပ်ပါတယ်။ တကယ်တမ်းကတော့ altimeter တွေဟာ မညီညာတဲ့မျက်နှာပြင်ကို ရိုက်ပြီးပြန်လာတဲ့ signal ကိုအသုံးပြုရတာဖြစ်ပါတယ်။ အဲဒါကြောင့် Height နဲ့ Vertical speed တိုင်းတာတဲ့အခါ ဖြစ်လာတဲ့အမှားဟာ random character ရှိပါတယ်။ များသောအားဖြင့် measurement accuracy ကို “ ∆ “ နဲ့ပြလေ့ရှိပြီး ဖြစ်နိုင်ခြေ P(∆) = 0.95 ယူလေ့ရှိပါတယ်။ တကယ်လို့ measurement error က Gaussian distribution အတိုင်းပျံ့နှံ့နေတယ်ဆိုရင် measurement accuracy ဟာ ∆ = 2 sigma‌‌‌‌ . sigma - one-sigma value. Table 1.1 မှာ တချို့သော aircraft တွေရဲ့ measurement error များကိုသူတို့ရဲ့ technical characteristic တွေနဲ့တွဲပြထားပါတယ်။

Requirements of measurement accuracy ဟာ ပစ္စည်းတည်ဆောက်ရာ၌ရှုပ်ထွေးမှု နှင့် ပစ္စည်းတန်ဖိုးတို့နှင့် ဆက်စပ်နေပါတယ်။ ဒါကြောင့် requirements of measurement accuracy of height and aircraft vertical speed တို့ကိုရွေးချယ်တွက်ချက်တဲ့အခါ ဘယ်လောက် safety ဖြစ်သလဲ၊ mass ဘယ်လောက်ရှိမလဲ၊ အရွယ်အစား၊ တန်ဖိုး အစရှိသည်တို့ကိုပါထည့်သွင်းစဉ်းစားတွက်ချက် ရပါတယ်။ measurement accuracy ကိုထိခိုက်နိုင်တဲ့ နောက်ထပ်အရေးကြီးတဲ့ parameter တွေရှိပါသေးတယ်။ အဲဒါတွေကတော့ aircraft တွေရဲ့ angle of roll နဲ့ dip angle, pitch angle တို့ပဲဖြစ်ပါတယ်။ ရှင်းအောင်ထပ်ပြောရရင်တော့ aircraft တွေ ဘယ်ညာစောင်းတာနဲ့ ရှေ့နောက်စိုက်ကျသွား လန်တက်သွားတဲ့ အခါမျိုးတွေကိုပြောတာဖြစ်ပါတယ်။ typical altimeter တွေမှာတော့ angle of roll ၄၀-၅၀ ဒီဂရီ နဲ့ dip angle, pitch angle ၂၀ ဒီဂရီအထိ လက်ခံထားပါတယ်။ အဲဒီဒီဂရီတွေအထိတိမ်းလို့စောင်းလို့ ဖြစ်လာတဲ့ error တွေကို လက်ခံနိုင်အောင်ဒီဇိုင်းလုပ်ထားပါတယ်။ အဲဒီဆိုးကျိုးကြောင့်ဖြစ်လာတဲ့ error တွေကို gyro stabilization antenna assembly သုံးပြီးပြန်ချိန်ညှိပါတယ်။ ပြောရရင်တော့ aircraft ဘယ်လိုစောင်းစောင်း လွှင့်ထုတ်ဖမ်းယူနေတဲ့ radio beam ကိုတိမ်းစောင်းမသွားပဲနဂိုအတိုင်းရှိအောင် (antenna စောင်းမသွားအောင်) ထိန်းပေးတဲ့ပစ္စည်းတပ်ဆင်အသုံးပြုခြင်းအားဖြင့် measurement accuracy ကိုမြှင့်တင်ပေးပါတယ်။ သို့ပေမယ့် အဲဒီ့နည်းလမ်းဟာ ကုန်ကျစားရိတ်မြင့်မားတဲ့အတွက် များသောအားဖြင့် space system များအတွက်သာအသုံးပြုလေ့ရှိပြီး လေယာဉ်များ ဟယ်လီကော်ပတာများတွင်တော့ wide diagram ရှိတဲ့ antenna များကိုအသုံးပြုခြင်းဖြင့် measurement accuracy ကိုမြှင့်တင်ပေးပါတယ်။

