Thursday, June 11, 2009

A radar with moving target system against the background of passive jamming (2)


ပုံ(၁) blog diagram of a radar with moving target system


ဆက်ကြရအောင်ဗျာ။ Mixer 3 ကနေထွက်လာတဲ့ reference signal ကို phase detector 1 နဲ့ 2 ထဲကိုထည့်ပါတယ်။ တစ်လိုင်းကိုတိုက်ရိုက်ထည့်ပေမယ့် တစ်လိုင်း ကိုတော့ phase inverter နဲ့ phase ၉၀ ဒီဂရီချိန်းပြီးမှထည့်လိုက်ပါတယ်။ အဲဒီတော့ တစ်လိုင်းက sin( ω o - ω local oscillator ) တစ်လိုင်းက cos( ω o - ω local oscillator ) ပေါ့။ phase detector ရဲ့အဓိကအလုပ်ကတော့ phase ခြားနားချက်ကိုရှာပေးတာပါ။ signal နှစ်ခုသူ့ထဲကိုထည့် လိုက်တယ်။ အဲဒီ့ signal နှစ်ခုရဲ့ phase ခြားနားချက်ရှိတဲ့ resultant signal ကိုထုတ်ပေးတာပါ။ phase detector အထွက်ဘယ်လို ထွက်တယ်ဆိုတာကို အောက်ကပုံမှာ vector diagram နဲ့ကော time domain မှာကော ပြထားပါတယ်။



ပုံ(၂) output signal from phase detector



where...

Vr - resultant vector , Vre - vector of reference signal , Vc - vector of usefull signal , Vd - out put signal from phase detector ။                                            Phase dector ကိုဘာလို့သုံးသလဲဆိုတော့ ကျွန်တော်တို့ system က moving target system မဟုတ်လား။ ကျွန်တော်တို့ရဲ့ target ဟာရွေ့နေမှာလေ။ ဒီလိုဆိုသေချာပေါက် Doppler effect ပါလာပြီပေါ့။ ဒါပေမယ့် passive jamming ကတော့ ရွေ့လျားနေတာ မဟုတ်တဲ့အတွက် သူတို့ကိုထိပြီးပြန်လာတဲ့ reflected signal မှာ Doppler effect ပါမလာပါဘူး။



ပုံ(၃) functional diagram of rejector filter


Rejector filter ရဲ့ functional diagram ကို ပုံ(၃) မှာပြထားပါတယ်။ သူရဲ့အလုပ်ကတော့ ၀င်လာတဲ့ signal ကို period တစ်ခုရွှေ့ပြီး ရွှေ့မထားတဲ့ signal ထဲကနှုတ်ပေးပါတယ်။ ပုံ(၆)မှာ b(t) နဲ့ f(t) ဟာ phase detector နှစ်ခုကထွက်လာတဲ့ signal တွေကို period တစ်ခုရွှေ့ထားတဲ့အနေအထားပါ။ အဲလိုနှုတ်လိုက်တဲ့အခါ jamming တွေကို ရိုက်ပြီးပြန်လာတဲ့ signal ဟာ အားလုံးနီးပါးတစ်ခုကနေတစ်ခု နှုတ်ပြီး ကျေသွားပါတယ်။ ပုံ(၄) မှာကြည့်ပါခင်ဗျာ။



ပုံ(၄) output signal of rejector filter , reflected from the passive jamming



rejector filter ကဒီ system မှာအဓိကအကျဆုံးလို့ပြောလို့ရပါတယ်။ သူ့ရဲ့ transfer function နဲ့ jamming ရဲ့ spectrum နဲ့ ကိုတွဲကြည့်လိုက်ပါ။ ဘယ်လိုဖြတ်ထုတ် လိုက်သလဲဆိုတာ ရှင်းသွားပါ လိမ့်မယ်။


ပုံ(၅) transfer function of rejector filter and spectrum diagram of jamming


နောက်ပိုင်းကတော့ သိပ်ခက်ခက်ခဲခဲမရှိ တော့ပါဘူး။ ခါတိုင်းတွက်ထုတ်နေကြ ပုံစံအတိုင်းပါပဲ။ rejector filter ကထွက်လာတဲ့ signal ကို နှစ်ထပ်တင် ၊ channel နှစ်ခုမို့ ပြန်ပေါင်း ၊ square root ရှာ ၊ ထွက်လာတဲ့ signal ရဲ့ အင်နာဂျီကို integrator ကနေ အင်တီဂရိတ်လုပ်ပြီး သတ်မှတ်ထားတဲ့ threshold နဲ့ဖြတ် ။ ဒီလိုဖြတ်ကြည့်လို့ threshold ထက်ကျော်ရင် target ရှိတယ် ၊ မကျော်ရင် target မရှိဘူးပေါ့။ ဒါပါပဲ။ ပုံ(၆) မှာ သူ့ အမှတ်နဲ့သူထွက်လာမဲ့ signal တွေကိုဆွဲပြထားပါတယ်။ ဒီ moving target system against the background of passive jamming နဲ့ပတ်သတ်ပြီး calculation တွေ estimation အပိုင်းတွေလေ့လာလိုရင် ကျွန်တော့် ဂျီမေးလ်ကနေတဆင့် တောင်းယူနိုင်ပါတယ် ။ အဆင်ပြေပြေလေ့လာနိုင်ကြပါစေခင်ဗျာ…




ပုံ(၆) အမှတ်တစ်ခုချင်းဆီတွင်ထွက်သော signal ပုံစံများ

Sunday, May 24, 2009

A radar with moving target system against the background of passive jamming (1)


