Tuesday, October 21, 2008

Simple signal နှင့် complex signal တို့အားနှိုင်းယှဉ်ခြင်း

Probing signal (သို့) detecting signal တွေကို ဘယ်လိုရွေးချယ်သလဲဆိုတာပြောပြီးမှ simple signal နဲ့ complex signal တွေကိုနှိုင်းယှဉ်ရအောင်ဗျာ။ Probing signal တွေကိုရွေးချယ်တဲ့ နေရာမှာ ပေးထားသော coordinate ဖော်ပြချက်တွေရဲ့တိကျမှူ၊ range ,speed,angle အစရှိတဲ့ coordinateတွေရဲ့resolution ၊ ရရှိတဲ့ given measurement accuracy၊ hardware ပိုင်း တည်ဆောက်ရာမှာ နည်းပညာလွယ်ကူမှူ ၊ noise-immunity၊ရရှိတဲ့ operating zone of radar၊ နှင့် generation of signal လွယ်ကူမှူတို့ကိုကြည့်ရှူရွေးချယ်ပါတယ်။Probing signal (သို့) detecting signal တွေမှာ simple signal နှင့် complex signal ရယ်လို့နှစ်မျိုးရှိပါတယ်။

Simple signal


Simple signal ဆိုတာ radio signal ပါ။ဘယ်လို radio signal လဲဆိုတော့ base (B=1)ဖြစ်တဲ့ signal မျိုးကို ခေါ်တာပါ။ B=∆fc . τ =1 ပေါ့ ။ τ ဆိုတာက pulse duration ပါ။ ∆fc ကတော့ bandwidth ဖြစ်ပါတယ်။ ဥပမာ-τ= 100 µs, ∆fc=10 kHz မှာဘေ့စ် B=1.အောက်မှာ simple signal နဲ့သူ့ရဲ့ spectrum ကိုဖော်ပြထားပါတယ်ခင်ဗျာ။

သူ့မှာအပြစ်အနာအဆာတွေ ၊ limitation တွေရှိနေပါတယ်။သူ့ရဲ့ range resolution ဟာ အရမ်းသေးငယ် ယုံတင်မကပဲ သူ့ကို pulse duration တစ်ခုတည်းနဲ့ပဲအဓိပ္ပါယ်သတ်မှတ်တယ် မဟုတ်လား။သူ့ရဲ့ range resolution ကိုကောင်းမွန်အောင်လုပ်ဖို့အတွက်ကလည်း narrow pulse တွေထုတ်ဖို့က limitation တွေရှိပြန်ရော။နောက်တစ်ချက်က operating zone of radar နဲ့အဓိပ္ပါယ်ဖော်တဲ့ mean power ဟာ pulse power ရဲ့တန်ဖိုးကိုကန့်သတ်ထားပါတယ်။



P(mean)=P(pulse)max/Q

Q - time ratio

ဒါတင်လားဆိုတော့လည်းမဟုတ်သေးပြန်ဘူး။simple signal ကိုသုံးရင် range resolution နဲ့ velocity resolution နှစ်ခုလုံးကောင်းအောင်ညှိဖို့ဆိုတာဘယ်လိုမှကိုမဖြစ်နိုင်တာ။ range resolution ကိုကောင်းအောင်လုပ်ရင် velocity resolution ကကျ ၊ velocity resolution ကိုကောင်းအောင်လုပ်ရင် range resolution ကကျဖြစ်ရော။ဒီအပြစ်အနာအဆာတွေ မပါချင် တဲ့အတွက် ၊ limitation တွေမရှိစေချင်တဲ့အတွက် complex signal ဆိုတာကိုတီထွင်အသုံးပြု လာကြတာပဲဖြစ်ပါတယ်။

Complex signal

Complex signal ဆိုတာ radio signal ပါ။ဘယ်လို radio signal လဲဆိုတော့ base (B) ဟာတစ်ထက်ကြီးတဲ့ signal မျိုးကို ခေါ်တာပါ။ B=∆fc . τ ≤1 ။ သူ့မှာတော့ pulse duration ဘယ်လောက်ပဲကြီးကြီး range resolution ဟာမြင့်မားပါတယ်။ပြီးတော့ဘာမှဆက်သွယ်ချက် မရှိတဲ့ ကောင်းမွန်တဲ့ range resolution နဲ့ velocity resolution ကိုရရှိပါတယ်။ Complex signal ထဲကကျွန်တော်ဥပမာလေးနှစ်ခုလောက်ထုတ်ပြပါမယ်။
ပထမတစ် ခုက linear frequency modulation signal ပါ။ τ= 100 µs, ∆fc=10 mHz မှာဘေ့စ် B=1000 အောက်မှာ linear frequency modulation signal နဲ့သူ့ရဲ့ spectrum ကိုဖော်ပြထားပါတယ်ခင်ဗျာ။