Table 1.1

Monday, March 1, 2010

Radar gun (or) speed gun

နည်းပညာအားဖြင့်မရှုပ်ထွေးပဲ အသုံးဝင်တဲ့ရေဒါအမျိုးအစားလေး အကြောင်းကို မျှဝေ လိုက်ခြင်းပဲ ဖြစ်ပါတယ်။ Radar gun ဆိုတာ Doppler radar အသေးစားလေးပဲဖြစ်ပါတယ်။ သူ့ကို အရာဝတ္ထုတွေရဲ့ အလျင်ကို တိုင်းတဲ့အခါ ၊ အထူးသဖြင့် မော်တော်ယဉ်တွေ ဘယ်အလျင်နဲ့ မောင်းနေတယ် ဆိုတာကို သိလိုတဲ့အခါ သုံးပါတယ်။ ဒါ့အပြင် ဘေ့စ်ဘော၊ အပြေး စတဲ့ ရွေ့လျားနေတဲ့ ပစ္စည်းတွေ လူတွေရဲ့ အလျင်ကိုသိလိုတဲ့ အားကစားနည်းတွေမှာ လည်းသုံးပါတယ်။ Radar gun ဟာ အရာဝတ္ထုရဲ့ တည်နေရာ အနေအထားကိုမပြပါဘူး။ သူနဲ့ချိန်ပြီးပစ်လိုက်တဲ့ အရာဝတ္တု (သို့) လူရဲ့ အလျင်ကိုပဲ ထုတ်ပေးပါတယ်။ Radar gun တွေကို လက်နဲ့ကိုင်ရတဲ့ သေနတ်ပုံစံနဲ့ထုတ်လုပ်သလို ဆိုင်ကယ်၊ ကား စတဲ့ ယဉ်တွေမှာလဲတပ်ဆင်အသုံးပြုကြပါတယ်။ ဒီကနေ့ခေတ်မှာတော့ များသောအားဖြင့် Radar gun တွေကို X band (8 to 12 GHz), K band (18 to 26.5 GHz), Ku band (12 to 18GHz) , Ka band (26.5 to 40 GHz), IR Band (infrared) တွေမှာပြုလုပ်ကြပါတယ်။ Radar gun ကို သိပ္ပံပညာရှင် Bryce K.Brown က ၁၉၅၄ ခုနှစ် မတ်လမှာ တီထွင်ကြံဆခဲ့ပါတယ်။ Chicago မြို့မှာ စတင်အသုံးပြုခဲ့ပါတယ်။ ပြုလုပ်ထားပုံကတော့ ရိုးရှင်းပါတယ်။ သူ့မှာ radio transmitter နဲ့ receiver ပါရှိပါတယ်။ transmitter ကနေ radio signal ကိုလွှင့်ထုတ်ပြီး receiver ပြန်လာတဲ့ signal ကို ပြန်ဖမ်းယူပါတယ်။ သေချာတာကတော့ Doppler effect ကြောင့် ဒီ frequency နှစ်ခုဟာ ခြားနားနေမှာ ဖြစ်ပါတယ်။ ဒီခြားနားချက်ကနေ အရာဝတ္တုရဲ့ အလျင်ကိုတွက်ထုတ်သွားတာပဲ ဖြစ်ပါတယ်။ ယဉ်ထိန်းရဲများအတွက် အတော်ပဲအသုံးဝင်တာကို တွေ့ရပါတယ်။ Traffic နဲ့ဆိုင်တဲ့ Radar gun တွေဟာ ပုံစုံအမျိုးမျိုးနဲ့ထွက်ပါတယ်။ လက်နဲ့ကိုင်တွယ်ချိန်ရွယ်တိုင်းတာရတာမျိုး၊ အငြိမ်တိုင်းတာရတာမျိုး၊ မိမိယဉ်ပါ ရွေ့လျား သွားလာရင်း တိုင်းတာနိုင်တာမျိုး အစရှိသဖြင့် အမျိုးမျိုး ထုတ်လုပ်ကြပါတယ်။ လက်နဲ့ကိုင်တွယ် ချိန်ရွယ်တိုင်းတာရတဲ့ အမျိုးအစားတွေဟာ ဘက်ထရီနဲ့ ဖြစ်ပါတယ်။ အငြိမ်တိုင်းတာရတဲ့ အမျိုးအစားတွေကိုတော့ ယဉ်ထိန်းရဲကားတွေမှာတပ်ဆင်လေ့ ရှိပါပြီး antenna တစ်ခု သို့မဟုတ် နှစ်ခုပါရှိတတ်ပါတယ်။ သူတို့ဟာကားများကို ရပ်ထားပြီးတိုင်းတာလေ့ ရှိပါတယ်။ သွားလာရင်း တိုင်းတာနိုင်တဲ့အမျိုးအစားတွေကိုလည်း ယဉ်ထိန်းရဲယဉ်များတွင် တပ်ဆင်အသုံးပြု လေ့ရှိပါတယ်။ စည်းမဲ့ကမ်းမဲ့မောင်းနှင်သွားသော ယဉ်များကိုလိုက်လံဖမ်းယူရင်း တိုင်းတာနိုင်ပါတယ်။ အများကြီး အသုံးဝင်ပါတယ်။ ကျွန်တော်တို့လို ဖွင့်ဖြိုးဆဲနိုင်ငံမှာ ဒီလိုရေဒါမျိုးလေးတွေကနေ စတင်ထုတ်လုပ် အသုံးပြုမယ်ဆိုရင် သင့်တော်ပါတယ်။