ပုံ(၁) blog diagram of a radar with moving target system


ကျွန်တော်တို့ passive jamming တွေရဲ့နှောင့်ယှက်မှုကိုပယ်ဖျက်နိုင်တဲ့ ရေဒါစနစ် တစ်ခုကိုအသေးစိတ်လေး လေ့လာကြည့်ရကြရအောင်။ transmitter ပိုင်းကတော့ ခါတိုင်းလိုပါပဲ။ သိပ်ထွေထွေထူးထူးမရှိပါဘူး။ အားလုံး သိထားကြတဲ့အတိုင်း master oscillator ဟာ radio frequency oscillation အတွက် အဓိက source ပါပဲ ။ ဒါကြောင့် master oscillator ကနေ ကိုယ်လိုအပ်တဲ့ stability ဖြစ်တဲ့ frequency ကို လိုအပ်တဲ့ range အတွင်းထုတ်ပေးပါလိမ့်မယ်။ synchronized လုပ်ချင်တဲ့ frequency ကိုရအောင် divisor ကနေလျော့ချ၊ Synchronizer ထဲကိုထည့်ပြီး စနစ်တစ်ခုလုံးကို synchronized လုပ်ထားပါတယ်။ master oscillator ကနေထုတ်ပေးလိုက်တဲ့ frequency ဟာ ကျွန်တော်တို့လိုအပ်တဲ့ RF မဟုတ်သေးဘူး ၊ အရမ်းနည်းနေသေးတယ် ဆိုရင် Multiplier အသုံးပြုပြီးကိုယ်လိုအပ်တဲ့ frequency ထိရောက်အောင် မြှင့်တင်ပေးပါတယ်။ ဥပမာ - ကျွန်တော်တို့ oscillator ကနေ 200 MHz လောက်ထုတ်ပေးတယ်ဆိုပါဆို့။ ကျွန်တော်တို့ လွှင့်မယ့် RF က 10 GHz လောက်ရှိတယ်ဆိုရင် အဆငါးဆယ်လောက်တင်လို့ရမယ့် Multiplier အသုံးပြုရမှာ ဖြစ်ပါတယ်။ ကိုယ်လိုအပ်တဲ့ frequency ရအောင်လုပ်တဲ့ နည်းလမ်းတွေအများကြီး ရှိပါတယ်။ mixer သုံးပြီး filter နဲ့ပြန်ဖြတ်ယူတာမျိုးလည်းရှိပါ တယ်။ ကိုယ်အသုံးပြုမယ့် frequency ရပြီးတဲ့နောက် modulation လုပ်ပါတယ်။ ထွက်လာတဲ့ modulated signal ရဲ့ ပါဝါကို power amplifier နဲ့တင်ပေးပြီး လွှင့်ထုတ်လိုက်ပါတယ်။ ဒါဆိုရင် transmitter အပိုင်းကိုအကြမ်းဖျဉ်း အနေနဲ့ ပြီးပြီလို့ ပြောလို့ရပါတယ်။


ဒီမှာကျွန်တော်တို့ အန်တန်နာ တစ်ခုပဲအသုံးပြုထားပါတယ်။ ဒီလိုဆိုရင် သေချာပေါက် antenna switch (antenna changer) ကိုအသုံးပြုရပါမယ်။ အန်တန်နာကို နှစ်ခုအသုံးပြုချင်ရင်လည်းဖြစ်ပါတယ်။ ဒါပေမယ့် အီကိုနော်မီအရ ဖြစ်နိုင်မယ်ဆိုရင် အန်တန်နာတစ်ခုပဲတပ်ဆင်ပြီး antenna switch ရဲ့အကူအညီနဲ့ transmitter တစ်လှည့် receiver တစ်လှည့် အသုံးပြုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်လို့ပြောရတာက တစ်ချို့ system မှာ အန်တန်နာနှစ်ခုကို သုံးမှကိုဖြစ်တာမျိုးလည်းရှိတတ်ပါတယ်။