နောက်တစ်ခုက phase manipulation signal ပါ။သူ့ရဲ့ phase က discretely ဖြစ်ပြီး သုံည နဲ့ π ပဲဖြစ်ပါတယ်။ အောက်မှာ phase manipulation signal နဲ့သူ့ရဲ့ spectrum ကိုဖော်ပြ ထားပါတယ်ခင်ဗျာ။သူ့ရဲ့ ဘေ့စ်ကိုတော့ဒီလိုဖော်ပြပါတယ်။

B=N=τ/τ0

τ0 – sampling duration , τ – pulse duration ,N – sample အရေအတွက်

Saturday, October 11, 2008

Tactical-technical characteristics of radar(3)

ကဲ…..ဒီကနေ့တော့ကျန်နေတဲ့ အကြွေးလေးဆပ်ချင်လို့… :P ။Tactical-technical characteristics တွေဘာအတွက်လိုအပ်သလဲဆိုတာနဲ့ Tactical characteristics အကြောင်းတွေရေးခဲ့ပြီးဖြစ်လေတော့ ကျန်နေသေးတဲ့ technical characteristics ရဲ့ အကြောင်းမရေးရင် အင်တာနက်ချိတ်မထားတဲ့ computer လို ပြည့်စုံမှူနဲ့ကင်းမဲ့နေမှာ ဆိုးတာနဲ့ ဒီပို့စ်ကို ကျွန်တော်ရေးပါတယ်။ technical characteristics မှာ အရေးကြီးတဲ့ characteristics (၇) ခု (ကျွန်တော်သိသလောက် :D ) ရှိပါတယ်။
၁။ detecting လုပ်မဲ့ရေဒါအမျိုးအစား

ရေဒါအမျိုးအစား။ဘာလုပ်ချင်တာလဲဆိုတဲ့မေးခွန်းကိုဖြေပြီး ကျွန်တော်တို့ system မှာ ဘယ်လိုရေဒါအမျိုးအစားကိုသုံးမလဲဆိုတာ ရွေးချယ်ရမှာပါ။ ယေဘူယျအားဖြင့်တော့ ရေဒါအမျိုးအစားဘာသိပ်မရှိလှပါဘူး။အမျိုးအစား (၃) မျိုးပဲရှိပါတယ်။
(၁) active ရေဒါ
(၂) active with active object ရေဒါ
(၃) passive ရေဒါ

အသေးစိတ်ဖတ်ရှူလိုရင်တော့ ကျွန်တော်တင်ပြခဲ့တဲ့ ရေဒါအမျိုးအစားဆိုတဲ့ပို့စ်မှာ ဖတ်လို့ ရပါတယ်ခင်ဗျာ။
၂။ radiated signal ရဲ့အမျိုးအစား
လွှင့်ထုတ်မယ့် ၊ ဖမ်းယူမဲ့ radiated signal ရဲ့အမျိုးအစားကိုရွေးချယ်ခြင်းပဲဖြစ်ပါတယ်။ ဥပမာအားဖြင့် continuous signal ကိုသုံးမလား၊ impulse signal ကိုသုံးမလား ဆိုတာ မျိုး ပေါ့။
၃။ wavelength (λ)
အသုံးပြုမဲ့ signal ရဲ့လှိုင်းအလျားကိုရွေးချယ်ခြင်းဖြစ်ပါတယ်။ bandwith ရွေးချယ်ခြင်း လို့ပြောရင်လည်းတူတူပါပဲ။ λ=c/f ကိုး။ c ကတော့အားလုံးသိထားတဲ့အလင်းရဲ့အလျင် ပါပဲ။များသောအားဖြင့်တော့ လှိုင်းအလျားကို ၈ မီလီမီတာကနေ ၃၀ စင်တီမီတာအတွင်း မှာသုံးလေ့ရှိပါတယ်။ frequency ကိုတော့ ၁ ဂစ်ဂါဟာ့စ် ကနေ ၃၀ ဂစ်ဂါဟာ့စ် အတွင်းမှာ သုံးလေ့ရှိကြပါတယ်။