ပုံ - Radar gun (or) speed gun

သေးစိတ်သိရှိလိုလျင် http://www.radargunsblog.com/ မှာဖတ်ရှုနိုင်ပါတယ်။


Thursday, February 18, 2010

Unambiguous effect

ပုံ (၁) unambiguous effect

Unambiguous effect ဆိုတာကို နားလည်အောင်ပြောရမယ်ဆိုရင် ကျွန်တော်တို့ transmitted signal ရဲ့ pulse နောက်တစ်ခုမလာခင်မှာ reflected signal ရဲ့ pulse နှစ်ခု သုံးခုကိုတွေ့နေတယ်ဆိုရင် အဲဒီ reflected signal pulse တွေထဲက ဘယ် pulse ကိုရွေးချယ်ရမယ် ဆိုတာ ရှုပ်တွေးပြီး ဒွိဟဖြစ်စေပါတယ်။ ပိုရှင်းအောင်ကျွန်တော်ပုံနှင့်တကွ ထပ်ရှင်းပါအုံးမယ်။ ပုံ(၁) မှာကြည့်ပါ။ အစိမ်းရောင်နဲ့ ပြထားတဲ့ signal ဟာ transmitted signal ဖြစ်ပြီး အပြာရောင်နဲ့ ပြထားတာဟာ received signal ပါ။ signal မှာ 1 , 2 , 3 ဆိုတဲ့နံပါတ်လေးတွေက pulse တစ်ခုချင်းဆီရဲ့ နံပါတ်တွေပါ။ transmitted signal ရဲ့ first pulse (1) အစိမ်းရောင် က တားကဒ်ကိုထိပြီး ပြန်လာတဲ့ အပြာရောင် received signal ကို (1) နဲ့ ပဲပြန်ပြထားပါတယ်။ နောက်ကနံပါတ်တွေလည်းအလားတူပါပဲ။ အဲဒီလိုပြန်ဖမ်းမိတဲ့ခါ လွှင့်ထုတ်တဲ့ transmitted signal မှ ဒုတိယ pulse ကိုမရောက်သေးဘူး ပြန်ဖမ်းမိတဲ့ကောင်တွေက နှစ်ခုသုံးခုဖြစ်လာတဲ့ခါ (အပေါ်ပုံ) ဘယ် pulse ကြောင့် ဘယ် pulse ပြန်လာတယ်ဆိုတာကို မရွေးနိုင်ဘူးဖြစ်သွားပါတယ်။ ခုပုံမှာကျွန်တော်က 1 , 2, 3 ... တပ်ပေးထားလို့ 1 က 1 ကြောင့် ပြန်လာတယ်လို့သိတာကိုး။ နောက်တစ်ခုက signal ရဲ့ အစလိုမျိုးမှာကြည့်တာဖြစ်နေလို့ ပထမဆုံးလွှင့်လိုက်တဲ့ pulse ကရိုက်လို့ ပြန်လာတဲ့ဟာက ပထမဆုံးဖမ်းမိတဲ့ pulse ပဲလို့ခန့်မှန်းလို့ရတာလေ။ တကယ်လက်တွေ့ မှာက တစ်ချိန်လုံးလွှင့်ထားပြီးဖမ်းနေတာ။ တားကဒ်မရှိရင် ဘာမှပြန်မဖမ်းမိဘူး။ စတွေ့ပြီဆိုတာနဲ့ ဆက်တိုက်မိတော့တာ။ စပြီးဖမ်းမိတဲ့ received signal pulse ဟာ ဘယ် transmitted signal ရဲ့ ဘယ် pulse ကြောင့်ပြန်လာဟာလဲဆိုတာကို မသိနိုင်ဘူးဖြစ်သွားပါတယ်။ အဲလိုမသိတာကို သိအောင်လုပ်ရမယ်။ ဘယ်လိုလုပ်သလဲဆိုတော့ transmitted signal ရဲ့ period ( T ) ကိုရွေးချယ်ပါတယ်။ ဘယ်လိုဖြစ်အောင် ရွေးချယ်သလဲဆိုတာ ကျွန်တော်ဆက်ပြောပါ့မယ်။ ပြန်လာတဲ့ reflected ( received ) signal ဟာ t=2R/c ချိန်ကျမှ ပြန်မိတာမဟုတ်လား။ အဝေးဆုံးမှာရှိတဲ့ တားကဒ်ကိုရိုက်ပြီးပြန်လာမယ့် signal ဟာ အချိန်အကြာဆုံးမှမိမှာပဲ။ အဲတော့ အဲဒီအချိန်ကို တွက်လိုက်တယ် ။ t= 2Rmax/c ပေါ့။ အဲလိုရတယ့်အချိန်ထက် transmitted signal ရဲ့ period ကိုကြီးအောင်ရွေးချယ်ထားပါတယ်။ T > t ။ ဒါဆိုရင်ခုဏလိုမဖြစ်တော့ပဲ received signal ရဲ့ ပထမဆုံး pulse ဟာ သူဖြစ်ပေါ်လာစေဖို့ လွှင့်ထုတ်လိုက်တဲ့ transmitted signal pulse နောက်မှာ ပဲပေါ်တော့မှာပါ။ အောက်ပုံမှာကြည့်ပါ။ တနည်းပြောရရင် received signal pulse ဟာ သူ့ ရှေ့ မှာလွှင့်ထားတယ့် transmitted signal pulse ကြောင့်ဆိုတာသေချာသွားပါပြီ။ ဒီလိုဖြစ်အောင် လုပ်ထားတာလေးကို unambiguous effect လို့ခေါ်တာပဲဖြစ်ပါတယ်။ အချုပ်အားဖြင့် မှတ်ရမှာကတော့ signal ရဲ့ period ကိုရွေးချယ်တဲ့ခါ ဒီ unambiguous effect ကိုစဉ်းစား ရွေးချယ်ရတယ်ဆိုတာပဲဖြစ်ပါတယ်။

T > 2Rmax/c

Wednesday, October 21, 2009

Frequency radio range finders with symmetrical linear frequency modulation

ပုံ(၁) Frequency radio range finders with symmetrical linear frequency modulation