Mixer 1 ကဘာလုပ်သလဲ။ ကျွန်တော်တို့ receiver ထဲမှာ radio frequency လောက်ကြီး မြင့်တဲ့ frequency နဲ့အလုပ် မလုပ်နိုင်ပါဘူး။ Mixer 1 က ကျွန်တော်တို့အလုပ်လုပ်မယ့် intermediate frequency ကိုလျော့ချပေးပါတယ်။ ဘယ်လိုလျော့သလဲဆိုရင် လွယ်လွယ် လေးပါ။ တကယ်က frequency Mixer ဆိုတာက multiplier တစ်ခုပါပဲ။ သူ့အလုပ်က frequency နှစ်ခုကိုမြှောက်မှာပါ။ ပြီးရင် အဲဒီနှစ်ခုရဲ့နှုတ်လဒ် ဒါမှမဟုတ် ပေါင်းလဒ်ကို filter နဲ့ဆစ်ထုတ်ပါတယ်။ အကြမ်းဖျဉ်းပေါ့နော်။ မြှောက်တယ်လည်းပြောသေးတယ် နှုတ်လဒ်တွေ ပေါင်းလဒ်တွေပြောနေတယ်ဖြစ်နေမလားမသိဘူး။ reference signal ကို phase တူတာပေးတာမို့ အဲဒါလေးတွေ ထွက်လာပါတယ်။ trigo အရပါ။ equation လေးကြည့်လိုက်ရင်ရှင်းသွားမှာပါ။ ၀ီကီပီးဒီးယား မှာရှင်းရှင်းလင်းလင်း ရေးထားပါတယ်။ http://en.wikipedia.org/wiki/Frequency_mixer ဒီလင့်လေးမှာဖတ်ကြည့်လိုက်ပါ။ ကျွန်တော်တို့အခု အခြေအနေမှာ ၀င်လာတဲ့ frequency က အမြင့်ကြီး။ လျော့ချရမယ်။ 10 GHz ၀င်လာတယ်ဆိုပါစို့ရဲ့။ ကျွန်တော်တို့က 500 MHz လောက်ထိလျော့ချမယ်ဆိုတော့ နှုတ်ပစ်ရမယ်။ 10 GHz ထဲက reference signal ကိုနှုတ်ရင် 500 MHz ရအောင်နှုတ်မယ်ဆိုတော့ reference signal ရဲ့ frequency က 9.5 GHz ရှိကိုရှိရမယ်။ အဲတော့ ကျွန်တော်တို့ Local oscillator ကနေ 9.5 GHz ရှိတဲ့ reference signal ကို Mixer 1 ထဲထည့်ပြီး ရတဲ့ frequency နှုတ်လဒ်ကို filter နဲ့ဆစ်ထုတ်လိုက်ရင်ရပြီပေါ့။ အဲဒီအလုပ်လုပ်မဲ့ frequency ကို intermediate frequency လို့ခေါ်ပါတယ်။ ဟုတ်ပါပြီ။ Mixer 1 ကတော့ဟုတ်ပါပြီ။ Mixer 2 နဲ့ 3 ကဘာလုပ်သလဲဆိုတာကို ဆက်လိုက်ကြရအောင်။ ကျွန်တော်တို့ transmitter ကနေထုတ်လိုက်တဲ့ signal ကသိပြီးသားဖြစ်လို့ (ကိုယ်လွှင့်ထုတ်လိုက်တာပဲ ၊ကိုယ်သိတာပေါ့ :) ) အဲဒါကို reference signal အနေနဲ့အသုံးပြုပါမယ်။ ဘယ်အကျိုးအတွက် ဘယ်လိုသုံးတယ်ဆိုတာ နောက်ပိုင်းဆက်ဖတ်ရင်း နားလည်လာပါလိမ့်မယ်။ အဲဒီ reference signal ရဖို့အတွက် transmitter ကထုတ်တဲ့ center frequency ကို Mixer 2 ထဲထည့်ပါတယ်။ Local oscillator ကနေလည်း IF frequency ရဖို့အတွက်နှုတ်ရမဲ့ frequency ကိုထည့်ပါတယ်။ ဒါဆိုခုဏလိုပဲ အလုပ်လုပ်မဲ့ intermediate frequency ရပြီပေါ့နော်။ ကွာခြားတာက ခုဏကောင်က reflection ဖြစ်ပြီးပြန်လာတဲ့ usefull signal ၊ ခုကောင်က အဲဒီ usefull signal ကနေ target ပါမပါ သိရအောင် operation လုပ်တဲ့အခါ သုံးမယ့် reference signal ပါ။ အဲတော့ usefull signal မှာ noise တွေပါလာမယ် ၊ doppler effect တွေပါလာမယ် ၊ target ရှိမရှိပါလာမယ်။ reference signal မှာတော့ဘာမှမပါဘူး။ လွှင့်ထုတ်လိုက်တဲ့ မူရင်းပုံစံမျိုးပဲရှိမယ်။ ဒါဆိုရင် Mixer 2 ကိုသဘောပေါက်လောက်ပါပြီ။ passive jamming လေးတွေကျလာတဲ့အခါ လေတိုက်နှုန်းကြောင့် အရွေ့ရှိပါမယ်။ အဲလိုရွေ့လို့ doppler effect သက်ရောက်ပါတယ်။ Mixer 3 ကတော့ အဲလိုဖြစ်ခြင်းကြောင့် usefull signal မှာပြောင်းလဲသွားမဲ့ frequency အတိုင်း reference signal ကိုလည်းလိုက်ညှိပေးတာပါ။ လုပ်ပုံလုပ်နည်းတွေကအတူပဲမို့ Mixer အကြောင်းနားလည် လောက်ပြီထင်ပါတယ်။ ကဲ…. Receiver ရဲ့အရေးကြီးတဲ့ အဓိကအပိုင်းကိုရောက်လာပါပြီ။ ဒီအပိုင်းကိုကျွန်တော် ဘလော့ဒ် တစ်ခုချင်းဆီရဲ့ output လေးတွေနဲ့ပါတွဲပြီးအသေးစိတ်ဖော်ပြချင်လို့နောက်ပို့စ် တစ်ခုအနေနဲ့တင်ပေးပါမယ်။ A radar with moving target system against the background of passive jamming (2) ဆိုတဲ့လင့်နဲ့ တင်ပါမယ်ခင်ဗျာ။

