Showing posts with label Probing radarsignal. Show all posts
Showing posts with label Probing radarsignal. Show all posts

Sunday, November 23, 2008

Matched filter for single impulse

သူကတော့ matched filter တွေထဲကအခြေခံလည်းကျ အသုံးလည်းအများဆုံးတစ်ခုပါ။ matched filter ရဲ့ impulse response နဲ့ frequency response တွေပေါ်မူတည်ပြီး developed လုပ်ထားခြင်းဖြင့် ယနေ့ခောတ်အသုံးများနေတဲ့ matched filter မူခွဲလေးတွေကို ရရှိပါတယ်။ ကိုအံ့မင်းညိုလည်း အခြေခံတည်ဆောက်ပုံနဲ့ matched filter အကြောင်းလေးကို တင်ပြခဲ့ပြီးပါပြီ။ အဲဒီ့လို မူခွဲလေးတွေ တည်ဆောက်တဲ့ အခါမှာ integrator တွေ ၊ summator တွေ ၊ delay circuit တွေ အစရှိသဖြင့် အမျိုးမျိုးပါဝင်ကြပါတယ်။ တစ်ခုနဲ့တစ်ခု ကတော့ ပါဝင်တဲ့ element အစိတ်အပိုင်းလေးတွေ ကွဲပြားကြပါတယ်။ များသောအားဖြင့် ကတော့ matched filter တည်ဆောက်တဲ့ နေရာမှာ stub လေးတွေပါတဲ့ delay circuit ကိုသုံးကိုသုံးရပါတယ်။
ပုံ(၁-က)မှာ stub လေးတွေပါတဲ့ delay circuit ကိုသုံးပြီး matched filter ကို တည်ဆောက်ထားပါတယ်။ stub လေးတွေက ∆t နဲ့ကိုက်ညီအောင်ပြုလုပ်ထားပါတယ်။အဲဒီ stub လေတွေမှာ transmission coefficient g1,g2,…,gn (weighting coefficient) ရှိတဲ့ amplifier (သို့မဟုတ်) divisor တွေကို ချိတ်ဆက်ထားပါတယ်။ input 1 မှာ pulse duration ∆t နဲ့ unit amplitude ရှိတဲ့ rectangular impulse ၀င်လာတယ်ဆိုကြပါစို့။ဒါဆို output မှာ step function နဲ့ ထွက်လာပါတယ်။


အကယ်၍ ∆t ဟာ သုံညကိုသာချည်းကပ်သွားမယ်ဆိုရင် step curve ဟာ ချောမွေ့လာပါ လိမ့်မယ်။ ဆိုလိုချင်တာကတော့ဗျာ… အခု ∆t လေးဟာတန်ဖိုးတစ်ခုရှိနေတဲ့အတွက် output မှာ လှေကားထစ်လေးလိုဖြစ်နေတယ်မဟုတ်လား။ ∆t သာ သုံညကိုချည်းကပ်သွားရင် အဲဒိ အထစ်လေးတွေပြေပြစ်သွားမယ်ဆိုတာကိုပြောတာပါ။ပြီးတော့ u1 (t)/∆t ဟာ delta-function ဖြစ်သွားပါတယ်။အဲဒါတွေကြောင့် u(t) ဟာ ဒီ filter ရဲ့ impulse response g(t) ဖြစ်လာပါတယ်။ သူ့ရဲ့ discrete value တွေကတော့ g1 , g2 , … ဖြစ်ကြပါတယ်။ဒီလိုမျိုး filter ကို transversal filter လို့လည်းခေါ်လေ့ရှိပါတယ်။ဒီလို filter တွေအားလုံးကို ကျွန်တော်တို့လိုချင်တဲ့ signal ၊ တစ်နည်းအားဖြင့် ဖမ်းမိတဲ့ noise ရောနေတဲ့ signal ထဲကနေ အသုံးဝင်တဲ့ signal ရဲ့ ပုံသဏ္ဍာန် ကိုပြန်ဖော်တဲ့နေရာမှာ အသုံးပါတယ်။ အဲဒီ အတွက် weighting coefficient နဲ့ delay circuit ရဲ့အ၀င် input ကိုပြောင်းပြန် ပြောင်းပေးလိုက်ရုံနဲ့ပြီးပါတယ်။ ပုံ(၁)မှာ input 1 ကိုအသုံးပြုတဲ့အချိန် (weighting coefficient gk ဟာ g1 ကနေ gn ကိုတက်သွားတဲ့အချိန်) output မှာထွက်မဲ့ signal ကိုဖော်ပြထားပါတယ်။ အကယ်၍ rectangular impulse u1(t) ပဲဝင်လာတယ်ဆိုကြပါစို့။ ဒါပေမဲ့ input 1 ကနေ input 2 ကိုပြောင်းလိုက်မယ်ဆိုရင် ပုံ (၁-ခ) မှာဖော်ပြထားသလို ပထမထွက်နေတာနဲ့ ပြောင်းပြန်ထွက်လာတာကိုတွေ့ရပါတယ်။ output မှာကျွန်တော်တို့ ရရှိထားတဲ့ signal ရဲ့ duration (To=n∆t) ဟာ delay circuit ရဲ့ duration (Td=(n-1)∆t) နဲ့အနီးစပ်ဆုံးတူနေတာကိုသတိထားမိပါလိမ့်မယ်။