Frequency radio range finders with nonsymmetrical linear frequency modulation မှာကျွန်တော်တို့ Doppler effect ကိုထည့်မစဉ်းစားထား သေးတဲ့ အတွက် ရွေ့နေတဲ့ target တွေရဲ့ range ကိုရှာလို့မရနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ငြိမ်နေတဲ့ target တွေရဲ့ range တွေကိုတော့ တိတိကျကျတွက်ထုတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အခု တော့ကျွန်တော်တို့ Doppler effect ကိုထည့်စဉ်းစားထားပါပြီ။ သူ့ကြောင့် reflected signal မှာဖြစ်လာမယ့် beat frequency ဟာ ပုံမှာပြထားတဲ့အတိုင်းရိုးရှင်းလှပါတယ်။ တကယ်လို့သာ Doppler မရှိခဲ့ဘူးဆိုရင် signal ကို symmetrical linear frequency modulation လုပ်ထားတာမို့ beat frequency ဟာတစ်ဘက်နှင့် တစ်ဘက် ညီနေမှာဖြစ်ပါတယ်။ ဒါပေမယ့် Doppler ပါလာတဲ့အခါ beat frequency ဟာ ပုံမှာပြထားသလို beat frequency (1) နှင့် beat frequency (2) ဆိုပြီး နှစ်ခုဖြစ်လာပါတယ်။ အဲဒီမှာ တစ်ခုက Doppler effect ကြောင့် နည်းနေပြီး တစ်ခုကတော့ Doppler effect ကြောင့်ပဲ ပိုများနေပါတယ်။ အဲလိုလေးဖြစ်နေတာကနေ beat frequency ကော Doppler frequency ကော တွက်ထုတ်ထားပါတယ်။ beat frequency ရပြီဆိုရင် Frequency radio range finders with nonsymmetrical linear frequency modulation တုန်းကလိုပဲ ကျွန်တော်တို့ ရည်မှန်းချက် target ရဲ့ အကွာအဝေးကိုလွယ်လင့်တကူ တွက်ထုတ်နိုင်ပြီဖြစ်ပါတယ်။ ဒီ system မှာတော့ ကျွန်တော်တို့ ရည်မှန်းချက် target ဟာ ရွေ့နေသည်ဖြစ်စေ ရပ်နေသည်ဖြစ်စေ သူ့ရဲ့ အကွာအဝေးကို တိုင်းတာ တွက်ထုတ်နိုင်ပြီးဖြစ်ပါတယ်။


Saturday, August 15, 2009

Frequency radio range finders

ဒီ system ဟာ linear frequency modulation ကို အခြေခံပြီး စဉ်းစားထားတာ ဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်းလေးပေမယ့် တော်တော်လေးသဘောကျဖို့ကောင်းပါတယ်။ linear frequency modulation မှာ frequency ဟာ တသတ်မှတ်တည်းမဟုတ်ပဲ တောက်လျောက်ကျချင်ကျသွားမယ် ၊ တက်ချက်တက်လာမယ်ဆိုတာ သိပြီးသားဖြစ်ပါ လိမ့်မယ်။ ပုံ (၁-က) မှာလိုပေါ့။ အဲဒီလိုဖြစ်နေတဲ့ properties လေးကို အခြေခံထား ပါတယ်။ တစ်ကယ်လို့သာကျွန်တော်တို့ အသုံးပြုတဲ့ signal ဟာ တစ်သတ်မှတ် ထဲဖြစ်မယ်ဆိုရင် ( linear frequency modulation မဟုတ်ခဲ့ရင် ) ခုလို frequency နှစ်ခုရဲ့ ခြားနားချက်ကို ရှာလို့မရပါဘူး။ ဒါမဲ့ တကယ့်လက်တွေ့မှာတော့ ပုံ (၁-က) တုန်းကလို့ signal မျိုးဘယ်လိုမှထုတ်လို့မဖြစ်နိုင်ပါဘူး။ oscillator ကမထုတ်နိုင်သလို transmitter ၊ receiver တွေမှာလဲ အကန့်အသတ် limitation တွေရှိပါတယ်။ ဒါကြောင့် frequency radio range finders တွေမှာ ပုံ (၁-ခ) မှာပြထားတဲ့အတိုင်း nonsymmetrical linear frequency modulation ၊ symmetrical linear frequency modulation နဲ့ harmonic linear frequency modulation signal တွေကိုသာအသုံးပြုကြပါတယ်။