Monday, March 2, 2009

Signal processing algorithm against the passive jamming

passive jamming ရှိနေတဲ့ အခြေအနေမှာပဲဆက်စဉ်းစားကြမယ်နော်။ signal ရဲ့ parameter တွေ အားလုံးသိတယ်ဆိုပါစို့။ အဲဒီအခြေအနေမှာ optimal processing ကတော့ whitening filter နဲ့ matched filter ကို circuit မှာ series ချိတ်ပြီးထားတာပါပဲ။ ဒါဆို ဘာကြောင့်အဲလိုလုပ်ထားတာက optimal processing ဖြစ်ရသလဲဆိုတာသိဖို့လိုလာပြီပေါ့။ passive jamming တွေရဲ့ spectrum ကို ရှေ့ပို့စ်မှာ ကျွန်တော်ဆွဲပြထားပါတယ်။ Passive jamming ရဲ့ fluctuation spectrum ဟာ Gaussian curve ဖြစ်ပါတယ်။ white noise လို flat spectrum မဟုတ်ပါဘူး။ ကျွန်တော်တို့ရေဒါစနစ်တွေ အားလုံးမှာ white noise ကအမြဲရှိတာမို့ ရှိသမျှ detection စနစ်တွေကို white noise ကိုဆန့်ကျင်အောင် ဒီဇိုင်းဆွဲ ထားပါတယ်။ ဒီတော့ ကျွန်တော်တို့ရဲ့ passive jamming ရဲ့ sepctrum မှာသာ white noise မှာလို flat spectrum ရှိမယ်ဆိုခဲ့ရင် ဇာတ်လမ်းကအဲမှာတင်ပြတ်ပြီမဟုတ်လား။ အဲတော့ ကျွန်တော်တို့ passive jamming ရဲ့ sepctrum ကို flat spectrum ဖြစ်အောင်လုပ်ဖို့ လိုလာပါတယ်။ ရှင်းအောင်ပြောရရင် passive jamming ကို white noise ဖြစ်အောင်လုပ်တဲ့ သဘောပေါ့။ အဲလိုလုပ်ဖို့ whitening filter နဲ့ matched filter ကို circuit မှာ series ချိတ်ရတာပါပဲ။ ဒါပေမယ့် တကယ်တမ်း circuit တည်ဆောက်တဲ့အခါကျတော့ technology အခက်အခဲကြောင့် တည်ဆောက်ရတာအလွန်ခဲယဉ်းနေပါတယ်။ ကျွန်တော်တို့လိုအပ်တဲ့ frequency မှာဒီ filter တွေလုပ်ဖို့ဆိုတာအရမ်းခက်ခဲပါတယ်။ ဒါကြောင့် လက်တွေ့မှာ ဒီ optimal processing circult ကိုအသုံးမပြုပဲ quasi-optimal circuit ကိုပဲအသုံးပြုကြရပါတယ်။
quasi-optimal circuit ကိုဘယ်လိုတည်ဆောက် ထားလည်းဆိုတာ ကျွန်တော်ဆက်ပြောပါမယ်။ whitening filter ကို တည်ဆောက်ရာမှာ အကုန်အကျ အရမ်းများမှာဖြစ်တဲ့အတွက် အဲဒီ့ filter နေရာမှာ လိုအပ်တဲ့ frequency charicteristic ရှိတဲ့ rejector filter ကိုအသုံးပြုပါတယ်။ block schematic diagram of quasi-optimal detector ကို ပုံ (၁) မှာဖော်ပြထားပါတယ်။

ပုံ (၁) block diagram of quasi-optimal detector with coherent accumulative filter


ပုံ (၁) block diagram of quasi-optimal detector with coherent accumulative filter


Saturday, January 10, 2009

Intensity of passive jamming

Passive jamming တွေရဲ့ intensity ဟာ လှိုင်းအလျား ၊ signal ရဲ့ polarization ၊ ကျွန်တော်တို့ရေဒါနဲ့ jamming နဲ့ တည်ရှိနေတဲ့ angle၊ ပြီးတော့ passive jamming ရဲ့ ဓာတု - ရူပအရည်အသွေး ပေါ်မှာမူတည် နေပါတယ်။ ဒီ passive jamming တွေထဲမှာမှ ကျွန်တော်အခုအဓိက လေ့လာချင်တာက chaff cloud ( dipole ရှိသော သတ္တုချောင်းကလေး များ တိမ်တိုက်ကဲ့သို့ စုဝေး နေသော အစုအဝေး ) တွေအကြောင်းပဲ ဖြစ်ပါတယ်။ chaff jamming လို့လည်းခေါ်လေ့ရှိပါတယ်။ အဲတော့ chaff jamming တွေရဲ့ intensity ပေါ့ဗျာ။


Untitled


Chaff cloud ထဲမှာပါရှိတဲ့ dipole သတ္တုချောင်းလေးတွေဟာ λ/2 အလျား ရှိပါတယ်။ ဒီကောင်တွေအတွက် သီးသန့် calculation လုပ်မထားတဲ့ရေဒါမှာဆိုရင် အဲဒီ dipole လေးတွေတစ်ခုချင်းဆီဟာ ကျွန်တော်တို့ reciver မှာ target တစ်ခုချင်းဆီအနေနဲ့လာပေါ်အောင်အထိ သူ့ကိုထိမှန်ပြီးပြန်လာတဲ့ signal က strong ဖြစ်ပါတယ်။ အဲဒီလို λ/2 အလျားရှိတဲ့ dipole လေးတွေကို လေထဲကိုဖြန့်ကျဲပစ်လေ့ရှိပါတယ်။ ရေဒါကမဖမ်းမိစေချင်တဲ့ လေယာဉ်လာမဲ့လမ်းကြောင်းမှာပေါ့ဗျာ။ အဲလိုလုပ်လိုက်ရင် receiver မှာက တားကတ်တွေ အများကြီးကို ဖြစ်သွားရောဗျာ။ အဲဒီလိုဖြစ်သွားတဲ့ အခြေအနေမှာရေဒါတွေက တားကတ်ကို သီးခြားပြန်မြင်ရအောင် လုပ်ထားတဲ့စနစ်တွေရှိပါတယ်။ အဲဒီစနစ်တွေအကြောင်းကို ကျွန်တော် ရေးချင်လို့လည်းခုလို dipole လေးတွေရဲ့ intensity ကိုဘယ်လို တွက်လေ့ ရှိကြလဲ ဆိုတာကိုအရင်ပြောတာပါ။ dipole တစ်ခုရဲ့ scattering cross-section ဟာ


