Elementary concepts
ရေဒါဆိုတာ
ပစ္စည်းတစ်ခုကိုရှာဖွေတဲ့ (detection) ၊ တည်နေရာညွှန်ပြနိုင်တဲ့ (location)
အီလက်ထရောနစ် စနစ်တစ်ခုရဲ့ နာမည်တစ်ခုပဲဖြစ်ပါတယ်။ ရေဒါဘာသာစကားအနေနဲ့
ရေဒါနဲ့ဖမ်းမယ့် ပစ္စည်းကို ပစ်မှတ်လို့ခေါ်ဝေါ်သုံးစွဲပါတယ်။ ရေဒါ (radar) ဆိုတဲ့စာလုံးကတော့ radio
detection and ranging ကနေ အတိုကောက်ယူသုံးထားတာဖြစ်ပါတယ်။
ရေဒါသမိုင်းအစပိုင်းမှာ ကမ္ဘာအနှံ့အပြား အမျိုးမျိုးခေါ်ဝေါ်သုံးစွဲခဲ့ကြပါတယ်။
ခုချိန်မှာတော့ အားလုံးက ရေဒါဆိုတဲ့စာလုံးကို ဘုံလက်ခံသုံးစွဲနေကြပြီဖြစ်ပါတယ်။
ရေဒါပညာရပ်ဟာ လျပ်စစ်သံလိုက်လှိုင်း (Electromagnetic waves) နဲ့ အများကြီး
ဆက်စပ်နေပါတယ်။ ရေဒါသမိုင်းရဲ့ စဦးကာလက ရေဒါတွေအားလုံးဟာ ရေဒီယိုလှိုင်း (radiowaves) တွေကိုအသုံးပြုခဲ့ကြပါတယ်။ ဒါမယ့် ဒီကနေ့ဒီအချိန်တွေမှာတော့ တစ်ချို့သော
ရေဒါတွေဟာ optical waves တွေကိုအသုံးပြု နေကြတာတွေရှိပါတယ်။ အဲလိုရေဒါမျိုးကို
ladar လို့ခေါ်ပါတယ်။ ၁၈၆၅ ခုနှစ်မှာပေါ်ထွက်လာတဲ့ Maxwell ရဲ့ electromagnetic wave
propagation theory နဲ့ အဲဒီသီအိုရီကို သက်သေပြတဲ့ ၁၈၈၆ ခုနှစ်မှာ ပေါ်ထွက်လာတဲ့
Hertz ရဲ့ experimental work ဟာရေဒါရဲ့ အစောဆုံးရေသောက်မြစ် ဖြစ်ပါတယ်။ အဲဒီ
experimental work က radio waves တွေဟာ ပစ္စည်းတစ်ခုခုကိုရိုက်ပြီး
ပြန်လာနိုင်တယ်ဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။ ဒီအချက်ဟာ ရေဒါရဲ့ အဓိကအလုပ်ဖြစ်တဲ့
ပစ္စည်းတစ်ခုခု (ပစ်မှတ်) ရှိမရှိဆိုတာကိုဖော်ထုတ်နိုင်ဖို့အတွက် အခြေခံဖြစ်လာ
ခဲ့ပါတယ်။
၁၉၀၃ နဲ့ ၁၉၂၅
ခုနှစ်တွေအတွင်းမှာ ပစ်မှတ်ရှိမရှိရှာဖွေတာအပြင် ပစ်မှတ်ရဲ့ တည်နေရာကိုပါ
တိုင်းတာနိုင်တဲ့ ရေဒါအမျိုးမျိုးပေါ်ထွက်လာခဲ့ပါတယ်။ ၁၉၂၅ ခုနှစ်မှာ Briet နဲ့
Tuve တို့က ပစ်မှတ်တည်နေရာ အကွာအဝေးတိုင်းတာဖို့ စတင် တီထွင်အသုံးပြုခဲ့တဲ့ pulse
– wave methods ကို ယခုခေတ်သစ်ရေဒါဒီဇိုင်းတွေမှာ
ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေကြပါတယ်။ ရေဒါပညာရပ်ဟာ ဒုတိယကမ္ဘာစစ်ကာလမှာ သိသိသာသာ
တိုးတက်လာခဲ့ပါတယ်။ အဲဒီ့အချိန်ကတည်းက ရေဒါပညာရပ်ရဲ့ဖြစ်ပေါ်တိုးတက်မှုတွေဟာ
ဒီကနေ့ဒီအချိန်ထိ အရှိန်အဟုန်နဲ့ တိုးတက်နေဆဲ ဖြစ်ပါတယ်။ ရေဒါပညာရပ်မှာ
ရှာဖွေတွေ့ရှိ တီထွင်ခဲ့တာတွေများစွာ ရှိနေပေ မယ့်လည်း ရှေ့ကိုဆက်လက်ရွှေ့လျား
ပြိုင်ဆိုင်လေ့လာနေရဆဲ ပညာရပ်တစ်ခုဖြစ်ပါတယ်။
ရေဒါဆိုတာဘာလဲ
No comments:
Post a Comment