Frequency radio range finders with nonsymmetrical linear frequency modulation


ကျွန်တော်တို့ ဖမ်းမိတဲ့ signal ဟာ လွှင့်ထုတ်လိုက်တဲ့ signal နဲ့ယှဉ်မယ်ဆိုရင် အချိန် အတိုင်းအတာတစ်ခု နောက်ကျနေပါလိမ့်မယ်။ အဲလို အချိန်တစ်ခု နောက်ကျ ရတာဟာ target ကိုသွားထိပြီး ပြန်လာရတာကြောင့်ပဲ ဖြစ်ပါတယ်။ အဲဒီကြောင်းကို radio range finder အကြောင်းပြောတုန်းက ပြောခဲ့ပြီးပါပြီ။ အဲတော့ အဲဒီအချိန်ဟာ ကျွန်တော်တို့ လိုချင်တဲ့ range ပါပဲ။ အဲဒီအချိန် ကို frequency နှစ်ခုခြားနားထားတဲ့ beat frequency ( fd ) ကနေတွက်ထုတ်ယူနိုင် ပါတယ်။



ခက်တာက beat frequency က နှစ်ခုဖြစ်နေတာပါပဲ။ တစ်ခုတက်သွားရင် တစ်ခုကျ သွားတယ်။ ဒီလိုဖြစ် နေတော့ td ကလည်းနှစ်ခုဖြစ်နေပြန်ရော။ ပုံ (၂) မှာသေချာကြည့်စေ လိုပါတယ်။

အဲတော့ ဘယ် td ကိုရွေးရမလဲဆိုတာပြသနာဖြစ်လာပါတယ်။ ဒါကြောင့် ဒီ system မှာ Tm ≫ tdmax ဖြစ်အောင်လုပ်ထားပါတယ်။ အနည်းဆုံး ဆယ်ဆလောက် ပိုကြီးအောင် လုပ်ထားပါတယ်။ ဒီတော့ graph နှစ်ခုဖြတ်ပြီး နောက်ပိုင်းမှရလာတဲ့ td ကိုယူစရာမလို တော့ဘူးပေါ့။


ဒီလိုဆိုရင်တော့ ကျွန်တော်တို့လိုချင်တဲ့ beat frequency ကိုရပြီဖြစ်တဲ့အတွက် range ကိုတွက်ထုတ်နိုင်ပြီဖြစ်ပါတယ်ခင်ဗျာ။ ဒီ system ဟာ ရွေ့နေတဲ့ target တွေရဲ့ range ကိုတော့ရှာလို့မရသေးပါဘူး။ Doppler ဆိုတာကြီးကိုထည့်မစဉ်းစားထား သေးတဲ့ အတွက်ဖြစ်ပါတယ်။ ဒါပေမယ့် ငြိမ်နေတဲ့ target တွေရဲ့ range တွေကိုတော့ တိတိကျကျ တွက်ထုတ်နိုင်ပြီဖြစ်ပါတယ်။ radar system with symmetrical linear frequency modulation ကျရင်တော့ ရွေ့နေတာကော ငြိမ်နေတာကော အားလုံးရဲ့ range ကို တိုင်းတာတွက်ထုတ်လို့ရမှာဖြစ်ပါတယ်။ အချိန်ရရင်ရသလို ကျွန်တော်တင်ပြ ပေးသွား ပါမယ်ခင်ဗျာ။