scattering cross-section of one dipole



Average angle အတွက်ကတော့

scattering cross-section for average angle



အဲတော့ dipole တစ်ခုချင်းဆီကနေမှတဆင့် dipole အရေအတွက်ကို သိမယ်ဆိုခဲ့ရင် dipole တိမ်တိုက်တစ်ခုလုံးမှာရှိတဲ့ dipole အားလုံးရဲ့ intensity ကိုတွက်လို့ရပါပြီ။

scattering cross-section for all dipole



η - dispersion factor
N – number of dipole

ဒါကတော့အရိုးရှင်းဆုံးတွက်တဲ့နည်းလမ်းလေးတစ်ခုပါပဲ။ဒုတိယ method လေးကတော့ dipole အချောင်းလေးတွေကို အထုပ်လေးတွေနဲ့ ထည့်လေ့ ရှိပါတယ်။အထုပ်တစ်ထုပ်မှာ dipole အရေအတွက် ငါးသောင်းကနေ တစ်သိန်းအတွင်းထည့်လေ့ရှိကြပါတယ်။ ငါးသောင်းကနေစလို့ ငါးသောင်း တစ်ထောင် ၊ငါးသောင်းနှစ်ထောင် အစရှိတဲ့အတိုင်း ထောင်ဂဏန်း အလိုက်တိုးတိုးသွားတတ်ပြီး အများဆုံးတစ်သိန်း အထိထည့်လေ့ရှိပါတယ်။ ဒီလို dipole ထည့်ထားတဲ့အထုပ်တွေ ကိုလေယာဉ်ပေါ်ကနေပစ်ချတာဖြစ် ပါတယ်။ ဒီလိုပစ်ချတဲ့အခါ ၁ ကီလိုမီတာကို ၁၀ ထုပ်ကနေ အထုပ် ၂၀ အထိချနိုင်ပါတယ်။ ဒါဆိုရင် ၁ ကီလိုမီတာကို dipole ဘယ်နှစ်ချောင်း ပစ်ချမလဲဆိုတာတွက်လို့ရပြီပေါ့နော်။ ဒါနဲ့တင်မပြီးသေးဘူးခင်ဗျ။ ပုံလေး ကြည့်လိုက်ပါအုံး။ ပြီးရင်ဆက်တွက်ကြတာပေါ့။
ကျွန်တော်တို့ ဒီ method မှာ dipole တွေရဲ့ intensity ကိုရှာမယ်ဆိုရင် range resolution ကိုပါ ထည့်စဉ်းစားရမှာဖြစ်ပါတယ်။ဆိုလိုချင်တာ ကတော့ ∆R တစ်ခုအတွင်းမှာရှိတဲ့ intensity ကိုပဲရှာတဲ့ သဘောပါပဲ။ ဒါကြောင့် formula မှာ ∆R ကိုပါထည့်မြှောက်ထားတာဖြစ်ပါတယ်။

asdf



M - Copy



M ကိုတော့ အထုပ်တစ်ထုပ်မှာပါတဲ့ dipole အရေအတွက်ရယ် ၁ ကီလိုမီတာ မှာပစ်ချတဲ့ အထုပ်အရေအတွက်ရယ် dispersion factor ကို မြှောက်ပြီးရှာရပါတယ်။

1324124


အကွာအဝေး များတဲ့အချိန်မျိုးမှာ ဒါနဲ့တင်လုံလောက်ပါပြီ။ ဒါပေမယ့် အကွာအဝေးနီးလာတဲ့အခါမှာတော့ ပုံမှာပြထားတဲ့အတိုင်း antenna ရဲ့ diagram ကျဉ်းလာတာကြောင့် ပိုပြီးရှုပ်ထွေးလာပါတယ်။ ပုံမှာ မျဉ်းစောင်းလေး တွေချယ်ထားတဲ့အပိုင်းကိုချန်ထားရမယ်လေ။


3



A – Antenna
pj – passive jamming
နောက်ထပ် method တစ်မျိုးကတော့ ၁ ယူနစ်ထုထည်မှာ dipole ဘယ်လောက်ပါသလဲဆိုတာမျိုးသိတဲ့အခြေအနေမှာတွက်ထုတ်ပါတယ်။ သူကတော့ antenna diagram နဲ့ range resolution တို့အတွင်း ထုထည်တစ်ခုအတွင်းမှာရှိတဲ့ dipole တွေရဲ့ intensity ကိုရှာဖွေ တွက်ချက်ခြင်းပဲဖြစ်ပါတယ်။ ရှင်းရှင်းလင်းလင်းမြင်စေဖို့အတွက် ပုံနဲ့ဖော်ပြ ထားပါတယ်။

စလင်ဒါ


ပုံမှာမြင်တွေ့ရတဲ့အတိုင်းကျွန်တော်တို့လိုအပ်တဲ့ ထုထည်ဟာ စလင်ဒါ ပုံသဏ္ဍာန်ဖြစ်နေပါတယ်။အဲဒီ့ထုထည်ကိုအရင်ရှာထားရပါမယ်။အဲဒီ နောက် ဒီ method ရဲ့ intensity ကိုရှာလို့ရပါပြီခင်ဗျာ။


formula

Sunday, January 4, 2009

Passive jamming

Disturbance ရှိတဲ့အခြေအနေမှာ ရွေ့လျားနေတဲ့ target ကိုရှာဖွေမှု ဟာ ရေဒါစနစ်တွေမှာ အရေးကြီးတဲ့ပြသနာတစ်ခု အဖြစ်တည်ရှိနေပါတယ်။ passive jamming ဆိုရင် ကျွန်တော်တို့ရေဒါမှာ ဒီကောင့်အတွက် calculation မပါပဲနဲ့ ဘယ်လိုမှ detect လုပ်လို့မရပါဘူး။ ဘာကြောင့်လဲ ဆိုရင် ဒီ passive jamming ကိုယ်တိုင်ကိုက target ကနေပြန်လာတဲ့ reflected signal လိုဖြစ်နေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရေဒါကနေ detection လုပ်လို့မရတော့ပါဘူး။ သူရှိတဲ့အခြေအနေမှာ ကျွန်တော်တို့ ရေဒါကနေ အမြဲတမ်း target ရှိနေတယ်လို့ပဲပြနေပါတော့တယ်။ ဒါကြောင့်သူ့အတွက် သီးသန့် calculation လုပ်ပေးရပါတယ်။