Tuesday, September 30, 2008

Tactical-technical characteristics of radar(2)

Tactical-technical characteristics of radar(1) မှာပြောခဲ့တဲ့ characteristics တွေအကြောင်းကိုဆက်မှာပါ။ Tactical characteristics အကြောင်းနဲ့အရင်စလိုက်ကြရ အောင်ဗျာ။ဒီမှာ characteristics ခုနှစ်ခုရှိပါတယ်။



၁။ operating zone of radar
ဒါကတော့လေထုထဲကဧရိယာတစ်ခုပါ။ဘယ်လိုဧရိယာလဲဆိုရင် ကျွန်တော်တို့ရေဒါက အချိန်မလပ်စောင့်ကြည့်နေသော (သို့မဟုတ်) ရေဒါကလက်လှန်းမှီသော (သို့မဟုတ်) object ကိုဖမ်းယူနိုင်သော ဧရိယာဖြစ်ပါတယ်။ ဒီဧရိယာရဲ့အဝေးဆုံးအနားစွန်းကို maximum distance (Rmax) နဲ့ပြပါတယ်။အနီးဆုံးအနားစွန်းကိုတော့minimum distance (Rmin) နဲ့ပြပါတယ်။အနီးဆုံးဘယ်လောက်ကီလိုမီတာကနေ အဝေးဆုံးဘယ်လောက် ကီလိုမီတာအတွင်းမှာဒီရေဒါကဖမ်းနိုင်တယ်ဆိုတာမျိုးပေါ့။ဒီဧရိယာကိုပြောဖို့က ဒီလောက် နဲ့တင်မလုံလောက်သေးပါဘူး။ဘာလို့လဲဆိုတော့ ကျွန်တော်တို့ကလေထု space ထဲက ဧရိယာကိုပြောမှာဆိုတော့ နောက်ထက် parameters တွေလိုပါသေးတယ်။အဲဒါတွေက တော့ azimuth (ရေပြင်ညီအတိုင်း မြောက်အရပ်မှစတင်၍ နာရီလက်တံအတိုင်း တိုင်းတာ သောထောင့် ) နဲ့ angle of elevation (အမြင့်အားဖြင့် မိမိတည်နေရာမှတိုင်းတာလို သည့်အရာဝတ္ထုသို့ ဒေါင်လိုက်တိုင်းတာသောထောင့်) ပဲဖြစ်ပါတယ်။

၂။ resolution
ဒီအပိုင်းမှာ range resolution , velocity resolution , angular resolution ဆိုပြီးသုံးပိုင်းခွဲခြားထားပါတယ်။အကယ်၍ အရာဝတ္ထုနှစ်ခုဟာ angular position တူမယ်၊ တူညီတဲ့အလျင်နဲ့ ရွေ့လျားပျံသန်းလာမယ် ဆိုရင် radar မှာနှစ်ခု အနေနဲ့မြင်ဖို့အတွက် အဲဒီ့အရာဝတ္ထုနှစ်ခု အနည်းဆုံးကွာဝေးရမယ့် အကွာအဝေးကို range resolution လို့ ခေါ်ပါတယ်။ΔR နဲ့ဖော်ပြလေ့ရှိပါတယ်။ အဲဒီ့အကွားအဝေးထက်ပို၍နီးကပ်စွာရွေ့လျား ပျံသန်းလာမယ်ဆိုရင်တော့ radar မှာနှစ်ခုအနေနဲ့မမြင်တော့ပဲ တစ်ခုထဲပဲလို့မြင်ရမှာဖြစ်ပါ တယ်။အလားတူစွာပဲ အကယ်၍ အရာဝတ္ထုနှစ်ခုဟာ angular position တူမယ်၊ တူညီတဲ့အကွာအဝေးကနေရွေ့လျားပျံသန်းလာမယ်ဆိုရင် radar မှာနှစ်ခု အနေနဲ့ register လုပ်နိုင်ဖို့အတွက် အဲဒီ့အရာဝတ္ထုနှစ်ခုရဲ့အလျင်ဟာ အနည်းဆုံးခြားနားရမယ့် တန်ဖိုးကို velocity resolution လို့ခေါ်ပါတယ်။ ΔV နဲ့ဖော်ပြလေ့ရှိပါတယ်။ အလားတူစွာ အကယ်၍သာ အရာဝတ္ထုနှစ်ခုဟာအကွားအဝေးတူမယ်၊ တူညီတဲ့အလျင်နဲ့ ရွေ့လျား ပျံသန်းလာမယ် ဆိုရင် radar မှာနှစ်ခု အနေနဲ့ register လုပ်နိုင်ဖို့အတွက် အဲဒီ့အရာဝတ္ထု နှစ်ခုရဲ့ angular position ဟာအနည်းဆုံးခြားနားရမယ့် တန်ဖိုးကို angular resolution လို့ခေါ်ပါတယ်။