Tuesday, August 11, 2009

radio range finders

Radar system တစ်ခုမှာ target ရှိမရှိဆိုတာသိရုံနဲ့ မလုံလောက် သေးပါဘူး။ အဲဒီ target ရဲ့ အကွာအဝေး ၊ အလျင် ၊ ထောင့် စတာတွေကိုအတိအကျတိုင်းတာ ပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ ဒီ target ရဲ့ တည်နေရာ ၊ လုပ်ဆောင်မှု နဲ့ ရည်ရွယ်ချက် ကိုတိတိကျကျပြောနိုင်မှာဖြစ်ပါတယ်။ ပထမဦးစွာ အကွာအဝေးတိုင်းတာခြင်းအပိုင်း ကနေ စတင်ရအောင်။
radio range finder ဆိုတာ radio နည်းပညာဆိုင်ရာ ပစ္စည်းတစ်ခုဖြစ်ပါတယ်။ reflected signal ရဲ့ time delay ကနေ target အထိအကွာအဝေးကို တိုင်းတာခြင်းပဲ ဖြစ်ပါတယ်။

t=2R/c ; ဒီအခြေခံဖော်မြူလာလေးကနေတွက်ထုတ်သွားတာပဲဖြစ်ပါတယ်။ ဖော်မြူလာ လေးက ရှင်းရှင်းလေးပါ။ ကျွန်တော်တို့ signal တစ်ခုကိုလွှင့်ထုတ်လိုက်တဲ့အချိန်ကနေ ပြန်မိတဲ့ အချိန်ကြားက time taken လေးကိုတွက်ထားတာပါ။ signal ပြန်ရောက်ဖို့ဆိုရင် အသွားကောအပြန်ကောလိုတာမို့ 2R ဖြစ်နေတာပါ။ R က ကျွန်တော်တို့ ရေဒါနဲ့ target ကြားကအကွာအဝေးပါ။ ကျွန်တော်တို့ရေဒီယိုဝေ့ဖ်တွေဟာ အလင်းအလျင် နီးပါးနဲ့ သွားတာမို့ c နဲ့ပြန်စားထားတာပါ။ ဒီတော့ ဒီဖော်မြူလာလေးမှာ reflected signal ရဲ့ time delay ကိုသာသိရင်ကျွန်တော်တို့ range ( R ) ကိုသိပြီပေါ့ဗျာ။ ဒီလို time delay ကိုရှာတဲ့အခါ နည်းအမျိုးမျိုးနဲ့ရှာကြပါတယ်။ ဒါကြောင့်အောက်ပါအတိုင်း radio range finders များကိုအမျိုးအစားခွဲခြားနိုင်ပါတယ်။

၁။ frequency radio range finders ၊

၂။ phase radio range finders ၊

၃။ impulse radio range finders ၊

၎။ radio range finders with complex signals ။

ဒီ range finders တွေကို ကျွန်တော်အချိန်ရရင် ရသလို ရေးသွားမှာဖြစ်ပါတယ် ခင်ဗျာ။

Thursday, June 11, 2009

A radar with moving target system against the background of passive jamming (2)


ပုံ(၁) blog diagram of a radar with moving target system


ဆက်ကြရအောင်ဗျာ။ Mixer 3 ကနေထွက်လာတဲ့ reference signal ကို phase detector 1 နဲ့ 2 ထဲကိုထည့်ပါတယ်။ တစ်လိုင်းကိုတိုက်ရိုက်ထည့်ပေမယ့် တစ်လိုင်း ကိုတော့ phase inverter နဲ့ phase ၉၀ ဒီဂရီချိန်းပြီးမှထည့်လိုက်ပါတယ်။ အဲဒီတော့ တစ်လိုင်းက sin( ω o - ω local oscillator ) တစ်လိုင်းက cos( ω o - ω local oscillator ) ပေါ့။ phase detector ရဲ့အဓိကအလုပ်ကတော့ phase ခြားနားချက်ကိုရှာပေးတာပါ။ signal နှစ်ခုသူ့ထဲကိုထည့် လိုက်တယ်။ အဲဒီ့ signal နှစ်ခုရဲ့ phase ခြားနားချက်ရှိတဲ့ resultant signal ကိုထုတ်ပေးတာပါ။ phase detector အထွက်ဘယ်လို ထွက်တယ်ဆိုတာကို အောက်ကပုံမှာ vector diagram နဲ့ကော time domain မှာကော ပြထားပါတယ်။



ပုံ(၂) output signal from phase detector



where...