ပုံ(၁) matched filter with delay circults


Tuesday, October 21, 2008

Simple signal နှင့် complex signal တို့အားနှိုင်းယှဉ်ခြင်း

Probing signal (သို့) detecting signal တွေကို ဘယ်လိုရွေးချယ်သလဲဆိုတာပြောပြီးမှ simple signal နဲ့ complex signal တွေကိုနှိုင်းယှဉ်ရအောင်ဗျာ။ Probing signal တွေကိုရွေးချယ်တဲ့ နေရာမှာ ပေးထားသော coordinate ဖော်ပြချက်တွေရဲ့တိကျမှူ၊ range ,speed,angle အစရှိတဲ့ coordinateတွေရဲ့resolution ၊ ရရှိတဲ့ given measurement accuracy၊ hardware ပိုင်း တည်ဆောက်ရာမှာ နည်းပညာလွယ်ကူမှူ ၊ noise-immunity၊ရရှိတဲ့ operating zone of radar၊ နှင့် generation of signal လွယ်ကူမှူတို့ကိုကြည့်ရှူရွေးချယ်ပါတယ်။Probing signal (သို့) detecting signal တွေမှာ simple signal နှင့် complex signal ရယ်လို့နှစ်မျိုးရှိပါတယ်။

Simple signal


Simple signal ဆိုတာ radio signal ပါ။ဘယ်လို radio signal လဲဆိုတော့ base (B=1)ဖြစ်တဲ့ signal မျိုးကို ခေါ်တာပါ။ B=∆fc . τ =1 ပေါ့ ။ τ ဆိုတာက pulse duration ပါ။ ∆fc ကတော့ bandwidth ဖြစ်ပါတယ်။ ဥပမာ-τ= 100 µs, ∆fc=10 kHz မှာဘေ့စ် B=1.အောက်မှာ simple signal နဲ့သူ့ရဲ့ spectrum ကိုဖော်ပြထားပါတယ်ခင်ဗျာ။

သူ့မှာအပြစ်အနာအဆာတွေ ၊ limitation တွေရှိနေပါတယ်။သူ့ရဲ့ range resolution ဟာ အရမ်းသေးငယ် ယုံတင်မကပဲ သူ့ကို pulse duration တစ်ခုတည်းနဲ့ပဲအဓိပ္ပါယ်သတ်မှတ်တယ် မဟုတ်လား။သူ့ရဲ့ range resolution ကိုကောင်းမွန်အောင်လုပ်ဖို့အတွက်ကလည်း narrow pulse တွေထုတ်ဖို့က limitation တွေရှိပြန်ရော။နောက်တစ်ချက်က operating zone of radar နဲ့အဓိပ္ပါယ်ဖော်တဲ့ mean power ဟာ pulse power ရဲ့တန်ဖိုးကိုကန့်သတ်ထားပါတယ်။



P(mean)=P(pulse)max/Q

Q - time ratio

ဒါတင်လားဆိုတော့လည်းမဟုတ်သေးပြန်ဘူး။simple signal ကိုသုံးရင် range resolution နဲ့ velocity resolution နှစ်ခုလုံးကောင်းအောင်ညှိဖို့ဆိုတာဘယ်လိုမှကိုမဖြစ်နိုင်တာ။ range resolution ကိုကောင်းအောင်လုပ်ရင် velocity resolution ကကျ ၊ velocity resolution ကိုကောင်းအောင်လုပ်ရင် range resolution ကကျဖြစ်ရော။ဒီအပြစ်အနာအဆာတွေ မပါချင် တဲ့အတွက် ၊ limitation တွေမရှိစေချင်တဲ့အတွက် complex signal ဆိုတာကိုတီထွင်အသုံးပြု လာကြတာပဲဖြစ်ပါတယ်။

Complex signal

Complex signal ဆိုတာ radio signal ပါ။ဘယ်လို radio signal လဲဆိုတော့ base (B) ဟာတစ်ထက်ကြီးတဲ့ signal မျိုးကို ခေါ်တာပါ။ B=∆fc . τ ≤1 ။ သူ့မှာတော့ pulse duration ဘယ်လောက်ပဲကြီးကြီး range resolution ဟာမြင့်မားပါတယ်။ပြီးတော့ဘာမှဆက်သွယ်ချက် မရှိတဲ့ ကောင်းမွန်တဲ့ range resolution နဲ့ velocity resolution ကိုရရှိပါတယ်။ Complex signal ထဲကကျွန်တော်ဥပမာလေးနှစ်ခုလောက်ထုတ်ပြပါမယ်။
ပထမတစ် ခုက linear frequency modulation signal ပါ။ τ= 100 µs, ∆fc=10 mHz မှာဘေ့စ် B=1000 အောက်မှာ linear frequency modulation signal နဲ့သူ့ရဲ့ spectrum ကိုဖော်ပြထားပါတယ်ခင်ဗျာ။


နောက်တစ်ခုက phase manipulation signal ပါ။သူ့ရဲ့ phase က discretely ဖြစ်ပြီး သုံည နဲ့ π ပဲဖြစ်ပါတယ်။ အောက်မှာ phase manipulation signal နဲ့သူ့ရဲ့ spectrum ကိုဖော်ပြ ထားပါတယ်ခင်ဗျာ။သူ့ရဲ့ ဘေ့စ်ကိုတော့ဒီလိုဖော်ပြပါတယ်။

B=N=τ/τ0

τ0 – sampling duration , τ – pulse duration ,N – sample အရေအတွက်