Saturday, September 27, 2008

Tactical-technical characteristics of radar(1)

ရေဒါ station တစ်ခုကို ကိုယ်တိုင်ဒီဇိုင်းဆွဲ၊ကိုယ်တိုင်တွက်ချက် တည်ဆောက်တော့မယ် ဆိုရင်ပဲဖြစ်ဖြစ်၊ သူများနိုင်ငံက၀ယ်တော့ မယ်ဆိုရင်ပဲဖြစ်ဖြစ် အရင်ဦးဆုံးသိဖို့လိုတာ ကတော့ Tactical-technical characteristics of radar ပဲဖြစ်ပါတယ်။ဘာလို့လဲဆိုရင် ရေဒါတစ်ခုရဲ့အရည်အချင်း စွမ်းပကားကိုသိချင်ရင်Tactical နဲ့ technical characteristics တွေကိုကြည့်ရလိုပါပဲ။ ဒီရေဒါက ဘယ်အပိုင်းအခြားအကွာဝေး(ဇုံ)အထိဖမ်းယူနိုင်တာလဲ၊ ဘယ်လောက်အလျင်မျိုးနဲ့လာတဲ့ အရာဝတ္တုမျိုးအထိဖမ်းနိုင်မလဲ အစရှိတာတွေကို အခု ကျွန်တော်ပြောမဲ့ characteristics တွေကဖော်ပြမှာဖြစ်ပါတယ်။ဒီမှာမှ Tactical character –istics နဲ့ technical characteristics ဆိုပြီးနှစ်မျိုးဖြစ်နေပါတယ်။အဲဒါကိုကျွန်တော်အရင် ရှင်းပါမယ်။ အဲဒါလေးကဘာမှမဟုတ်ပေမယ့် ဒီမှာအရေးကြီးတဲ့အပိုင်းဖြစ်နေလို့ပါ။ ကျွန်တော်တို့ကို ရေဒါ station တစ်ခုရဲ့ဒီဇိုင်းဆွဲဖို့တာဝန်ပေးပြီဆိုကြပါစို့။တာဝန်ပေးမယ့် သူက engineer ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ဖြစ်ခဲ့ရင်လည်းသူပေးမယ့် အချက်အလက်တွေက တွက်ချက်မှူအပိုင်းမှာထည့်တွက်ရမယ့် data တွေကိုပေးမှာမဟုတ်ပါဘူး။ တာဝန်ပေး မယ့်သူက ဘယ်လိုရေဒါမျိုးတည်ဆောက်ရမယ်ဆိုတာကိုသိမှာမဟုတ်ပါဘူး။အဲဒီတော့ သူဘာလုပ် ချင်တယ်ဆိုတာပဲပြောမှာပါ။
နားလည်လွယ်အောင် ကျွန်တော်ဥပမာလေးနဲ့ပြောပါမယ်။ computer တစ်လုံးဝယ်မယ် ဆိုကြပါစို့။ ၀ယ်မယ့်သူက computer အကြောင်းနားမလည်ဘူးဆိုရင် သူကိုကျွန်တော်တို့ မေးဖို့လိုတာက ကွန်ပြူတာကိုသူဘာအတွက်အသုံးချမလဲဆိုတာမဟုတ်ဘူးလား။ အဲဒီ ရည်ရွယ်ချက်တော့သူမှာရှိကိုရှိမယ်လေ။သူအနေနဲ့ဒါကိုပြောလည်းပြောတတ်ပါလိမ့်မယ်။ ဆိုပါစို့ရဲ့။သူက vedio editing လုပ်ချင်တယ်လို့ပြောရင် ကျွန်တော်တို့က graphic card ကောင်းကောင်းလေးနဲ့ဆင်ပေးရပါလိမ့်မယ်။ data တွေခပ်များများသိုလှောင်အသုံးပြု ချင်တယ်ဆိုရင်တော gigabyte များတဲ့ hard disk လေးသုံးပေးရမယ်မဟုတ်လားဗျာ။