Characteristics of passive jamming

Passive jamming တွေကို သဘာဝအလျောက်ဖြစ်နေတာတွေနဲ့ လူတွေ က တမင်ဖန်တီးပြုလုပ်ထားတာတွေရယ်လို့ နှစ်မျိုးခွဲခြားလို့ရပါ တယ်။ ပထမအုပ်စုထဲမှာ မြေမျက်နှာပြင်၊ ရာသီဥတုကဖန်တီးသည့် အရာ ၀တ္တုများ ( မိုး ၊ နှင်း ၊ မိုးသီး ၊ မြူ ၊ တိမ်တိုက်များ ) ၊ insect အစုအဝေး ၊ ပျံသန်းနေသောငှက်များ၏တောင်ပံများ အစရှိတာတွေကနေဖြစ်လာတဲ့ reflected signal တွေပါဝင်ပါတယ်။ ဒုတိယအုပ်စုထဲမှာတော့ chaff cloud ( dipole ရှိသော သတ္တုချောင်းကလေးများ တိမ်တိုက်ကဲ့သို့ စုဝေး နေသော အစုအဝေး ) ၊ metal tape ၊ မြေပြင်ပေါ်မှကြီးမားသော အဆောက်အဦးများ အစရှိတာတွေကနေဖြစ်လာတဲ့ reflected signal တွေပါဝင်ပါတယ်။ ရွေ့လျားနေတဲ့ target ကနေပြန်လာမဲ့အသုံးဝင်တဲ့ signal နဲ့ Passive jamming ကနေပြန်လာမဲ့ noise တို့ရဲ့ frequency-time characteristic ကွဲပြားမှုရဲ့ calculation ပါဝင်တဲ့ processing unit ကို unit of moving-target indication လို့ခေါ်ပါတယ်။ Passive jamming ဟာ normal process ဖြစ်ပြီး သူ့ရဲ့ပျမ်းမျှတန်ဖိုးဟာ သုံညပဲ ဖြစ်ပါတယ်။ amplitude fast fluctuation ဖြစ်တဲ့အခြေအနေမှာ Passive jamming ရဲ့ fluctuation spectrum ဟာ Gaussian curve ဖြစ်ပါတယ်။


a



∆fp - level 0.5 မှာရှိတဲ့ jamming ရဲ့ bandwidth

energy spectrum


Sunday, November 23, 2008

Matched filter for single impulse

သူကတော့ matched filter တွေထဲကအခြေခံလည်းကျ အသုံးလည်းအများဆုံးတစ်ခုပါ။ matched filter ရဲ့ impulse response နဲ့ frequency response တွေပေါ်မူတည်ပြီး developed လုပ်ထားခြင်းဖြင့် ယနေ့ခောတ်အသုံးများနေတဲ့ matched filter မူခွဲလေးတွေကို ရရှိပါတယ်။ ကိုအံ့မင်းညိုလည်း အခြေခံတည်ဆောက်ပုံနဲ့ matched filter အကြောင်းလေးကို တင်ပြခဲ့ပြီးပါပြီ။ အဲဒီ့လို မူခွဲလေးတွေ တည်ဆောက်တဲ့ အခါမှာ integrator တွေ ၊ summator တွေ ၊ delay circuit တွေ အစရှိသဖြင့် အမျိုးမျိုးပါဝင်ကြပါတယ်။ တစ်ခုနဲ့တစ်ခု ကတော့ ပါဝင်တဲ့ element အစိတ်အပိုင်းလေးတွေ ကွဲပြားကြပါတယ်။ များသောအားဖြင့် ကတော့ matched filter တည်ဆောက်တဲ့ နေရာမှာ stub လေးတွေပါတဲ့ delay circuit ကိုသုံးကိုသုံးရပါတယ်။
ပုံ(၁-က)မှာ stub လေးတွေပါတဲ့ delay circuit ကိုသုံးပြီး matched filter ကို တည်ဆောက်ထားပါတယ်။ stub လေးတွေက ∆t နဲ့ကိုက်ညီအောင်ပြုလုပ်ထားပါတယ်။အဲဒီ stub လေတွေမှာ transmission coefficient g1,g2,…,gn (weighting coefficient) ရှိတဲ့ amplifier (သို့မဟုတ်) divisor တွေကို ချိတ်ဆက်ထားပါတယ်။ input 1 မှာ pulse duration ∆t နဲ့ unit amplitude ရှိတဲ့ rectangular impulse ၀င်လာတယ်ဆိုကြပါစို့။ဒါဆို output မှာ step function နဲ့ ထွက်လာပါတယ်။