Vr - resultant vector , Vre - vector of reference signal , Vc - vector of usefull signal , Vd - out put signal from phase detector ။                                            Phase dector ကိုဘာလို့သုံးသလဲဆိုတော့ ကျွန်တော်တို့ system က moving target system မဟုတ်လား။ ကျွန်တော်တို့ရဲ့ target ဟာရွေ့နေမှာလေ။ ဒီလိုဆိုသေချာပေါက် Doppler effect ပါလာပြီပေါ့။ ဒါပေမယ့် passive jamming ကတော့ ရွေ့လျားနေတာ မဟုတ်တဲ့အတွက် သူတို့ကိုထိပြီးပြန်လာတဲ့ reflected signal မှာ Doppler effect ပါမလာပါဘူး။



ပုံ(၃) functional diagram of rejector filter


Rejector filter ရဲ့ functional diagram ကို ပုံ(၃) မှာပြထားပါတယ်။ သူရဲ့အလုပ်ကတော့ ၀င်လာတဲ့ signal ကို period တစ်ခုရွှေ့ပြီး ရွှေ့မထားတဲ့ signal ထဲကနှုတ်ပေးပါတယ်။ ပုံ(၆)မှာ b(t) နဲ့ f(t) ဟာ phase detector နှစ်ခုကထွက်လာတဲ့ signal တွေကို period တစ်ခုရွှေ့ထားတဲ့အနေအထားပါ။ အဲလိုနှုတ်လိုက်တဲ့အခါ jamming တွေကို ရိုက်ပြီးပြန်လာတဲ့ signal ဟာ အားလုံးနီးပါးတစ်ခုကနေတစ်ခု နှုတ်ပြီး ကျေသွားပါတယ်။ ပုံ(၄) မှာကြည့်ပါခင်ဗျာ။



ပုံ(၄) output signal of rejector filter , reflected from the passive jamming



rejector filter ကဒီ system မှာအဓိကအကျဆုံးလို့ပြောလို့ရပါတယ်။ သူ့ရဲ့ transfer function နဲ့ jamming ရဲ့ spectrum နဲ့ ကိုတွဲကြည့်လိုက်ပါ။ ဘယ်လိုဖြတ်ထုတ် လိုက်သလဲဆိုတာ ရှင်းသွားပါ လိမ့်မယ်။


ပုံ(၅) transfer function of rejector filter and spectrum diagram of jamming


နောက်ပိုင်းကတော့ သိပ်ခက်ခက်ခဲခဲမရှိ တော့ပါဘူး။ ခါတိုင်းတွက်ထုတ်နေကြ ပုံစံအတိုင်းပါပဲ။ rejector filter ကထွက်လာတဲ့ signal ကို နှစ်ထပ်တင် ၊ channel နှစ်ခုမို့ ပြန်ပေါင်း ၊ square root ရှာ ၊ ထွက်လာတဲ့ signal ရဲ့ အင်နာဂျီကို integrator ကနေ အင်တီဂရိတ်လုပ်ပြီး သတ်မှတ်ထားတဲ့ threshold နဲ့ဖြတ် ။ ဒီလိုဖြတ်ကြည့်လို့ threshold ထက်ကျော်ရင် target ရှိတယ် ၊ မကျော်ရင် target မရှိဘူးပေါ့။ ဒါပါပဲ။ ပုံ(၆) မှာ သူ့ အမှတ်နဲ့သူထွက်လာမဲ့ signal တွေကိုဆွဲပြထားပါတယ်။ ဒီ moving target system against the background of passive jamming နဲ့ပတ်သတ်ပြီး calculation တွေ estimation အပိုင်းတွေလေ့လာလိုရင် ကျွန်တော့် ဂျီမေးလ်ကနေတဆင့် တောင်းယူနိုင်ပါတယ် ။ အဆင်ပြေပြေလေ့လာနိုင်ကြပါစေခင်ဗျာ…




ပုံ(၆) အမှတ်တစ်ခုချင်းဆီတွင်ထွက်သော signal ပုံစံများ