Sunday, September 14, 2008

Doppler- Effect

ကျွန်တော်တို့ radar technology မှာ Doppler- Effect ကို ပြသနာနှစ်ခုနဲ့ ပတ်သတ်တဲ့နေရာ တွေမှာသုံးပါတယ်။ အဲဒါတွေကတော့ အလျင် speed ကို တိုင်း တာခြင်း နဲ့ ရွေ့လျားနေတဲ့ပစ်မှတ်တည်နေရာကို ညွှန်ပြခြင်းတွေပဲ ဖြစ်ပါတယ်။Doppler- Effect ဆိုတာကတော့ sound source က နားထောင်သူနဲ့တဖြည်းဖြည်း ဝေးသွားတဲ့ အချိန်မှာပဲဖြစ်ဖြစ် နီးလာတဲ အချိန်မှာပဲဖြစ်ဖြစ်(ဒါမှမဟုတ်) နားထောင်သူ က sound source နဲ့ တဖြည်းဖြည်းဝေး သွားတဲ့အချိန်မှာပဲဖြစ်ဖြစ်နီးလာတဲ့အချိန် မှာပဲဖြစ်ဖြစ် frequency ထဲမှာသိသိသာသာပြောင်းလဲသွားတဲ့ အပြောင်း အလဲ ကိုခေါ်ပါတယ်။ဒီနိယာမသဘောတရားကိုရှာဖွေတွေ့ရှိခဲ့တာကတော့ဂျာမနီသိပ္ပံပညာ ရှင် Christian Doppler ဖြစ်ပါတယ်။ကဲ…အပေါ်မှာ ပြောခဲ့တဲ့ပြောင်းအလဲဆိုတာလေးကို နည်းနည်းပိုတိကျအောင်ပြောကြရအောင်။ဒါမှလည်း Doppler-Effect ဆိုတာကိုသေသေ ချာချာ နားလည်မှာပါ။ ဆိုကြပါစို့ရဲ့…..ကျွန်တော်တို့ခုဥပမာအနေနဲ့လေ့လာမဲ့ အသံလှိုင်း တစ်ခုရဲ့ frequency နဲ့ wavelength ဟာကိန်းသေတွေဖြစ်နေကြတယ်ဆိုကြပါစို့။အကယ်၍ ကျွန်တော် တို့ရဲ့ အသံလှိုင်းကိုထုတ်မဲ့ source ကလည်းရွေ့လျားမနေဘူး ၊ဖမ်းမဲ့ receiver ကလည်း ရွေ့လျားမနေဘူးဆိုရင် receiver ကဖမ်းမိမယ့် frequency ဟာလည်းပြောင်းလဲမှူ ရှိမှာမဟုတ်ပါဘူး။ဘာကြောင့်လည်းဆိုရင် အသံ source ကနေထုတ်လိုက်တဲ့အတိုင်း တစ်မိနစ် မှာလှိုင်းအရေအတွက်ဘယ်လောက်ဆို ဘယ်လောက် receiver ကကွက်တိပြန် ဖမ်းမိလို့ပါ။ကဲလာပြီ…စရွေ့ကြမယ်….။အကယ်၍ အသံ source ကပဲဖြစ်ဖြစ် receiver ကပဲ ဖြစ်ဖြစ် အခြားတစ်ခု ရှိရာကိုရွေ့လျားလာမယ်ဆိုရင် receiver ကခုန နှစ်ခုလုံးရွေ့လျားမနေ တုန်းကမိတဲ့ frequency ထက်ပိုများတဲ့ frequency ကိုမိမှာပါ။ရှင်းပါတယ်။အသံနဲ့နီးရာကိုပဲ ကျွန်တော်တို့ကသွားသွား အသံကပဲကျွန်တော်တို့နဲ့နီးရာကို ပဲလာလာ ကြားနေရတဲ့အသံ ပိုကျယ်လာမယ်မဟုတ်လား။ဒီသဘောပါပဲ။ပြောင်းပြန်အားဖြင့်ဝေးတဲ့ဘက်ကို တစ်ခုခုက သွား မယ်ဆိုရင် receiver ကခုန နှစ်ခုလုံးရွေ့လျားမနေ တုန်းကမိတဲ့ frequency ထက်နည်းတဲ့ frequency ကိုမိမှာပါ။ဒါလည်းရှင်းပါတယ်။အသံနဲ့ဝေးရာကို ကျွန်တော်တို့ကသွားသွား အသံကပဲကျွန်တော်တို့နဲ့ဝေးရာကိုသွားသွား ကြားနေရတဲ့အသံ တိုးသွားမယ်မဟုတ်လား။