အကယ်၍ ∆t ဟာ သုံညကိုသာချည်းကပ်သွားမယ်ဆိုရင် step curve ဟာ ချောမွေ့လာပါ လိမ့်မယ်။ ဆိုလိုချင်တာကတော့ဗျာ… အခု ∆t လေးဟာတန်ဖိုးတစ်ခုရှိနေတဲ့အတွက် output မှာ လှေကားထစ်လေးလိုဖြစ်နေတယ်မဟုတ်လား။ ∆t သာ သုံညကိုချည်းကပ်သွားရင် အဲဒိ အထစ်လေးတွေပြေပြစ်သွားမယ်ဆိုတာကိုပြောတာပါ။ပြီးတော့ u1 (t)/∆t ဟာ delta-function ဖြစ်သွားပါတယ်။အဲဒါတွေကြောင့် u(t) ဟာ ဒီ filter ရဲ့ impulse response g(t) ဖြစ်လာပါတယ်။ သူ့ရဲ့ discrete value တွေကတော့ g1 , g2 , … ဖြစ်ကြပါတယ်။ဒီလိုမျိုး filter ကို transversal filter လို့လည်းခေါ်လေ့ရှိပါတယ်။ဒီလို filter တွေအားလုံးကို ကျွန်တော်တို့လိုချင်တဲ့ signal ၊ တစ်နည်းအားဖြင့် ဖမ်းမိတဲ့ noise ရောနေတဲ့ signal ထဲကနေ အသုံးဝင်တဲ့ signal ရဲ့ ပုံသဏ္ဍာန် ကိုပြန်ဖော်တဲ့နေရာမှာ အသုံးပါတယ်။ အဲဒီ အတွက် weighting coefficient နဲ့ delay circuit ရဲ့အ၀င် input ကိုပြောင်းပြန် ပြောင်းပေးလိုက်ရုံနဲ့ပြီးပါတယ်။ ပုံ(၁)မှာ input 1 ကိုအသုံးပြုတဲ့အချိန် (weighting coefficient gk ဟာ g1 ကနေ gn ကိုတက်သွားတဲ့အချိန်) output မှာထွက်မဲ့ signal ကိုဖော်ပြထားပါတယ်။ အကယ်၍ rectangular impulse u1(t) ပဲဝင်လာတယ်ဆိုကြပါစို့။ ဒါပေမဲ့ input 1 ကနေ input 2 ကိုပြောင်းလိုက်မယ်ဆိုရင် ပုံ (၁-ခ) မှာဖော်ပြထားသလို ပထမထွက်နေတာနဲ့ ပြောင်းပြန်ထွက်လာတာကိုတွေ့ရပါတယ်။ output မှာကျွန်တော်တို့ ရရှိထားတဲ့ signal ရဲ့ duration (To=n∆t) ဟာ delay circuit ရဲ့ duration (Td=(n-1)∆t) နဲ့အနီးစပ်ဆုံးတူနေတာကိုသတိထားမိပါလိမ့်မယ်။



ပုံ(၁) matched filter with delay circults


Saturday, November 8, 2008

အီဂျစ်ပိရမစ်တွေဟာ Antenna တွေများလား ?

“အီဂျစ်ရှေးဟောင်းပိရမစ်တွေရဲ့လျှို့ဝှက်ချက်တွေထပ်မရှိနိုင်တော့ပါဘူး”လို့ antenna system ပိုင်းနဲ့ပတ်သတ်ပြီး discover လုပ်နေတဲ့ ရုရှသိပ္ပံပညာရှင် အန်ဒရယ်ယိ ဘယ်ဘီးစ်ကီ က အခိုင်အမာအတည်ပြုပြောဆိုလိုက်ပါတယ်။
http://www.pois.ru/tayna.htm


သိပ်ကြီးကျယ်ခမ်းနားပြီး ရှေးကျလှတဲ့အီဂျစ်ပိရမစ်တွေဟာ အလွန်ဝေးလံလှတဲ့ အာကာသ ဆက်သွယ်ရေးများအတွက် ရည်ရွယ်ထားပါတယ်လို့ အန်ဒရယ်ယိဘယ်ဘီးစ်ကီ က သက်သေပြသွားပါတယ်။ ဒီအမြင် ဒီရှူထောင့်ဟာ အသစ်မဟုတ်ပါဘူး။အရင့် အရင် တွေတုန်းကလည်း ဒီလိုစဉ်းစားတွေးခေါ်သွားကြတာတွေရှိခဲ့ပေမယ့် အန်ဒရယ်ယိ ကတော့ သိပ္ပံရှူထောင့်ကနေ အောင်အောင်မြင်မြင် ရှင်းလင်းပြနိုင်ခဲ့ပါတယ်။

အဆိုကြမ်းတွေကနေယေဘူယျလက်ခံထားတဲ့အတိုင်း၊ဒါမှမဟုတ် guide တွေရဲ့ ပြောကြားချက်တွေအတိုင်း၊ ဒါမှမဟုတ်အီဂျစ်မိရိုးဖလာကြားဖူးနားဝပြောကြဆိုကြတာ လေးတွေအတိုင်း အီဂျစ်ကိုသွားရောက်လည်ပတ်ဖူးသူတွေသာမကပဲ သွားရောက် မလည်ပတ်ဖူးသူပါ ဘာကြောင့်ဒီပိရမစ်တွေကို ဆောက်လုပ်ခဲ့ကြသလဲ ဆိုတာသိပြီး ဖြစ်ပါတယ်။ အီဂျစ်ဖာရိုဘုရင်တွေရဲ့အုပ်ဂူ သင်္ချိုင်းတွေဆိုတာ ဘယ်သူ့ မေးမေးသိပါ တယ်။ ဒါပေမယ့်အတွင်း တည်ဆောက်ပုံ တွေရဲ့လျှို့ဝှက်ချက်တွေကို ဘယ်သူကများ ဘယ်လို ဘာနဲ့ ဘာကြောင့် ဆိုတာမျိုးရှင်းပြခဲ့ကြလို့လား။သမိုင်းပညာ ရှင်တွေကော အတွေးခေါ်ပညာရှင်များပါ မသိချင်ယောင်ဆောင်နေရတဲ့လျို့ဝှက်ချက်တွေ အများ ကြီးပါ။ဥပမာ-ပိရမစ်အထဲက သစ်ကိုင်းများလိုခွဲဖြာသွားတဲ့ တစ်ချို့လှိုင်ဂူတွေရဲ့အဆုံး မှာဘာကြောင့်ဘာမှမရှိဘဲ အပိတ်တွေဖြစ်ပြီး အဓိပ္ပါယ်မရှိဖြစ်နေရတာလဲ။ အခေါင်းတွေကို ဖွင့်လိုက်တဲ့အခါဘာကြောင့်ဘာမှမရှိပဲဖြစ်ဖြစ်နေရတာလဲ။အစရှိတဲ့မေးခွန်း ပေါင်းမြောက်များစွာ နဲ့ရှူပ်ထွေးနေခဲ့ရပါတယ်။ဒါကို ရုရှနိုင်ငံ Research institute ( НИИ ) ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အန်ဒရယ်ယိ ဘယ်ဘီးစ်ကီ က အဖြေရှာ ခဲ့ပါတယ်။