Tuesday, September 9, 2008

Two dimensional discrete signal

Two dimensional discrete signal ဆိုတာ ကိန်းပြည့်စုံတွဲတွေကို order အလိုက်စီစဉ်ပြီး ပေါင်းထားတဲ့ function ပဲဖြစ်ပါတယ်။equation ကိုကြည့်လိုက်ပါ။ရှင်းသွားပါလိမ့်မယ်။
X={ x(n1,n2), -∞< n1 , n2 <∞ }
Sequence မှာပါတဲ့ element တစ်ခုချင်းစီကို counter လို့ခေါ်ပါတယ်။ဒီလိုဆိုရင် x(n1,n2) ဆိုတာဟာ (n1,n2) ဆိုတဲ့ အမှတ်မှာရှိတဲ့ counter x လို့ပြောခြင်းပဲဖြစ်ပါတယ်။counter တွေ ရဲ့တန်ဖိုးက real ကိန်းဖြစ်နိုင်သလို complex ကိန်းတွေလည်းဖြစ်နိုင်ပါတယ်။ တကယ်လို့ n1 နဲ့ n2 ဟာကိန်းရှင်တွေဖြစ်မယ်ဆိုရင်x(n1,n2) ဆိုတဲ့ဖော်ပြချက်ဟာကိန်းစဉ်တန်းတစ်ခုလုံးရဲ့ သင်္ကေတအဖြစ်ကြည့်ရှူရပါတယ်။ဒီလိုသင်္ကေတဟာဆီလျော်ညီညွတ်ခြင်းမရှိပေမယ့်လည်း နည်းပညာဆိုင်ရာစာပေတွေမှာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုကြပါတယ်။

Multidimensional signal

Multidimensional signal တွေကိုကိန်းရှင်ဖြစ်နေတဲ့ function M နဲ့ဖော်ပြလေ့ ရှိပါတယ်။အဲဒီ့ မှာ M ရဲ့တန်ဖိုးဟာနှစ်နဲ့ညီရင်ညီ ၊ မညီရင်နှစ်ထက်ကြီးရပါမယ်။ဒီလို signal တွေက ဘယ်လိုsignalမျိုးတွေလည်းလို့မေးစရာရှိလာပါတယ်။ ဒီလို signal တွေကတော့ continuous signal လည်း ဖြစ်နိုင်သလို discrete လည်းဖြစ်နိုင်ပါတယ်။ဒီ့အပြင် mixed signal တွေလည်းဖြစ်နိုင်ပါသေး တယ်။Continuous signal တွေကိုပြောင်းလဲနေသော function အဖြစ် ဖော်ပြလေ့ရှိပါတယ်။ ဥပမာ - ပုံရိပ်ပြင်းအား I(x,y) ဟာ two dimensional continuous signal ဖြစ်ပါတယ်။ ဒီ signal ကိုပဲ discrete အနေနဲ့ပြောင်းလဲဖော်ပြမယ်ဆိုရင် များပြားလှစွာသောအမှတ်တွေနဲ့ သတ်မှတ်မှာဖြစ်ပါတယ်။ လာပါပြီဗျာ…mixed signal တဲ့။သူကကျွန်တော်တို့ ခုပြောနေတဲ့ multidimensional signal မျိုးပါပဲ။သူကိုကျတော့ continuous signal တွေရဲ့ တချို့ properties တွေနဲ့ရော discrete တွေရဲ့တချို့ properties တွေနဲ့ပါဖော်ပြပါတယ်။