သူက ဒီပိရမစ်တွေကို pyramidal antenna တွေရယ်လို့ခေါ်ဝေါ်သမုတ်ပါတယ်။ သူက pyramidal antenna တွေဟာ ရှိနေရုံသက်သက်တင်မဟုတ်ပဲ ယနေ့ခောတ် ခောတ်မှီတဲ့ parabolic antenna တွေရဲ့ transmitter , receiver တွေထဲမှာရှိတဲ့ parameter တွေတော်တော်များများနဲ့ ဆင်တူနေတာကိုတွေ့ရှိခဲ့ပါတယ်။ ဒီအပြင် အီဂျစ်ပိရမစ်တွေရဲ့အတွင်းတည်ဆောက်မှူ system တွေ ပစ္စည်းတွေကို သာမန် satellite တည်ဆောက်ပုံ နဲ့နှိုင်းယှဉ်ပြခဲ့ပါတယ်။သမိုင်းပညာရှင်များနားမလည်နိုင်ဖြစ် နေတဲ့ ပိရမစ်အတွင်းမှာရှိတဲ့ အခန်းဖွဲ့စည်းပုံတွေ ၊ ရုပ်အလောင်းများထည့်သော အခေါင်းတွေ ဘုရားကျောင်းဆောင်တွေနဲ့ တခြားဈာပနနှင့်ဆိုင်တဲ့ပစ္စည်းတွေဟာ တကယ်ပဲ waveguide တွေ၊ antenna stub တွေ ၊cavity resonator တွေ ၊ filter တွေ ၊ microwave frequency အတွက်အသုံးပြုတဲ့ element တွေ ရဲ့အရွယ်အစား သဘောတရားနဲ့ကွက်တိကျနေတာကို သက်သေပြခဲ့ပါတယ်။ဒီနေရာမှာ အီဂျစ် ရှေးဟောင်းပိရမစ် တွေနဲ့ ရှိသမျှ parabolic antenna တွေဟာ principal အရဘာမျှကွာခြားချက်မရှိ တော့တာကိုတွေ့ရပါတယ်။ဒီရှေးဟောင်း ပိရမစ်တွေမှာ electric power ၊ cable ၊ wier စတာတွေမပါရှိပဲ အာကာသမှာရွေ့လျားနေတဲ့ object တွေကိုရှာဖွေနိုင်ခဲ့လိမ့်မယ် ၊ radioelement တစ်ခုမှမပါပဲ electromagnetic wave လျှပ်စစ်သံလိုက်လှိုင်းတွေကို အသံအဖြစ် ပြောင်းလဲပေးနိုင်ခဲ့လိမ့်မယ်လို့ ရုရှ သိပ္ပံပညာရှင် အန်ဒရယ်ယိဘယ်ဘီးစ်ကီက ယုံကြည်ပါတယ်။


ဒီပိရမစ်တွေ ဟာ interplanetary communication တွေရဲ့အစိတ်အပိုင်းဖြစ်တယ်လို့ သူယုံကြည် ထားပါတယ်။ တခြားဂြိုလ်တစ်ခုခုပေါ်မှာလည်း ဒီပိရမစ်တွေနဲ့ အပြန်အလှန်ဆက်သွယ်နိုင် တဲ့ ခုလိုမျိုးအစိတ်အပိုင်းတွေရှိလိမ့်မယ်။ မားစ်ဂြိုလ်ထက်မနီးတဲ့အာကာသထဲကတစ် နေရာရာနဲ့ချိတ်ဆက်လို့ရတဲ့ antenna တစ်ခုကို ထူးချွန်ထက်မြက်လှတဲ့အင်ဂျင်နီယာ တစ်ယောက်က တိတိကျကျတွက်ချက်တည်ဆောက်ထားတာမျိုးပဲတဲ့။သူကတော့ ခုလိုတွေ့ရှိချက်ကိုတိတိကျကျတွက်ချက် ထုတ်ဖော်သက်သေပြသွားပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ကျွန်တော်ဖတ်ဖြစ်တဲ့ ရုရှဆောင်းပါးလေးတစ်ခုကို စိတ်ဝင်စား စရာလေးမို့ ဖော်ပြယုံသက်သက်ပါ။ စာဖတ်သူများ လွတ်လပ်စွာသဘော ထားကွဲလွဲခွင့်ရှိပါတယ်ခင်ဗျာ။ :P